ကျနော် မနေ.ညက ကိုကိုနဲ.အတူ လမ်းလျှောက်ထွက်ခဲ့တယ်..ည ၉နာရီဝန်းကျင်ဆိုတော့ လူသွားလူလာရှင်းတယ်လေ ..ကျနော်တို. ၂ယောက်ရှေ့က အဖွားအိုတယောက်ကတော့တုန်တုန်ရီရီနဲ. ခပ်သွက်သွက် လျှောက်လှမ်းနေပါတယ်..မီးပွိုင့်ရောက်တော့ သူမက ကျနော်တို.နဲ.ဆန်.ကျင်ဘက်
လမ်းကို ကူးဖို. ပြင်ရင်းကျန်ခဲ.လေရဲ...ကျနော်တို.လမ်းကူးပြီးလို. တဖက်ပလက်ဖောင်းအရောက်မှာ အနောက်လှည့်ကြည့်လိုက်ရာ မထင်မှတ်ပဲ အဖွားအိုက ကျနော်တို.ဘက်အခြမ်းကို လမ်းကူးလာရင်း သူမနောက်ကျသွားပါပြီ..မီးပွိုင့်စိမ်းသွားလေပြီ သူမနောက်ပြန်ဆုတ်လို.လည်း မရတော့ပါ..ရှေ့တို.ရန်လည်းမဖြစ်နိုင်တော့ပါ ...
" ကိုကို အဖွားကြီးကိုသွားကူညီပါအုံး..ဒီကိုခေါ်လာခဲ့..."
အဖွားအိုက လူကူမျဉ်းကြားကနေသွေဖယ်ပြီး ကားလမ်းမကနေဖြတ်ကူးနေပါတယ်..ကားတွေကလည်း မောင်းရမလိုလို ရပ်ရမလိုလိုနဲ.ဖြစ်ကုန်ပါတယ်..ကျနော်စိတ်မရှည်ပါ ကိုကိုဘာသွားလုပ်နေသလဲ မြန်မြန်ဆွဲပြီး ကားလမ်းကူးလိုက်ပါလား.. ကိုကိုကလမ်းလည်ကနေ ကားတွေကို လက်ပြတားထားပါတယ်..အဖွားအိုက ပလက်ဖောင်းပေါ်ရောက်သွားပါပြီ ဒါပေမယ့် ကျနော်တို.သူမကိုစိတ်မချပါ..သူမနောက်ကနေဖြည်းဖြည်းချင်း လိုက်ခဲ့ရာ နောက်မီးပွိုင်းတခုအရောက် သူမကလမ်းဖြတ်ကူးရာ ကိုကိုကတော့ကားတွေကို ကြည့်ထားပေးရတာပေါ့..သူမဘာလုပ်တယ်လို.ထင်သလဲ လမ်းတ၀က်ကနေလာရာလမ်းကို ပြန်လျှောက်လာတယ် လမ်းမပေါ်ကနေလျှောက်တာနော်...ကျနော်တို.တွေ စိတ်ပူသွားကြရင်း
" ဟိုမှာ မီးသတ်ကလူတွေရှိတယ် ကိုကိုသွားခေါ်လိုက်ဦးမယ်..အဖွားကြီးကို ကြည့်ထားနော်."..ကိုကိုကအပြေးတပိုင်းနဲ. မီးသတ်ဝန်းရှိရာကိုသွားနေတုန်း ကျနော်ကတော့ အဖွားကြီးရဲ.နောက်ကနေလိုက်နေရတုန်းပဲ...အဖွားအိုက လမ်းမပေါ်ကနေ ပလက်ဖောင်းပေါ်တက်ပြီး ခဏ ဖြုံးကနဲလဲကြသွားရာ ကျနော်အပြေးရောက်သွားရောက်သွားပြီး ဖေးမလိုက်ရာ
" ဟဲ့..ငါ့ကိုဖြေးဖြေးကိုင်ပါ......"...(နောက်ထပ်စကားတွေကိုကျနော်မမှတ်မိပါ )သူမအသံကခြင်္သေ့တကောင်အသံလိုဟိန်းထွက်လာပါတယ်..ကျနော်မထင်မှတ်ပါ သူမလိုအဖွားအိုတဦးထံကတုန်.ပြန်မှုက ပြင်းထန်လှပါတယ်..မီးသတ်သမားတွေလည်း အပြေးလေးရောက်လာရင်းသူမကို မေးကြမြန်းကြရာ သူမအကုန်မှတ်မိပါတယ်..ကျနော်သူမအနားကနေ မခွာနိုင်သေးပါ သူမနောက်တကြိမ်လဲမကျသွားစေဖို. သူမနောက်ကျောကို ကျနော်ဖေးမထားလို.ပါပဲ..သူမက မီးသတ်သမားတွေကိုလည်း အော်လိုက်ပါသေးတယ်...သူမထိုင်နိုင်တဲ့အချိန်မှာ ကျနော်တို.အိမ်ကိုပြန်လာခဲ့ရင်း
" ကိုကို ဘာလို.အဖွားကြီးကို ငါ့ဘက်ခေါ်မလာတာလဲ" ..." ငါလည်းခေါ်လာမလို.ပါ.သူကငါမေးတာလည်းမဖြေဘူး ငါကူညီမလို.ပါပြောတော့ ငါ့ကိုအော်တယ်ဟ" .." သြော်.".ကျနော်တွေးစရာရသွားပါပြီ..သူမအသက်က( ၈၀ )
ဝန်းကျင်ဆိုတော့ အိမ်မှာနေသင့်တဲ့အရွယ်ပါ..ဒီအချိန်ကြီးမှာ အပြင်ကိုဘာထွက်လုပ်သလဲ..မိသားစုကရောမသိဘူးလား..မြန်မာအဖိုး အဖွားတွေက ကံကောင်းကြပါတယ်..အသက်လေး၆၀ ကျော်လာရင် အိမ်မှာပဲ ဘာမှလုပ်စရာမလိုဘူး...နိုင်ငံခြားမှာတော့ ကိုယ့်အောက်စီဂျင်ဘူးကိုယ်သယ်ပြီး ပိုက်တန်းလန်းနဲ.ဈေးဝယ်နေတာ..အိုကြီးအိုမနဲ. အလုပ်လုပ်နေကြ သွားလာနေကြရတာ ထမင်းတလုတ်အတွက်လုပ်နေကြရာတာတွေ ကျနော်နေ.တိုင်းတွေ.ရတာ စိတ်မသက်သာပါဘူး...အကယ်၍ ကျနော်အသက်ကြီးလာပါက မြန်မာပြည်ပြန်ပြီးအေးအေးဆေးဆေး ရွာလေးတရွာမှာ နေဖို.ဆုံးဖြတ်ထားပါတယ်...ဘယ်လိုနည်းနဲ.မှနိုင်ငံရပ်ခြားမှာ အသက်မကြီးချင်ပါဘူး...နိုင်ငံခြားဆိုတာ ကျနော့်အတွက်တော့ မသေမချင်းအကြွေးဆပ်နေရတဲ့နေရာလို.ထင်ပါတယ်..အဲဒါကအမှန်တရားပါ...
အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...
2 comments:
ပြောရရင် နိုင်ငံခြားမှာက ရုပ်ဝါဒီတွေပဲထွန်းကားတွင်ကြယ်
နေတာတွေ့ ရပါမယ်။တနည်းပြောရရင်...နောက်ဆုံးထွက်
သက်အထိလုပ်စရာအလုပ်တွေများလွန်းလို့ အလုပ်တွေပိရင်း
အလုပ်လုပ်ရင်းတိုက်ပွဲတွေဝင်ရင်းဘဝကိုအဆုံးသတ်သွား
ကြတဲ့ သဘောပေါ့နော်။ကျွန်တော်တို့ ဆီမှာက အိုတဲ့ လူ
မပြောနဲ့ ပျိုနေတဲ့ လူတွေတောင်အလုပ်ရှားနေတာကိုး...။
တစ်ယောက်ရှာရင်နွေးနွေးထွေးထွေးနဲ့ အကုန်လုံးဝိုင်းစားပဲ။
လာလည်ပါအုံးဗျ။
ဟုတ်ပါ့ဗျာ ဒီနိုင်ငံမှာလဲ အဲလိုပါပဲ.... သူတို့မှာ မြေးတွေမြစ်တွေရှိနိုင်ပေမယ့် သူတို့အဖော်က ခွေးကလေးတွေဖြစ်နေကြတယ် ခွေးကလေးကြိုလေးချည်ပြီး လမ်းလျောက်နေကြတာက အဖွားတွေ အဘိုးတွေပါပဲ။ ဈေးသွားကြတဲ့ အဖွားတွေလဲ တုန်တုန်ရီရီနဲ့ ဈေးသွားနေကြတာ မြင်ရတယ်ဗျာ။ ဒါကိုကြည့်ပြီး မြန်မာပြည်မှာ လူဖြစ်ရတာ ဘယ်လောက် ပြီးပြည့်စုံသလဲလို့ တွေးမိပါတယ်ဗျာ
Post a Comment