Virus ကင်းရှင်းကြောင်း

Virus ကင်းရှင်းကြောင်း
virus ကင်းနယ်မြေ

Thursday, September 3, 2009

ကြီးမားဆုံးမေတ္တာ..၂

"အို..ကျေးဇူးတင်လိုက်တာ "
သူနာပြုကပြင်သစ်ဘာသာစကားဖြင့် ပြောပြီး
" မင်းနာမည် ဘယ်လိုခေါ်လဲ " ဟုဆက်မေးလိုက်ရာ " ဟန် " ဟု အဖြေထွက်လာပါသည် ။
သစ်သားစင်ပေါ်သို. ဟန်ကိုအမြန်တင်ပြီး သူဧ။်လက်မောင်းကို အရက်ပြန်ဆွတ်ကာ သွေးကြောအတွင်းသို.အပ်တချောင်း ထိုးသွင်းလိုက်ပါသည် ။ သွေးထုတ်ယူနေစဉ်တချိန်လုံး ဟန်သည် ကိုယ်ကိုတောင့်ကာ ငြိမ်သက်နေခဲ့ပါသည် ။အတန်ကြာသောအခါ ရှိုက်သံတခုထွက်ပေါ်လာပြီး ဟန် သည် လွတ်နေသော အခြားလက်တဖက်ဖြင့် မျက်နှာကိုအုပ်ထားလိုက်ပါသည် ။
" နာနေသလား ဟန်" ဟုဆရာဝန်ကမေးရာ မနာကြောင်း ဟန် က ခေါင်းရမ်းပြသည် ။သို.သော်မိနစ်အနည်းငယ် အတွင်းရှိုက်သံပေါ်ထွက်လာပြန်ရာ ဟန်က ငိုနေသည်ကိုဖုံးကွယ်ရန်ကြိုးစားခဲ့ပါသည် ။ ဆရာဝန်က" နာသလား "ဟုမေးပြန်ရာ ဟန်က ခေါင်းရမ်းပြလိုက်ပါသည် ။သို.သော် တခါတရံ ထွက်ပေါ်လာသော ရှိုက်သံများကြောင့် ဟန်တယောက် မျက်လုံးစုံမှိတ်ကာရှိုက်သံမထွက်စေရန် ပါးစပ်ကိုလက်သီးနဲ.ပိတ်ဆို.ထားလိုက်ပါသည် ။
ဆေးကုသနေသူများသည် တခုခုမှားနေပြီဖြစ်ကြောင်းသိလိုက်ရသည့်အချိန်တွင် အကူအညီပေးရန် ဗီယက်နမ်သူနာပြုဆရာမ တယောက်ရောက်လာပါသည် ။ကလေးငယ်ဧ။် သောကမျက်ရည်များကို မြင်လိုက်သောအခါ ဗီယက်နမ်စကားဖြင့်မေးမြန်းလေသည် ။အချိန်အနည်းငယ်အကြာ ကလေးမှာ အငိုတိတ်သွားပြီး သူဧ။်မျက်နှာတွင် ကျေနပ်ဝမ်းမြောက်မှုများပြည့်ဝနေလေသည်။ဗီယက်နမ်သူနာပြုမလေးသည် အမေရိကန်များအား ကောင်လေးက "သူသေတော့မယ်လို.ထင်နေတာ..ဟိုကလေးမလေးမသေအောင် သူ.ရဲ.သွေးတွေကိုအကုန်ပေးလိုက်ရလိမ့်မယ်လို. ထင်နေရှာတာ .."
ရေတပ်သူနာပြုက "ဒါဖြင့် ဘာကြောင့်သွေးလှုဖို.ဆန္ဒရှိရတာလဲ.."
ဗီယက်နမ်သူနာပြုက ကလေးအား ထိုမေးခွန်းကို ဘာသာပြန်ပေးလိုက်ရာ "သူ ( ကလေးမ ) ကကျတော့်သူငယ်ချင်းလေ" ဟုပြန်လည်ဖြေကြားလာပါတယ်..
မိမိဧ။်မိတ်ဆွေသူငယ်ချင်းများအတွက် အသက်အသေခံချင်းထက် အခြားကြီးမားသောချစ်ခြင်းမေတ္တာမရှိတော့ပေ ။


အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Tuesday, September 1, 2009

ကြီးမားဆုံးမေတ္တာ.. ၁

မည်သည့်အရာကို ပစ်မှတ်ထားသည်ဖြစ်စေ ယခုတော့ ဒုံးကျည်များသည် သာသနာပြုအဖွဲ.ငယ်တဖွဲ.က ဦးစီးဖွင့်လှစ်ထားသော မိဘမဲ့ဂေဟာပေါ်သို. ကျရောက်ပေါက်ကွဲခဲ့ပါသည် ။ သူနာပြုများနဲ. ကလေးသူငယ်တစ်ဦး နှစ်ဦးသေဆုံးပြီး ၈နှစ်အရွယ်မိန်းကလေး တဦးအပါအ၀င် ကလေးတော်တော်များများ ထိခိုက်ဒဏ်ရာများရရှိခဲ့ပါတယ် ။
ရွာသူရွာသားများက အမေရိကန်ဆေးတပ်ဖွဲ.များနဲ. အဆက်အသွယ်ရှိတဲ့ အခြားနီးစပ်သော ရွာတရွာကို ဆေးဝါးအကူအညီတောင်းခံခဲ့သည် ။ ထိုမေတ္တာရပ်ခံချက်အရ အမေရိကန်ရေတပ် ဆရာဝန်တဦး နဲ. သူနာပြုတဦးတို.က မိမိတို.ဧ။်ဆေးဝါးသေတ္တာကိုဆွဲကာ ဂျစ်ကားတစီးဖြင့် ရောက်ရှိလာပါသည် ။ ၈နှစ်အရွယ်မိန်းကလေးသည် အသက်အန္တရာယ် စိုးရိမ်ရဆုံးသော ထိခိုက်မှုများရရှိခဲ့ကြောင်း ဆရာဝန်က စစ်ဆေးတွေ.ရှိပြီး လျင်မြန်စွာကုသခြင်းမပြုပါက ကလေးမှာ သွေးလွန်ဆုံးရှုံးခြင်းနှင့် ထိတ်လန်.ခြင်းတို.ကြောင့်သေဆုံးနိုင်ပါသည် ။
ဆရာဝန်က အင်္ဂံလိပ်စကားရောထွေးနေသော ဗီယက်နမ်စကားဖြင့်၎င်း ၊ သူနာပြုကလည်း အထက်တန်းကျောင်းမှာသင်ခဲ့တဲ့ တတ်သမျှ ပြင်သစ်စကားနဲ. ကလေးအတွက် လိုအပ်တဲ့သွေးကို မရပါက ကလေးမှာသေဆုံးသွားမည်ဖြစ်ကြောင်း ၀ိုင်းကြည့်ရှုနေသူများကို သဘောပေါက်အောင်ကြိုးစား ရှင်းလင်းနေကြပါတယ် ။ အဲဒိနောက် ဆန္ဒရှိပါကသွေးလှုနိုင်ကြောင်း ပြောဆိုမေးမြန်းစုံစမ်းလျက်ရှိပါတယ် ။

ဆရာဝန်နဲ.သူနာပြုတို.ရဲ.မေတ္တာရပ်ခံချက်ကို ဆိတ်ငြိမ်ကာ ပြူးကြောင်သော မျက်လုံးများက တုံ.ပြန်လာပါတယ် ။ အတန်ကြာတဲ့အခါ သေးငယ်တဲ့လက်တချောင်း မြောက်တက်လာပြီး တဖန်ပြန်ကျသွားကာ နောက်တဖန် ပြန်မြောက်တက်လာပါတယ်...



**အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်... :)

Monday, August 31, 2009

မိတ်ဆက်

ကျနော့် အိမ်လေးကနေ သူငယ်ချင်းအားလုံးကို ခင်မင်စွာ ကြိုဆိုပါတယ်..