Virus ကင်းရှင်းကြောင်း

Virus ကင်းရှင်းကြောင်း
virus ကင်းနယ်မြေ

Saturday, December 25, 2010

Merry Christmas & Happy New Year










ကျနော်ဘလောဂ်နဲ.ဝေးနေတာကြာလို. ဘာရေးလို.ရေးရမှန်း သိတော့ဘူး...သူငယ်ချင်းတို.ကို ဒီချစ်စရာပုံလေးတွေနဲ.ပဲ နှုတ်ဆက်တယ်နော်..
အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Monday, November 1, 2010

မြန်မာပြန်လက်ဆောင်

မက်မွန်ပေါင်း
ပင်စိမ်းသီးပေါင်း

သင်္ဘောဇီးဖြူသီးပေါင်း


ပျားရည်မက်ခေါက်ပေါင်း








မြန်မာပြန်လက်ဆောင် မက်မန်းပေါင်း....
အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Sunday, October 24, 2010

ကျနော်ပြန်လာကတည်းက အလုပ်တွေရှုပ်. စိတ်တွေရှုပ်နေတဲ့အတွက် အသစ်မတင်နိုင်တာ တောင်းပန်ပါတယ်..ကျနော်အသစ်မတင်ပေမယ့်လည်း လာလည်ကြတဲ့သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်..

အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Friday, June 18, 2010

ခဏတာနှုတ်ဆက်ခြင်း

မြန်မာပြည်ကို သွားရတော့မယ်လို.သိကတည်းက ကျနော်ပျော်နေတာပါ...လေယာဉ်လက်မှတ်ကို အွန်လိုင်းကနေရှာကြည့်တော $၂၀၀၀ ကျော်တယ်.စိတ်ဓာတ်က ကျချင်ချင်တောင်ဖြစ်သွားသေးတယ်..အေးဂျင့်ဆီသွားတော့မှ ၁၀၀၀ ကျော်နဲ.ရတယ်..လက်မှတ်ကတော့အဆင်ပြေသွားပြီ...ကျနော့်ပတ်စပို.လေး က ရက်ကျော်နေတာ မနေ.ကမှတနှစ်ပြည့်သွားတယ် သက်တမ်းတိုးဖို. ဒီနေ.၀ါရှင်တန်ကသံရုံးကို ဖုန်းခေါ်လိုက်တော့ ရုံးဆင်းသွားကြပြီ..ကျနော် ၁၅မိနစ်လောက်နောက်ကျသွားပါတယ်..စနေ.တနင်္ဂနွေဖွင့်မယ်လို.တော့မထင်ပါဘူး...တနင်္လာနေ.ထိစောင့်ရမှာပေါ့...အဲဒါကဘယ်လောက်ကြာမယ်မသိ..ဘာပဲပြောပြော ကျနော့်လက်ထဲ လေယာဉ်လက်မှတ်ရောက်နေပြီ မနက်ဖြန်ကစပြီးအထုပ်ပြင်ရပြီပေါ့...သူငယ်ချင်းရောင်းရင်းတွေအတွက်လည်း လက်ဆောင်လေးတွေဝယ်ရဦးမယ်...ကျနော် အိပ်လို.လည်းမပျော်ဘူး....ခေါင်းတွေလည်းကိုက်လို. လေယာဉ်ပေါ်မရောက်မချင်း အဲလိုပဲဖြစ်မယ်ထင်ပါတယ်..ကျနော့ရဲ.ခရီးစဉ်မှာ တိုင်ပေမှာညအိပ်ပါမယ်(မနက်ပိုင်း ရောက်ပြီး နောက်နေ.မနက်လေယာဉ်နဲ. ရန်ကုန်ဆင်းပါမယ်.)..စင်္ကာပူတို. ထိုင်းတို.က သူငယ်ချင်းတွေကိုတွေ.ချင်ပါတယ်..နောက်များမှသတ်သတ်လာလည်မယ်နော်..လာလည်ဖို.ဖိတ်တာလည်းကျေးဇူးပဲနော်..ဘလောဂ်ရေးတဲ့သယ်ရင်းတို.ထဲမှာ တိုင်ပေမှာနေတဲ့သူများရှိရင် ကျနော် တွေ.ဖူးချင်ပါတယ်..စိတ်ဝင်စားမယ်ဆိုရင် ဖုန်းနံပါတ်ဖြစ်ဖြစ် အီးမေးလ်ဖြစ်ဖြစ်ရေးခဲ့စေချင်ပါတယ်..
ကျနော့ဘလောဂ်ကို ပြန်လာမှပဲ ရေးဖြစ်တော့မှာပါ..သွားဖို.ကတော့ တလလောက်ကျန်ပါသေးတယ်..ကျနော်မရေးပေမယ့် သူငယ်ချင်းတို.အိမ်တွေကိုတော့ လိုက်လည်ဖြစ်မှာပါ..
******ကျနော့်မွေးနေ.July 28 ကိုတော့ ရန်ကုန်မှာပဲရှိနေမှာပါ**********

အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Monday, June 14, 2010

အမိမြေသို.ပြန်လာမည်...

ကဲ....ဘလော.ဂ်က သယ်ရင်းတို.ရေ
နောက်လ ကျနော် မြန်မာပြည်ကိုပြန်ပါ့မယ်...ရန်ကုန်မှာပဲတည်းမယ်နော်..မမြင်ဖူးပဲ ခင်မင်နေတဲ့ဒီက သယ်ရင်းတွေနဲ.လည်းအပြင်မှာတွေ.ဖူးချင်တယ်..မန္တလေးလည်းတက်မှာဆိုတော့ မန္တလေးက သယ်ရင်းတွေကိုလည်းဆုံချင်ပါတယ်..ကျနော့်ကို တကယ်ခင်တယ် တွေ.ဆုံကြမယ်ဆိုရင် သယ်ရင်းတို.ရဲ. ဆက်သွယ်ရမယ့် နံပါတ်လေးတွေ ရေးခဲ့စေချင်ပါတယ်....တိတ်တိတ်လေးပဲပေးမယ်ဆိုရင်တော့ ဒီ www.sawminnpyo@gmail.com ကို ပို.လိုက်ပါနော်...၄နှစ်အတွင်းမှာ ပထမဆုံးအကြိမ်ပြန်တာပါ ကျနော့်ရဲ.မွေးနေ.မှာ မြန်မာအစားအစာတွေပဲ စားချင်လို.ရယ် . သယ်ရင်းတို.နဲ.လည်း ပျော်ပျော်ပါးပါးတွေ.ချင်ပါတယ်..နောက်တခါဆိုတာ မသေချာလို. ဒီတခေါက်မှာပဲတွေ.
ကြတာပေါ့နော်...

အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Friday, April 30, 2010

သူမနဲ. ကျနော်...

သူမသည် ကျနော့်ငယ်စဉ်အခါက အမြဲရိုက်တတ်ဆူတတ်ပါသည်. ကျနော်သိနေပါတယ် သူမ ကျနော့်ကို မုန်းတီးနေလို. ရိုက်ခံနေရတာပေါ့..ကျနော် သူမနဲ.ဝေးရာမှာ အမြဲနေတတ်သလို သူမနဲ.ဝေးဖို.ကိုလည်း အမြဲဆုတောင်းနေမိတတ်တယ်လေ.....
အင်း..ကျနော် သူမနဲ.ဝေးနေတာ ၆နှစ်နီးပါးရှိပြီ တခါမှသတိမရမိပါ..နေကောင်းလားလည်းမမေးခဲ့..
"ဟဲ့..အ၀တ်လျှော်တဲ့သူလာပြီ.ဧည့်သည်လေး လျှော်စရာရှိရင်ပေးလေ....မအေးပါလား မ၀ိုင်းရော"
"ဒေါ်ဝိုင်းမလာနိုင်လို. ကျမလာခဲ့တာပါ.. "
ဟင်..သူမနာမည်ပါလား သူမအိမ်တကာလှည့်ပြီး အ၀တ်လျှော်နေရတယ် ဆိုပါလား..သူမရဲ.တခြားအိမ်သားတွေကရော သူမဒီလိုလုပ်နေတာ ထိုင်စားနေရက်သလား..အင်း..ဘာပဲဖြစ်ဖြစ် သူမကို လိုက်ရှာမေးမြန်းပြီး ဒီအလုပ်တွေ မလုပ်ခိုင်းမှဖြစ်မယ်..ကျနော် သူမကိုရှာဖို. အ၀တ်အစားလဲပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ်..ဆိုးလွန်းလှတဲ့လမ်းကို လျှောက်ရင်းသူမကို ဘယ်လိုရှာရမှန်းမသိပါ..ဟော ..ဟိုအိမ်ဆိုင်လေးက အဒေါ်ကြီးကို မေးကြည့်ရမယ်...
"ကြီးမေ အ၀တ်လျှော်တဲ့ ဒေါ်ဝိုင်းနေတဲ့နေရာကိုသိရင်ပြောပြပေးပါလား..."
"မ၀ိုင်းလား သူကအလုပ်စုံလုပ်တော့ လူတိုင်းသိတယ်ကွဲ. ..ကလေးကတော့သိမှာမဟုတ်ဘူး..ကြီးမေအိမ်ကကောင်မလေးတယောက်ကိုလမ်းပြခိုင်းလိုက်မယ်နော်..."
"ဟုတ်ကဲ့..ကျေးဇူးပဲ ကြီးမေ.".
ဘုရား..ဘုရား..အလုပ်စုံဆိုပါလား..သူမ မကောင်းတာတွေများလုပ်နေရော့လား...သူမဆီသွားရာလမ်းက ဆိုးရွားလွန်းပါတယ်ရွှံဗွက်တွေ ထူထပ်လို. ..သူမကိုဒီလိုနေရာမျိုးမှာတွေ.ရလိမ့်မယ်လို. ကျနော်အိပ်မက်တောင်မမက်ဖူးပါဘူး.."ကိုဖိုးထူးဒေါ်ဝိုင်းတယောက် ဘယ်မှာလဲတော့တွေ.မိလား.". "အေးဟ ဟိုတနေ.ကတော့နေမကောင်းဘူးလို.ပြောတယ် ရှေ.က ရေပုံးတွေထောင်ထားတဲ.အခန်းပဲ...".
အခန်း ...ဒါဟာအခန်းတဲ့လား အ၀မှာ စီတန်းနေတဲ့ရေပုံးတွေက သူမတအိမ်ဝင်တအိမ်ထွက် ရေလိုက်ပို.နေတယ်ဆိုတာ သက်သေခံနေသလိုပါပဲ...
ကျနော်လည်းအ၀ပိတ်နေတဲ့ ရေပုံးတပုံးကိုရေတွေသွန်ပြီးဖယ်လိုက်တဲ့အခါ သူမဟာ နွမ်းရိစွာ ကြမ်းပြင်ပေါ်မှာလဲလျောင်းနေတာတွေ.လိုက်ရပါတယ်..သူမအသားအရည် မှာနေလောင်ခံရဖန်များတော့ အဖြူရောင်ဆိုတာလုံးဝမရှိရှာတော့ပါဘူး...အခင်း..ခေါင်းအုံး..စောင်ဗလာနဲ့. ထိုကြမ်းပြင်ပေါ် သူမနေ.စဉ်အိပ်စက်နေရှာတာပါ..ကျနော်ဘယ်နည်းနဲ.မှသူမကို ဒီမှာဆက်ကြည့်မနေနိုင်တော့ပါဘူး...ကျနော်သူမကို ခေါ်လိုက်ရာ".........." သူမမျက်ဝန်းအစုံဖြည်းညှင်းစွာပွင့်လာပြီး အရည်လေးများလဲ့နေတဲ့ သူမမျက်ဝန်းမှာ ကြင်နာမှုတွေ ပြည်.၀နေသလို ၀မ်းသာမှုတွေ လည်းရှိနေရှာတယ်လေ....
သူမခြေရင်းမှာတော့ ကျနော်ရှိစဉ်က၀တ်ခဲ့တဲ့ ပန်းရောင်မိုးကာလေးပါ..သူမကို မိုးကာလေးခြုံပေးရင်း ဘာဆက်လုပ်ရမဲဆိုတာ စဉ်းစားနေမိပါတယ်.. ကျနော်ဘယ်တုန်းကမှ မရခဲ့ဘူးတဲ့ အကြင်နာတွေ သူမမှာအခုရှိနေပြီလေ...လူ၂ယောက်ကျောခြင်းကပ်ပြီးပဲအိပ်လို.ရမယ့် သူမနေရာလေးကို ကျနော်ကြည့်နေမိပါတယ်..အိုးခွက် ပုဂံ မီးဖိုတခုမှမတွေ.ပါ ..ဖရုံစေ့များနဲ. ကျနော်စုဆောင်းထားတဲ့ မဂ္ဂဇင်းများသာတွေ.ပြီး.. သူမ ဖရုံစေ့စား ရေသောက်ဗိုက်မှောက်နေသလားလို.တောင် တွေးမိပါတယ်..ကျနော် အတွေ.ထဲကလန်.နိုးချိန်မျာတော့ ကျနော့်ကို လူတွေဝိုင်းကြည့်နေတာတွေ.လိုက်ရပါတယ်..ကျနော့်ကို လမ်းပြပေးတဲ့ကောင်မလေးရဲ.မျက်နှာမှာ ၀မ်းနည်းခြင်းနဲ. သနားမှုတွေပြည့်နှက်နေပါတယ်..
"ဒေါ်ဝိုင်းက မနက်ကလေးတင်ဆုံးသွားလို. မြေမြုပ်လိုက်ပြီတဲ့..".
ဟင်..ကျနော့်လက်အောက်ကမိုးကာလေးဟာ ကြမ်းပြင်ပေါ်မှာ ပြားပြားဝပ်နေပါတယ်..မိုးကာအောက်က ကျနော်လက်တင်ထားတဲ့သူမခန္ဓာကိုယ်လေးကရော ဘယ်ရောက်သွားလဲ.......သေချာတာကတော့ သူမကျနော့ကို မျှော်နေခဲ့တာပါပဲ..သူမသေဆုံးခြင်းဟာ ကျနော့်နှလုံးသားကိုဒါးအစင်းပေါင်းများစွာနဲ.ထိုးစိုက်လိုက်သလို နာကျင်လှပါတယ်.. "ကဲ အားလုံးပဲကျနော့်ကို ကူညီပေးကြပါဦး..ဒေါ်ဝိုင်းရဲ.အလောင်းကို ပြန်ဖော်ပြီး ကောင်းကောင်းမွန်မွန်သင်္ဂြိုလ်ချင်ပါတယ်"... ဟုတ်တယ်လေ အခြေမဲ့အနေမဲ့တယောက်လို ဖျာလိပ်ပတ်ပြီး သင်္ဂြိုလ်ခံလိုက်ရတဲ့သူမကို ကျနော်လက်ပိုက်ကြည့်မနေနိုင်ပါ...ကောင်းမွန်အောင်လုပ်ပေးရမပေါ့..ပြီးရင်တော့ ကျနော် သူမရဲ.တခြားအိမ်သားတွေကို တွေ.ရပါလိမ့်မယ်..ဘာကြောင့်သူမဒီလိုဘ၀မျိုးရောက်သွားခဲ့တယ်ဆိုတာ ကျနော်သိမှာဖြစ်မှာပါ..
ကျနော့်အတွေးပုံရိပ်ထဲမှာတော့သူမသည်တခါတရံကျနော့အားစောင်နှင့်ပတ်ပြီးကလေးတယောက်လိုချီပိုးတတ်ပါတယ်..ညညကျနော်အိပ်နေရင် တိတ်တိတ်လေးမွှေးမွေးပေးတတ်ပါသေးတယ်..ကျနော်အစာအိမ်အောင့်တုန်းက လမ်းမလျှောက်နိုင်လို. ကျောပိုးပြီးဆေးခန်းကိုလိုက်ပို.ခဲ့ပါတယ် ကျနော်နိုင်ငံခြားသွားကာနီးပိုက်ဆံလိုတော့ သူမဆွဲကြိုးကိုရောင်းပေးခဲ့ဖူးတယ်..ကျနော်ခုမှဒါတွေဘာကြောင့်တွေးနေမိတယ်မသိပါ..ကျနော်သူမရဲ.ခရီးကို အကောင်းဆုံးဖြစ်စေချင်သပေါ့..
သူမဆိုတာ တခါက ဂျူးလိယက်လိုချောမောလှပခဲ့တဲ့ ကျနော့်အမေပါ..ယောကျာ်းရဲ.စွန်.ပစ်မှု .သားတယောက်ရဲ. လစ်လျူရှုမှုတွေကို ရင်စီးခံခဲ့ရတဲ့ အမေပါပဲဗျာ..
စောမင်းပျို (April.30.2010 )

အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Sunday, April 11, 2010

အလွမ်းတိမ်

ရယ်သံတွေ ဖုံးလွှမ်းနေတဲ့ ငါ့အိမ်လေးက ခုတော့တိတ်ဆိတ်ခြောက်ကပ်နေပြီလေ...
ငါရဲ. ပျော်ရွှင်မှုတွေနဲ. အိပ်စက်ခြင်းတွေကို သေတ္တာထဲသော့ခတ် သယ်ဆောင်သွားလေတော့ ငါက သံပတ်ပျက်သွားတဲ့ အရုပ်တရုပ်နဲ.တူတူပါပဲ...
တမိနစ်ဟာ ငါ့အတွက်တနှစ်လောက်ကြာတဲ့အတွက် ၃ရက်ဆိုတာကို ငါဘယ်လိုကျော်ဖြတ်ရမလဲကွယ်..အကြောင်းအမျိုးမျိုးကြောင့် ငါတို.တွေခွဲခွာနေရမယ်ဆိုရင်တော့ တောထဲသွားနေကြရအောင်လားကွာ...
လွမ်းနေတယ်..ဟုတ်တယ် ငါမင်းကိုလွမ်းနေတယ်..
အလွမ်းတိမ်တွေကြား မြုပ်နေလိုက်တာ ဒီနေ.တနင်္ဂနွေဆိုတာတောင် မေ့သွားပြီ အချစ်ရယ်...

အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Monday, March 29, 2010

၂၀၁၀ ကားပြပွဲ


ဒါကားအင်ဂျင်...လှတယ်နော်..ရှင်းလင်းနေတာပဲ..

ခေတ်ဟောင်းကား..
ဒါလေးလည်းကြိုက်မယ်ထင်တယ်..


ဒါမျိုးလေးတွေကော...














ဒီခေတ်ဟောင်းကားလေးကိုရော...
ကားပြပွဲသွားရင်း သယ်ရင်းတို.ကို သတိရတာနဲ.ရိုက်ခဲ့တာလေးတွေပါ..မနှစ်ကကားတွေက ပိုမိုက်ပါတယ်..ဒီနှစ်သိပ်စိတ်ဝင်စားစရာမကောင်းပါဘူး...


အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Sunday, March 14, 2010

3D desktopပြုလုပ်ခြင်း


သယ်ရင်းတို.ရေ မသိသေးတဲ့သူတွေအတွက်ကတော့ အသစ်ပေါ့နော်...desktop ကို ပုံအမျိုးမျိုးနဲ. အလှဆင်ဖူးမှာပေါ့..ဒီတခါတော့3D နဲ. အလှဆင်ကြည့်ရအောင်နော်..ဒါကျနော့် desktop ကို 3Dနဲ.လုပ်ထားတာပါ ဘယ်ဘက်အခြမ်းအပေါ်မှာ t iconက ဘယ်ဘက်ခြမ်းနံရံမှာကပ်ထားတာပါ ...နံရံလေးဘက်ကို ပို.ချင်တဲ့ icon ပို.လို.ရပါတယ်..ဒါတင်မကဘူး icon တွေကို စာအုပ်တွေထပ်သလိုလည်းထပ်ထားနိုင်ပါတယ်..ဘယ်နဲ.ညာအောက်ဆုံးထောင့်၂ဖက်က iconတွေကို ထပ်ထားတာပါ..theme တွေလည်းကြိုက်သလိုရွေးနိုင်တယ်နော်..ပိုက်ဆံပေးဝယ်မယ်ဆိုရင် ပိုပျော်စရာကောင်းတာက icon တွေကိုစာရွက်လိုခေါက်လို.ရသလို iconတခုနဲ.တခုကို ဘောလုံးပစ်သလိုလဲ ပစ်လို.ရပါတယ်..

ကျနော်ရိုက်ထားတဲ့ video ကမကောင်းပါဘူး..လုပ်ရတာလည်းလွယ်ပါတယ်..ဘာလုပ်ရမယ်ဆိုတာတဆင့်ခြင်းပြောပြတာကို ကိုယ်ကလိုက်လုပ်ရုံပါပဲ..free download ကိုသယ်ရင်းတို.ကို အရင်စမ်းကြည့်စေချင်တယ်..သယ်ရင်းတို.စိတ်ဝင်စားတယ်ဆိုရင် www.bumptop.com ကိုသွားပြီးဒေါင်းလော့လုပ်ရုံနဲ. သယ်ရင်းတို.desktop ကစိတ်ဝင်စားစရာလေး ဖြစ်သွားပါလိမ့်မယ်..

အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Sunday, February 21, 2010

သယ်ရင်းတို.ရေ

ကျနော် စာရေးတာခဏရပ်ထားပါဦးမယ်နော်...အလုပ်သွားတုန်း နောက်ကကားက ကျနော့်ကားကို တိုက်လိုက်တာ အနာတရဘာမှမဖြစ်ပါဦး.. ခေါင်းကကိုက်တာလည်းမဟုတ်ပဲနဲ. တမျိုးကြီးဖြစ်နေလို. ကွန်ပျူတာကို အီးမေးလ်စစ်ရုံလေးတောင် ခေါင်းကလေးနေတာ..ခဏနားလိုက်ဦးမယ်နော်..

အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Tuesday, February 9, 2010

ချောကလက်ကို သူမဘယ်လိုစားမလဲ

ညနေခင်း နေ၀င်ဆည်းဆာမှာ လူတယောက်က ရောင်စုံနှင်းဆီပန်းတွေ တပွေ.တပိုက်နဲ. ပန်းခြံထဲကိုဝင်လာပါတယ်..လမ်းလျှောက်နေသူတွေ လေ့ကျင့်ခန်းလုပ်နေသူတွေနဲ.ပန်းခြံကြီးကသက်ဝင် စည်ကားနေပါတယ်..လူတွေအားလုံးရဲ.အာရုံက နှင်းဆီတပွေ.တပိုက်နဲ.လူဆီကိုပါပဲ..
"ဟဲ့..နှင်းဆီတွေကလှလိုက်တာနော် ငါ့ကိုပေးမလို.နဲ.တူတယ်."."ညည်းကလဲအေကဲပါ့ ..အောက်ကညည်းကလေးကိုကြည့်ပါဦး."..
"နှင်းဆီဆိုရင်လိုချင်ပါတယ် ကျန်တာတော့အလကားပေးတောင်မယူချင်ဘူး.".."နှင်းဆီပန်းရောင်းတာနဲ.တူတယ် မင်းကောင်မလေးတွက်တပွင့်လောက်ဝယ်လိုက်ပါလား."..
နှင်းဆီပန်းနဲ.လူကြီးက တခြားသူတွေကို တီးတိုးပြောသံတွေကို မကြားချင်ယောင်ဆောင်ရင်းသူ.ဘာသာလမ်းလျှောက်နေပါသည်။ တနေရာအရောက် ထိုလူကြီးနဲ.အပြေးလေ့ကျင့်နေတဲ့ကောင်မလေးတယောက် ဆုံရာ "ကလေးမ မင်းကနှင်းဆီပန်းအ၀ါ လေးလိုလှပတဲ့အတွက် နှင်းဆီပန်းအ၀ါလေးပေးလိုက်မယ်."..
သူသိပါတယ် လူတွေအားလုံးအာရုံတွေကသူ.ဆီမှာပါ...ဟောရှေ.မှာ အနီရောင်လေးနဲ. လိုက်ဖက်မယ့်ကောင်မလေးလာပါပြီ.."ကလေးမရေ မင်းဝတ်ဆုံအနီရောင်လေးနဲ. လိုက်ဖက်မယ့် ဒီနှင်းဆီနီလေးယူသွားပါကွယ်"...ဒီလိုနဲ.သူကနှင်းဆီပွင့်တွေကို ကောင်မလေးတွေကိုပေးလာခဲ့တာ နောက်ဆုံးနှင်းဆီဖြူလေးတပွင့်ပဲကျန်ပါတော့တယ်...ကလေးမလေးတယောက် သူရှိရာကိုပြေးလာရင်း "ဒီနှင်းဆီဖြူလေးသမီးကိုပေးပါနော်.".."သြော်...သမီးလိုချင်ရင်ယူသွားပါကွယ်."..သူလက်ထဲမှာနှင်းဆီပွင့်တွေကုန်သွားပါပြီ ဒါပေမယ့်သူကအိတ်ကပ်ထဲကတစုံတခုကို နှိုက်ယူရင်းလမ်းဆက်လျှောက်သွားပါသည်။
အမှောင်ထုကလည်းဝင်လာပြီမို. သူ အိမ်ပြန်ဖို. စဉ်းစားတုန်း ခုံတန်းလေးပေါ်မှာ အမျိုးသမီးတယောက်ထိုင်နေတာကို သူတွေ.လိုက်ပါတယ်...သူ.ခြေလှမ်းတွေက ထိုခုံတန်းလေးဆီ ဦးတည်နေတာပေါ့..ဒီလိုနေ.မျိုး သူတယောက်တည်း မကုန်ဆုံးချင်ပါ ..သူ.မှာလက်ဆောင်တခုကျန်ပါသေးတယ် ဒါကိုပဲအသုံးချရမှာပေါ့...သူ.လာလမ်းကိုကျောပေးထားတဲ့အမျိုးသမီးဟာ ငယ်ရွယ်စဉ်ကဆွဲဆောင်အားတော်တော်ကောင်းနိုင်ပါတယ်..ခုထိလည်းကောင်းတုန်းပါပဲ သူ.စိတ်ကူးထဲ အမျိုးသမီးမျက်နှာကို ပုံဖော်ကြည့်နေမိသည်...သူမထံကရနံ.လေးက သူ.ကိုဒူးညွှတ်ခစားစေလို ဆိုလိုက်တဲ့အတိုင်းပါပဲ...ကျနော်ဒူးလေးတဖက်ထောက် ချောကလက်ဘူးလေးကိုင်ရင်းဒီလိုပြောလိုက်ပါတယ် "ကွေးကွင်းမှုတွေအတွက်ခံစားမနေပါနဲ.နော်..ကိုယ့်အချစ်နဲ.မင်းရဲ.နေ.သစ်တွေကို မျက်နှာသစ်ပေးပါ့ရစေလားကွယ်."."ရှင်တကယ်ပြောတာလား ကျမမလှရင်ရော "..."ချစ်တဲ့စိတ်နဲ.ကြည့်ရင်အရာအားလုံးလှပါတယ်ကွာ..တို.ရဲ.လက်ကျန်ဘ၀နဲ.နောင်ဘ၀ကို အချစ်တံတားထိုးပြီး လျှောက်ကြရအောင်လားကွယ်....ကိုယ့်ရဲ.ချစ်သက်သေချောကလက်လေးကို ကျွေးချင်လို.ဒီဘက်လှည့်ပါလားကွယ်."...ကျနော်ရင်ခုန်စွာဖြင့် သူမအပြုံလေးအားစောင့်မျှော်နေမိသည်..သူမသည်ဖြည်းငြင်းစွာလှည့်ပြီး ကျနော့်ကို ပြုံးပြလိုက်ရာ




ရင်..ခုန်..သံ...တို. ကျဆုံးပျက်သုန်းသွားခဲ့လေသည်..ဘာလို.လဲဆိုတော့ သူမသည် ကျနော်နဲ.သက်တူရွယ်တူဖြစ်သောကြောင့်သွားတချောင်းမှ မရှိသောကြောင့်သာဖြစ်သည်။
**** ချစ်သူများနေ.အတွက် ကျနော့်ကိုယ်ပိုင်အတွေးသာဖြစ်သည်။
အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Friday, February 5, 2010

ဘုရားပေးသောချစ်သူ


သာယာတဲ့တနင်္ဂနွေမနက် ဘုရားကျောင်းအပြီး ကျနော့်ရဲ.စက်ဘီးလေးကိုဆွဲအထွက် "ဒါဘယ်လဲ "
" သူငယ်ချင်းတွေဆီသွားမလို. အဖွားဆုတောင်းပေးမလို.လား."."ညည်းကလဲအေ .ဒီနေ.ညည်းအဒေါ်အိမ်မှာ မိသားစုဆုတောင်းပွဲရှိတယ် လိုက်ခဲ့နော်.".."ဟာ..အဖွားကလဲ မနက်ဖြန်ဆို စာမေးပွဲကစပြီ စာလည်းမကျက်ရသေးဘူး..လိုက်သေးဘူး..နောက်တခေါက်မှလိုက်မယ်."."လိုက်ခဲ့ပါအေ..ညည်းစားချင်တာ ကျွေးမယ်.".
"တကယ် lucky မှာမုန်.ဟင်းခါးကျွေးပြီးရင်ဆုတောင်းပေးရမယ်".."အေးပါအေ."."ဒါဆိုလိုက်မယ်.".
ကျနော်အဖွားလို.ခေါ်နေတဲ့ မိန်းမကြီးက ဖိတ်တဲ့အိမ်တိုင်းကိုလိုက်ပြီး ဘုရားရှစ်ခိုးပေးတဲ့ ကျနော့်ရဲ.ဘာသာတူမိတ်ဆွေပါ.."အန်တီ..အန်တီ.". "လာပြီ..လာပြီ..အဖွားလာပြီ ဘုရားရှစ်ခိုးဖို.လုပ်ကြ..လာ.လာ.နှင်းမှုန်လဲပါတာကို".."ကဲပါ..၀ိုင်းထိုင်ကြ ကျမ်းစာဖတ်ပြီးရင် မျက်စိမှိတ်ပြီး၅မိနစ်လောက်အာရုံခံကြမယ်.".."..........................".".ကဲ.ဘယ်သူဘာမြင်လဲပြောကြ..နှင်းမှုန်ဘာမြင်လဲ".."ဘာမှမြင်ဘူး.." ."................." "...................." "အဖွားရေမြင်ပြီ." "ဘာမြင်လဲ.."
"ပန်းခင်းကြီးတခင်းညပိုင်းလို မှုန်မှိုင်းနေတော့ အရောင်တွေဘာတွေမမြင်ရဘူး..ပန်းခင်းထဲမှာ လူတယောက်ရပ်နေတယ်..အဲဒိလူကပန်းတွေကို ကြည့်ပြီး ပန်းတပွင့်ကို ကောက်ယူလိုက်တယ်..အဲဒိလူလက်ထဲကို ပန်းလေးရောက်သွားတော့ ပန်းလေးကအရောင်တွေထွက်ပြီး ပိုကြီးလာတယ်..အဲဒိလူကလည်းပန်းလေးကို ကြင်ကြင်နာနာနဲ.စိုက်ကြည့်နေတယ်..ဒါပဲ."."ကဲ..အားလုံးနောက်ဖေးသွားကြ ဧည့်သည်လာတယ်.".."ဟုတ်သားပဲ နိုင်ငံခြားသားကလာလည်တာ မနက်ဖြန်ပြန်ကြတော့မှာလေ.."
ဧည့်သည်က တယောက်တည်းပါ..သူ.အသံက ကျနော့်နှလုံးသားကို လှုပ်နိုးပြီး သူ.မျက်နှာကို မြင်လိုက်တဲ့အချိန်မှာတော့ ဟင်!!!..ငါ့အိပ်မက်ထဲကလူပဲ.ဟုတ်ပါတယ် ကျနော်နှစ်ပေါင်းများစွာ မက်နေတဲ့ အိပ်မက်ထဲကလူပဲ..."ဒါ အန်တီတူမ ငွေနှင်းမှုန်" "ဟုတ်ကဲ့ကျနော် ဘုန်းမင်းခန်.ပါ."...ထိုစက္ကန်.ပိုင်းအတွင်း ကျနော်သူ.ကိုချစ်မိသွားပါတယ်.သို.သော် နာရီပိုင်းအတွင်းပင် သူ.ကိုစွန်.လွှတ်ရတော့မယ်..နောင်ဘယ်တော့မှ တွေ.နိုင်မည်မထင်..ကျနော့်မစွန်.လွှတ်နိုင်ပါ..ထို.အတူ သူ.မျက်လုံးထဲမှာလည်း ချစ်ရိပ်ချစ်ရောင်များမြင်တွေ.ရသောအခါ ..ကျနော်လည်းထိုသူအား ကျနော့်ကိုပေးပါလို. မျက်ရည်နဲ.မျက်ခွက် ဘုရားနားညည်းအောင် ဆုတောင်းမိပါတော့တယ်..ထိုဧည့်သည်ပြန်သွားပြီးနောက် တလပင်မပြည့် ကျနော့်အဒေါ်မှတဆင့် စာတစောင်ရောက်လာပါတယ်..သူသည်ကျနော့်အား ချစ်မိသွားသဖြင့် လက်ထပ်လိုကြောင်းပါ...ကျနော်အရမ်းပျော်သွားပါတယ်..သူနဲ.ကျနော် ၃လစာပေးစာယူ ပြီးနောက် ..သူဧ။်မိဘများကိုခေါ်ပြီး ရန်ကုန်ကိုဒုတိယံမိ ရောက်ရှိလာမှ ကျနော့်မိဘများလည်း ကျနော့်မှာရည်းစားရှိကြောင်း မင်္ဂလာဆောင်တော့မည်ဖြစ်ကြောင်း သူများပြောပြမှသိရတော့သည်..ကျနော်သူနဲ.ပတ်သက်ပြီး ဘာမှမသိပါ..ကျနော်သိတာကတော့ ကျနော်.ချစ်မေတ္တာမှန်လို. ဘုရားကပေးလိုက်တာပါပဲ..အဲဒိလိုပဲ ကျနော်နဲ.သူ.အချစ်၂ခုပေါင်းဆုံလိုက်တဲ့အချိန်မှာ ကျန်တာတွေက အလိုလိုမှေးမှိန်သွားခဲ့ပါတယ်..
Valentine's Day အတွက်အမှတ်တရ

အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Friday, January 22, 2010

လွမ်းနေရသူများ

အလွမ်းဆိုတာတော့ ဘာမှန်းမသိပါဘူး..ဒီနေ.တနေ.လုံး မတဲ့အတူနေသူငယ်ချင်းတွေကို အ၇မ်း သတိရနေမိတယ်...ချက်ချင်းပြေးတွေ.ချင်လောက်အောင်ကို သတိရနေတာပါ...သူတို.ကရောကျနော့်ကို သတိရနေပါ့မလား...
သာဂျူး.....သူကတော့ ကျနော်နဲ.သွားအတူလာအတူ တိုင်ပင်ဖော်တိုင်ပင်ဖက် ..ဒီကောင့်မှာ ဘယ်တော့မှပိုက်ဆံမရှိဘူး ရှာသလောက်ကိုမရှိတာ..ရည်းစားကတော့များသမှ ၃နာရီခြားတယောက်ချိန်းတာ တခါတလေ ကျနော်က ကောင်မလေးတွေကို အချိန်ဆွဲပေးထားရသေးတယ်..အလုပ်တွေများနေလို. ဘာညာပေါ့..တကယ်တန်းကျတော့ ဒီကောင်က နောက်ကောင်မလေးတယောက်နဲ.သွားတွေ.နေတာပါ..ကျနော်လား သူငယ်ချင်းအတွက်ဆို ၀ဋ်လိုက်မှာလည်း မကြောက်ပါဘူး..ဒီကောင်ကသဘောကောင်းတယ် ဒီကောင်က ကျနော့်ကို" ဟေ့ကောင် "လို.ပဲခေါ်တာ...မသိတဲ့သူတွေကတော့ အတွဲလို.မှတ်တာပေါ့ ကျနော်တို.က အဖြူရောင်ဂျလေဘီလေးတွေပါ...
ဆလင်းဘက....ဒီကောင်ကတော့ ကျနော်တို. အဖြူရောင်ဂျလေဘီ အဖွဲ.၀င်တယောက်ပေါ့..ပုပုသေးသေး တင်ပါးကောက်ကောက်လေးနဲ. စကားကြီးကြီးကျယ်ကျယ်ပြောတယ်..သဘောကောင်းတယ် ..သူကတော့ ပိုက်ဆံအမြဲရှိတယ်...ကျနော်တို.တွေ သူပြောသမျှစကားလုံးတွေထဲမှာ မျောပါနေကြ...ကျနော်သူနဲ.သူငယ်ချင်းဖြစ်တာ ထီးပြင်တတ်တယ် မီးခြစ်ပြင်တတ်တယ်..ဒီကောင်ကသော့ဖွင့်လည်းကျွမ်းတယ်..ချစ်သူလား?? ရည်းစားစကားပြောတာ ပါးရိုက်ခံရဘူးတယ်တဲ့..အဲဒိစကားကြားတုန်းက ကျနော်တို.တွေ အူတက်အောင်ရီရပါသေးတယ်...
ချောကလက်...သူကတော့ အသားညိုလို. ချောကလက်လို.နာမည်ပေးထားတာပါ..လူတကာကို ကူညီတတ်တယ်...ဖခင်ပျောက်နေတဲ့ကောင်လေးတယောက်ပေါ့..သူ ကျနော်တို.အဖွဲ.နဲ.ပေါင်းတာကို သူ.အမေက လုံးဝမကြိုက်ပါဘူး...သူကလည်းပိုက်ဆံရှိပါတယ် ဆိုင်ကယ်စီးတယ်.. ဆောင်းတွင်းရက်တွေဆိုရင် ကျနော်တို.၄ယောက် သန်လျှင်ဈေးကနေ ကျိုက်ခေါက်ဘုရားထိပြေးကြပါတယ်..အပြန်ကြရင်တော့ ကားစီးပြီးပြန်လာကြတာ...သူကမိုးလင်းပဲ ကျနော်တို.အဖွဲ.နဲ.နေတာ မိုးချုပ်ရင် သောက်တတ်တဲ့အဖွဲ.နဲ.ပါသွားရော...
ခိုင်ခိုင်...သူကတော့ မိုက်တိမိုက်ကန်း ကြွပ်ဆတ်ဆတ်ပုံစံပါ...တကယ်တန်းပေါင်းကြည့်ရင် သဘောကောင်းပါတယ်..ကျနော့်ကိုဆိုလည်းမုန်.တွေအများကြီး ၀ယ်ကျွေးပါတယ်...သူကတော့ ကျနော်တို.အဖွဲ.ထဲမှာ မိုးလင်းမိုးချုပ်မရှိပါဘူး..တခါတလေမှတွေ.တာပါ..သူနဲ.ကျနော်က ၉တန်းထဲကသူငယ်ချင်းပါ..ဆိုးတယ်ဆိုတဲ့နာမည်ကို အပိုင်ကိုင်ထားပြီး သူငယ်ချင်းတွေအပေါ်မှာ ကောင်းသလို မတဲ့အတူနေတွေလည်းဖြစ်ကြပါတယ်..
ကျန်တဲ့သူငယ်ချင်းတွေရှိပါသေးတယ် စိတ်ရောကိုယ်ပါနှစ်ပေါင်းတဲ့သူဆိုလို. သူတို.၄ယောက်ပဲရှိတယ်..သူတို.ထဲမှာ ကျနော်ကဂျင်းန်ပင်နဲ.တီရှပ်ပဲ ၀တ်တတ်တဲ့ကောင်မလေးတယောက်ပါ..သူတို.ကြောင့် တခြားယောက်ျားလေးတွေ စိတ်ဝင်စားမှု ကင်းဝေးခဲ့ပြီး...အန္တရာယ်တွေလည်း ကင်းဝေးခဲ့ပါတယ်..ချစ်ရေးဆိုလာတဲ့ ယောကျာ်းလေးတွေကိုလည်း အဲဒိ ၄ယောက်ကိုသွားပြော သူတို.ခွင့်ပေးရင် စဉ်းစားပေးမယ်လို.ပြောခဲ့ဘူးတယ်..အဲဒိလူတွေကဘယ်တော့မှ ပြန်မလာတော့ပါဘူး..သာဂျူးနဲ. ဆလင်းဘက်ကပြောဘူးတယ်.." နင့်ကြောင့်ငါတို.တွေ တခြားကောင်တွေနဲ.ပြသနာတက်တော့မယ်နော်..နင်ကိုငါတို.မထိန်းနိုင်တော့ဘူး ရည်းစားရှာတော့တဲ့."...အခုကျနော်သူတို.နဲ.ဝေးနေတာ ၄နှစ်ပြည့်တော့မယ် သူတို.တွေ ကျနော့်ကိုမထိန်းရလို. အပျော်လွန်ပြီး ကျနော့်ကို မေ့နေပြီလား...ချောကလက်ကရော ဆောင်းမနက်တွေမှာ အတူပြေးခဲ့တဲ့ ဆိုးပေတေလေနေတဲ့ ကောင်မလေးကို မေ့နေပြီလား...ညနေ၆နာရီကျော်ရင် အိမ်ပြန်လို.ပြောပြီး ကျနော်သွားသမျှနေရာတိုင်းမှာ ရောက်ရောက်နေတတ်တဲ. ခိုင်ခိုင် ကရော ညနေ၆နာရီကျော်ရင် သူစကားကို ဘယ်တော့မှ နားမထောင်ပဲ မုန်.အမြဲဝယ်ကျွေးခိုင်းတဲ့ ကောင်မလေးကိုသတိရပါဦးမလား...
အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Wednesday, January 20, 2010

အဖြေ

ကျနော့်ဆီကို လာလည်တဲ့သူငယ်ချင်းများထဲက တယောက်သောသူက ၀င်ကစွတ်လေးသေသွားပြီလားလို.မေးခဲ့ပါတယ်..ကျန်တဲ့သူငယ်ချင်းတွေလည်းသိချင်မှာပါ..ဟုတ်ကဲ့ သေသွားခဲ့ပါပြီ..၀င်ကစွတ်လေး၂ကောင်ရဲ.သေခြင်းက မတူပါဘူး . တကောင်ကအခွံကိုစွန်.ပြီး သေဆုံးခဲ့ပေမယ့် နောက်တကောင်ကတော့ သူသေဆုံးမယ့်နေရာကို သူကိုယ်တိုင်ရွှေးပြီး အခွံထဲကနေလုံးဝထွက်မလာပဲ အထဲမှာပဲ သေသွားရှာတာပါ..အပြင်ထွက်လာတဲ့အကောင်လေးကိုတော့ ကျနော် လွင့်ပြစ်လိုက်ပေမယ့် အခွံနဲ.အတူရှိနေတဲ့အကောင်သေလေးကိုတော့ သူကိုယ်တိုင်ရွေးချယ်ခဲ့တဲ့နေရာမှာပဲ ဒီတိုင်းထားထားပါတယ်..ကျနော် ဆုံးဖြတ်ချက်တခုချလိုက်ပါတယ်..ဘယ်တော့မှ ၀င်ကစွတ်လေးတွေရှိတဲ့ ခရုခွံလေးတွေကို မကောက်ဖို.ပေါ့....

အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Sunday, January 17, 2010

ဝင်ကစွတ်နဲ.တူသောလူ

မနေ.က ကမ်းခြေဘက်ကို လမ်းမလျှောက်ပဲနဲ. ငါးမျှားနေကြတဲ့ ကျောက်တုံးတွေရှိတဲ့ဘက်ကို သွားခဲ့တယ်..ကံကောင်းချင်တော့ ပုံမှာပါတဲ့ခရုခွံလေးနှစ်ခုကို ရေစပ်လေးကနေကောက်ရပါရော..အိမ်ရောက်မှ အဲဒိခရုခွံထဲမှာ အကောင်လေးတွေရှိမှန်းသိတာ..၀င်ကစွတ်လေးတွေပေါ့ တကောင်ကနဲနဲကြီးပြီး နောက်တကောင်ကတော့သေးပါတယ်..ဘာလုပ်ရမှန်းမသိတော့ ရေထဲကိုဆားထည့်ပြီး ကျောက်ခဲသေးသေးလေးတွေ ခင်းထားတဲ့မှန်ကန်ထဲမှာ ထည့်ထားလိုက်တာပေါ့..အကောင်သေးလေးက ရေထဲမှာသိပ်မနေဘူး လျှောက်သွားနေရော...ဒီမနက်အကောင်ကြီးလေးက ခရုခွံထဲကနေ သူ.တကိုယ်လုံးကို တိုးထွက်ခဲ့တယ်..၀င်ကစွတ်လေးတွေကခေါင်းပိုင်း လက်ပိုင်းတွေလှသလောက် ကိုယ်လုံးပိုင်းမလှမပ အစိမ်းရောင်ကြီးပါ ဒါကြောင့်လည်းသူတို.ကလှပတဲ့ ခရုခွံတွေထဲမှာနေကြတာပေါ့..

လူတွေကရော ၀င်ကစွတ်လေးတွေလိုပါပဲ...အပေါ်ယံအလှအပတွေချယ်မှုန်းပြီး နေကြတာ လူတွေအားလုံးက အရွယ်စုံခရုခွံလေးတွေထဲက ၀င်ကစွတ်လေးတွေပါ...တန်ဖိုးကြီးပြီးချမ်းသာတဲ့သူတွေကြတော့ လူတကာမျက်စိကြပြီး ဈေးကြီးပေးဝယ်ရတဲ့ အရမ်းလှတဲ.ခရုခွံအကြီးကြီးတွေပေါ့..ဈေးကြီးပေးမ၀ယ်ရတဲ့ အလတ်စားခရုခွံလေးတွေကတော့ အလယ်အလတ်လူတွေအတွက်ပါ...ဘယ်သူမှပိုက်ဆံပေးမ၀ယ်ပဲ ကမ်းခြေမှာပေါများလှတဲ့ပိစိကွေး ခရုခွံလေးတွေကတော့ လူတကာအနှိမ်ခံ တန်းတူအခွင့်အရေးမရရှာတဲ့ ဆင်းရဲသားလူမွဲတွေကို ကိုယ်စားပြုတယ်..
ကျနော်လည်းဝင်ကစွတ်တကောင်ပါ ဒါပေမယ့် အရမ်းလှတဲ့ ခရုခွံကြီးထဲမှာလည်း ၀င်မနေချင်ဘူး..အလယ်အလတ်စား ခရုခွံထဲမှာလည်းမနေနိုင်ပြန်ဘူး..ဘယ်သူမှမလိုချင်တဲ့ ခရုခွံပိစိကွေးလေးထဲမှာပဲ သက်တန်းစေ့နေချင်ပါတယ်...
အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Tuesday, January 5, 2010

ဘ၀အစ သင်ခန်းစာများ

ကျနော့်အိမ်လေးက တခုခု ချို.ယွင်းနေတဲ့အတွက် အသစ်တင်ရင်သူငယ်ချင်းတို.ဆိုဒ်မှာ တက်မလာပါဘူး..Google မှာလဲဝက်သစ်ချအိမ်ကလေးလို.ရှာမှ အသစ်တင်ထားတာတွေ တွေ.ရပါလိမ့်မယ်.. အသစ်မျှော်နေတဲ့သူငယ်ချင်းတွေအတွက် ဘာသာပြန်တခုတင်ပေးလိုက်ပါတယ်..မှားယွင်းမှုတွေရှိရင်နားလည်ပေးပါ..

၁ ။ မင်းခန္ဓာကိုယ်တခုကို လက်ခံရလိမ့်မယ်..
အဲဒါကို မင်းနှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ မင်းဘ၀တခုလုံးအတွက် မင်းပိုင်ဆိုင်ရမယ့်အရာပဲ...

၂ ။ မင်းသင်ခန်းစာတွေ သင်ယူရလိမ့်မယ်...
ဘ၀ဆိုတဲ့ ကျောင်းကြီးမှာ အချိန်ပြည့်သင်ခန်းစာတွေသင်ဖို. မင်းစာရင်းသွင်းပြီးပြီ..မင်းရဲ.တာဝန်က အဲဒိကျောင်းကြီးမှာ နေ.တိုင်း သင်ခန်းစာတွေသင်နေဖို.ပဲ..သင်ခန်းစာတွေကို မင်းကြိုက်ချင်လည်းကြိုက်နိုင်တယ် အသုံးမကျတဲ့ မသက်ဆိုင်တဲ့ သင်ခန်းစာတွေလို.လဲ မင်းတွေးချင်တွေးနေနိုင်တာပဲ..

၃ ။ အဲဒိမှာအမှားဆိုတာမရှိဘူး..သင်ခန်းစာတခုတည်းပဲရှိတယ်...
စမ်းသပ်မှုတွေ ..ရှုံးနိမ့်ခြင်း နဲ. မင်းအဖန်တလဲလဲ လဲကျနေရင် အားမငယ်ပါနဲ. အဲဒါတွေကမင်းတိုးတက်ဖို.အတွက် သင်ခန်းစာတွေပါ ...

၎ ။ မသင်ရသေးတဲ့သင်ခန်းစာတွေက တဖန်ပြန်လာပါလိမ့်မယ်...
သင်ခန်းစာတွေက မင်းမသင်ယူမချင်း ပုံစံအမျိုးမျိုးနဲ. မင်းဆီကိုလာပါလိမ့်မယ်..မင်းသင်ယူပြီးသွားရင်တော့ နောက်သင်ခန်းစာကို မင်းသင်ဖို.အသင်ပဲပေါ့...

၅ ။ သင်ယူမှုတွေက ဘယ်တော့မှမဆုံးနိုင်ပါဘူး..
ဘ၀ရဲ.အစိတ်အပိုင်းအားလုံးက သင်ခန်းစာတွေပါပဲ..ဘ၀ကဆရာဆိုရင် မင်းကတပည့်ပါ ..မင်းအသက်ရှင်နေသရွှေ. သင်ယူနေရမှာပါပဲ...

၆ ။ လက်ရှိထက်ပိုကောင်းတာမရှိဘူးတဲ့..
မင်းလက်ရှိနေတဲ့တောင်တန်းတွေကနေ ကမ်းခြေရှိတဲ့နေရာကို ပိုသာမယ်လို.ထင်နေလိမ့်မယ်...မင်းကမ်းခြေကိုရောက်ရင် တောင်တန်းတွေနဲ.အတူတူပဲလို. သိလိမ့်မယ် အဲဒိအချိန်မှာ မင်းဟာ ကမ်းခြေထက်ပိုသာမယ်ထင်တဲ့နေရာကို ထပ်ရှာလိမ့်မယ်...

၇ ။ တခြားအရာတွေက မင်းအတွက်ကြေးမုံမျှသာ...
တစုံတယောက်ကို ချစ်သည်ဖြစ်စေ မုန်းသည်ဖြစ်စေ ..အဲဒါက မင်းကိုယ်မင်း ချစ်နေ မုန်းနေတာပဲ..မေတ္တာရောင်ပြန်ဟပ်တယ်ဆိုတာမျိုးပေါ့...

၈ ။ မင်းဘ၀မြင့်မားအောင် မင်းဘာလုပ်မှာလဲ..
ဘ၀ကမင်းလက်ထဲမှာပဲ အသုံးချတတ်ဖို.အရေးကြီးပါတယ်..ကျနော်တို.တွေက တိရိစ္ဆာန်လေးတွေထက် အားသာတဲ့အရာတွေ အများကြီးရှိပါတယ်..အပင်လေးတွေတောင် နေ .လေ .ရေ .မြေ ကိုအသုံးချပြီးကြီးထွားအောင် လုပ်ကြသေးတာပဲ..

၉ ။ မင်းလိုချင်တဲ့အဖြေက မင်းဆီမှာပဲရှိပါတယ်..
ဘ၀ကမေးလာတဲ့မေးခွန်းတွေ အားလုံးရဲ.အဖြေက မင်းဆီမှာပဲရှိတယ်..မင်းလုပ်ရမှာက ကြည့်ပါ.နားထောင်ပါ.ယုံကြည်ပါ...

၁၀ ။ ဒါတွေအားလုံးကို မင်းမေ့သွားလိမ့်မယ်..

အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Friday, January 1, 2010

နှစ်သစ်

သူငယ်ချင်းအားလုံး နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ.. ပုံကို click လုပ်ကြည့်ပါ..

အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...