ဒီဇင်ဘာရယ် အေးချမ်းလှတဲ့..ည .အ.ချိန်ခါ..
နေရာတကာမှာ နှင်းဖွေးဖွးတွေကျနေတာ
အမှောင်ကိုဖယ်ကာ လောကထဲကို အလင်းဆောင်လာ
ကယ်တင်ရှင်ဟာ မွေးဖွားခဲ့ပြီကွယ်...
ချစ်ဆွေရယ် ၀မ်းမြောက်စွာ တေးဆိုမယ် ..
(ဟာမိုနီ) တေးဆိုမယ်...
ဘုရားဂုဏ်တော် ချီးမွမ်းကာမြူးပျော်မယ်..
(ဟာမိုနီ)မြူးပျော်မယ်..
ချစ်ဆွေရယ်စိတ်ညစ်စရာဘေးကိုဖယ်
(ဟာမိုနီ)ဘေးကိုဖယ်..
ဘုရားရှင်တော်မွေးနေ.မှာကွယ်...ဘုရားရှင်တော်မွေးနေ.မှာကွယ်...
နေရာတကာမှာ နှင်းဖွေးဖွးတွေကျနေတာ
အမှောင်ကိုဖယ်ကာ လောကထဲကို အလင်းဆောင်လာ
ကယ်တင်ရှင်ဟာ မွေးဖွားခဲ့ပြီကွယ်...
ချစ်ဆွေရယ် ၀မ်းမြောက်စွာ တေးဆိုမယ် ..
(ဟာမိုနီ) တေးဆိုမယ်...
ဘုရားဂုဏ်တော် ချီးမွမ်းကာမြူးပျော်မယ်..
(ဟာမိုနီ)မြူးပျော်မယ်..
ချစ်ဆွေရယ်စိတ်ညစ်စရာဘေးကိုဖယ်
(ဟာမိုနီ)ဘေးကိုဖယ်..
ဘုရားရှင်တော်မွေးနေ.မှာကွယ်...ဘုရားရှင်တော်မွေးနေ.မှာကွယ်...
ဒီခရစ္စမတ်သီချင်းတွေဆိုပြီး ဘုရားရှင်ရဲ.မွေးနေ.ရောက်ပြီလို. သတင်းကောင်းတွေပါးခဲ့ကြတာသန်လျင် စိန်ဖရန်.စစ်ဇေးဗီးယား ဘုရားကျောင်းက လူငယ်အဖွဲ.တွေပါပဲ...စက်တင်ဘာလလောက်ကနေစပြီး သီချင်းတွေရှာကြ သီချင်းတွေတိုက်ကြနဲ. တကယ်ပျော်စရာကြီးပါ...ဖိတ်စာဖိတ်တဲ့သူတွေကလည်း အိမ်တွေကိုလိုက်ပြီးဖိတ်စာဝေနေပြီ..ဘယ်နေ.ည သီချင်းလာဆိုကြမယ်ပေါ့...
သီချင်းစဆိုတဲ့ညမှာတော့ တက်ကြွလိုက်ကြတာလူတွေအများကြီးပဲ..ညနက်လေ သီချင်းဆိုတဲ့သူနည်းလေပဲ အိပ်ချင်လို.နီးစပ်ရာ အမျိုးအိမ်မှာနေခဲ့တဲ့သူနဲ. ကားပေါ်မှာအိပ်နေခဲ့တဲ့သူနဲ. လူ၁၀ယောက်ပြည့်အောင်မနည်းနိုးနေရတယ်...သီချင်းဆိုဖို.အတက်ကြွဆုံးသူကတော့ ကျနော်ပါပဲ အသံကောင်းလွန်းလို. မဟုတ်ပါဘူး ဆိုချင်လွန်းလို.ပါ. ဂစ်တာတီးတာကတော့ကျနော့်သူငယ်ချင်းပါ...သီချင်းဆိုပြီးရင် အိမ်ရှင်တွေကမုန်းတွေကျွေး သကြားလုံးတွေ လိမ္မော်သီးတွေပေးနဲ. ကျနော် အရမ်းပျော်ခဲ့ပါတယ်...
အဲဒိလို ပျော်စရာရက်တွေကကျနော်နဲ. ကျနော့်သူငယ်ချင်းဂစ်တာသမားဆီကို ဘယ်တော့မှရောက်လာတော့မှာ မဟုတ်ပါဘူး..နှစ်သစ်ရဲ.ဒီဇင်ဘာအသစ်ကိုမရောက်ခင်မှာပဲ ကျနော့်သူငယ်ချင်း က ဆုံးသွားရှာတယ်...ကျနော်ကလည်း မြန်မာပြည်နဲ.ဝေးရာမှာ ကျနော်ခရစ္စမတ်သီချင်းသံတွေ မကြားရတော့ပါဘူး...တနင်္ဂနွေတိုင်း ဘုရားကျောင်းမှာ အသံဗြဲနဲ.ဆိုခဲ့ ဘုရားသီချင်းတွေတောင်မှ ခုဆို အသံထွက်ရုံလေးပဲ ဆိုရတော့တယ်..ကျနော်က နေရာဒေသအလိုက် သရုပ်ဆောင်နေပေမယ့် ကျနော့်စိတ်တွေကမွန်းကြပ်လှပါတယ်.. အချစ်နဲ.ဒီဇင်ဘာကို မလဲနိုင်သရွှေ. ပျော်စရာခရစ္စမတ်ဆိုတာလည်း ရှိနိုင်မယ် မထင်တော့ပါဘူး...
အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...
အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...
1 comment:
သူငယ်ချင်း ဆိုတာ ချစ်သူ လို့ ထင်ပါတယ်နော်..၊
ချစ်သူ သူငယ်ချင်းက ဆုံးသွားလို့  ကိုယ့် ကို စွန့် ခွာ
သါားပေမဲ့  သူနဲ့  ဆုံနေကျ ဒီဇင်ဘာ ကတော့ 
အမြဲတနး ကိုယ့် အနား မှာ ရှိရှိ နေမှာ အသေချာမို့ 
သစ်သစ်သွားတဲ့ နှစ်တိုင်း မှာလဲ ဟောင်းသွားတော့ 
မဲ့  သူ့ အတွက် အချစ်တွေကို အသစ်အသစ် တွေ အမြဲ
တန်းပဲ ဖြစ်ဖြစ်ပေးနေဖို့  လိုပါတယ်..လို့ ။
Post a Comment