Virus ကင်းရှင်းကြောင်း

Virus ကင်းရှင်းကြောင်း
virus ကင်းနယ်မြေ

Wednesday, October 28, 2009

ဒေ၀ါလီပွဲ

တနင်္လာနေ.က ကျနော်တို. ဟိုနိုလူလူကျွန်းမှာ ဒေ၀ါလီပွဲလုပ်ကြတယ်..ကျနော်လည်း ရန်ကုန်ကချစ်တီးထမင်း ဟင်းကိုလွမ်းတာနဲ. လက်မှတ်တစောင် ဒေါ်လာ၂၀ ပေးဝယ်ပြီး သွားလိုက်တယ်..အကုန်လုံးလိုလို ဟိန္ဒူ အိန္ဒိယတွေဆိုတော့ အိန္ဒိယ၀တ်စုံတွေပဲဝတ်ကြတယ်..သူတို.ရဲ.မိသားစုဝင် လူမျိုးခြားတွေတောင် အိန္ဒိယ၀တ်စုံပဲဝတ်ကြတယ်..ကျနော်တောင် နောင်နှစ်အတွက် အိန္ဒိယ
ဝတ်စုံတစုံလောက် ၀ယ်ဖို.စိတ်ကူးထားတယ်.. ပထမဆုံး အကတွေ ပြဇာတ်တွေနဲ. ဖျော်ဖြေတယ် ပြီးမှ ထမင်းစားဖို.တန်းစီရတယ်..တန်းစီတဲ့နေရာမှာလဲ ကလေးတွေနဲ. အသက်ကြီးတဲ့သူတွေရယ် ကလေးငယ်ပါတဲ့မိသားစုတွေရယ် အရင်ဆုံး တန်းစီပြီး ၀င်ကြရတယ်..သူငယ်ချင်းတို.အတွက် ဗီဒီယိုရိုက်လာပါတယ်..ဒါပေမယ့် ၁ကားပဲ ဒေါင်းလော့ခ်လုပ်တယ် ကျန်တာတွေကမလုပ်ဘူး .အဲတော့ ရှိတဲ့
၁ကားပဲကြည့်ပြီး စားလိုက်ပါဦးနော်..





အချိုပွဲက မလိုင်လုံးနဲ. ရွှေချည်ကျွေးတာ...



အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...