Virus ကင်းရှင်းကြောင်း

Virus ကင်းရှင်းကြောင်း
virus ကင်းနယ်မြေ

Tuesday, December 29, 2009

အချစ်နဲ. ဒီဇင်ဘာ

ဒီဇင်ဘာရယ် အေးချမ်းလှတဲ့..ည .အ.ချိန်ခါ..
နေရာတကာမှာ နှင်းဖွေးဖွးတွေကျနေတာ
အမှောင်ကိုဖယ်ကာ လောကထဲကို အလင်းဆောင်လာ
ကယ်တင်ရှင်ဟာ မွေးဖွားခဲ့ပြီကွယ်...
ချစ်ဆွေရယ် ၀မ်းမြောက်စွာ တေးဆိုမယ် ..
(ဟာမိုနီ) တေးဆိုမယ်...
ဘုရားဂုဏ်တော် ချီးမွမ်းကာမြူးပျော်မယ်..
(ဟာမိုနီ)မြူးပျော်မယ်..
ချစ်ဆွေရယ်စိတ်ညစ်စရာဘေးကိုဖယ်
(ဟာမိုနီ)ဘေးကိုဖယ်..
ဘုရားရှင်တော်မွေးနေ.မှာကွယ်...ဘုရားရှင်တော်မွေးနေ.မှာကွယ်...
ဒီခရစ္စမတ်သီချင်းတွေဆိုပြီး ဘုရားရှင်ရဲ.မွေးနေ.ရောက်ပြီလို. သတင်းကောင်းတွေပါးခဲ့ကြတာသန်လျင် စိန်ဖရန်.စစ်ဇေးဗီးယား ဘုရားကျောင်းက လူငယ်အဖွဲ.တွေပါပဲ...စက်တင်ဘာလလောက်ကနေစပြီး သီချင်းတွေရှာကြ သီချင်းတွေတိုက်ကြနဲ. တကယ်ပျော်စရာကြီးပါ...ဖိတ်စာဖိတ်တဲ့သူတွေကလည်း အိမ်တွေကိုလိုက်ပြီးဖိတ်စာဝေနေပြီ..ဘယ်နေ.ည သီချင်းလာဆိုကြမယ်ပေါ့...
သီချင်းစဆိုတဲ့ညမှာတော့ တက်ကြွလိုက်ကြတာလူတွေအများကြီးပဲ..ညနက်လေ သီချင်းဆိုတဲ့သူနည်းလေပဲ အိပ်ချင်လို.နီးစပ်ရာ အမျိုးအိမ်မှာနေခဲ့တဲ့သူနဲ. ကားပေါ်မှာအိပ်နေခဲ့တဲ့သူနဲ. လူ၁၀ယောက်ပြည့်အောင်မနည်းနိုးနေရတယ်...သီချင်းဆိုဖို.အတက်ကြွဆုံးသူကတော့ ကျနော်ပါပဲ အသံကောင်းလွန်းလို. မဟုတ်ပါဘူး ဆိုချင်လွန်းလို.ပါ. ဂစ်တာတီးတာကတော့ကျနော့်သူငယ်ချင်းပါ...သီချင်းဆိုပြီးရင် အိမ်ရှင်တွေကမုန်းတွေကျွေး သကြားလုံးတွေ လိမ္မော်သီးတွေပေးနဲ. ကျနော် အရမ်းပျော်ခဲ့ပါတယ်...
အဲဒိလို ပျော်စရာရက်တွေကကျနော်နဲ. ကျနော့်သူငယ်ချင်းဂစ်တာသမားဆီကို ဘယ်တော့မှရောက်လာတော့မှာ မဟုတ်ပါဘူး..နှစ်သစ်ရဲ.ဒီဇင်ဘာအသစ်ကိုမရောက်ခင်မှာပဲ ကျနော့်သူငယ်ချင်း က ဆုံးသွားရှာတယ်...ကျနော်ကလည်း မြန်မာပြည်နဲ.ဝေးရာမှာ ကျနော်ခရစ္စမတ်သီချင်းသံတွေ မကြားရတော့ပါဘူး...တနင်္ဂနွေတိုင်း ဘုရားကျောင်းမှာ အသံဗြဲနဲ.ဆိုခဲ့ ဘုရားသီချင်းတွေတောင်မှ ခုဆို အသံထွက်ရုံလေးပဲ ဆိုရတော့တယ်..ကျနော်က နေရာဒေသအလိုက် သရုပ်ဆောင်နေပေမယ့် ကျနော့်စိတ်တွေကမွန်းကြပ်လှပါတယ်.. အချစ်နဲ.ဒီဇင်ဘာကို မလဲနိုင်သရွှေ. ပျော်စရာခရစ္စမတ်ဆိုတာလည်း ရှိနိုင်မယ် မထင်တော့ပါဘူး...




အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Wednesday, December 23, 2009

ပျော်ရွှင်စရာခရစ္စမတ်လေးဖြစ်ပါစေ

သူငယ်ချင်းတို.အတွက် ကျနော့်ရဲ. ခရစ္စမတ်လက်ဆောင်တွေနော်..ကြိုက်တဲ့သူ ကြိုက်တာသာ ယူသွားနော်...
ဒါက ကလေးတွေနဲ. ချော့ကလက်ကြိုက်တတ်သူတွေအတွက်နော်..အရုပ်လေးကဖြုတ်ပြီးသစ်ပင်မှာ ချိတ်လို.ရတယ်....

အားကစားလုပ်လိုသူတွေအတွက်ပါ..တင်းနစ်ရိုက်ရအောင် ယူသွားနော်..

ခါးနာ..ခါးညောင်းတတ်တဲ့သူတွေအတွက်နော်..အဲဒိပေါ်မှာကျောလေးဆန်.လိုက်ရုံပဲ..

ပန်းကန်လှလှလေးပါ...မီးဖိုချောင်အလှအပစိတ်ဝင်စားသူတွေအတွက်နော်..

ကားမောင်းရင်းဖုန်းပြောရင် အန္တရယ်များလို. ဖုန်းများများပြောတတ်တဲ့သူတွေ ယူသွားနော်..

တရုတ်စတိုင်ခရစ္စမတ်သစ်ပင်လေးပါ..ကောင်းတဲ့အဓိပ္ပာယ်ရှိတဲ့အရုပ်တွေစာတွေ အကုန်ပါတယ်..ကံကောင်းခြင်းသစ်ပင်လို.ပြောပါတယ်..

ဒါကဖြတ်ညှပ်ကပ်လုပ်ထားတဲ့ ပန်းချီကားလို.ပဲပြောရမယ်..အပြင်မှာတော်တော်လှပါတယ်.ပုံလေးကကြွပြီး အသက်ဝင်ပါတယ်..ပန်းချီကားကြိုက်တဲ့သူတွေအတွက်နော်..

ကျူရိုးနဲ.လုပ်ထားတဲ့ဦးထုပ်နဲ.ဘီးကုပ်ပါ..



ဘွန်ဇိုင်းချစ်သူတွေအတွက်နော်...


ချမ်းတာကြောက်တဲ့သူတွေအတွက်နော် လက်ရှည်လေးပါ..အဖြူရောင်လေးနဲ. အညိုလေးလဲရှိသေးတယ်..


လက်ဝတ်ရတနာများတဲ့သူတွေအတွက် ဒီဘူးက၂ဖက်လုံးသုံးလို.ရတယ်..

ဒါကတော့ကနုကမာနဲ.ခရစ်စတယ်ပေါင်းလုပ်ထားတဲ့ မှန်နဲ.နုတ်ခမ်းနီထည့်တဲ့ဘူးပါ..အလှကြိုက်သူတွေအတွက်နော်..
သူငယ်ချင်းတို.ခရစ္စမတ်မှာကောင်းချီးများစွာရပြီးနှစ်သစ်မှာ ပျော်ရွှင်ပါစေ.....
အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Saturday, December 5, 2009

အနီရောင်လည်စည်းလေး


အေးစက်သော ဒီဇင်ဘာရက်များသည် နှစ်ပေါင်းများစွာကတည်းက ဖြစ်ပွားခဲ့ပြီး ၊ လူများအားဇူလိုင်လတွင် ဈေးဝယ်ခဲ့ရင်အကောင်းသားဆိုတဲ့ ဆန္ဒကိုဖြစ်ပေါ်စေပါသည်။ လမ်းဘေးခုံတန်းပေါ်မှ အိမ်ခြေမဲ့ မုတ်ဆိတ်မွှေးဗလပွနှင့်ယောကျာ်းတဦးမှာ ဒူးခေါင်းကြားခေါင်းထည့်ပြီး ခပ်ကွေးကွေးထိုင်နေပါသည်။ ခြေအိတ်မပါသောဖိနပ်စီးကာ နွမ်းရိနေသော အင်္ကျီကိုဝတ်ထားသည် ။စူးရှသောအအေးဒဏ်ကိုကာကွယ်ရန် စက္ကူအိတ်တလုံးကို ခေါက်ပြီး လည်ပင်းတွင်ပတ်ထားသေးသည် ။

ကျနော်ထိုသူအားကြည့်ရင်းဝမ်းနည်းစွာဖြင့် "သနားစရာသတ္တ၀ါပါလား "ဟု တွေးထင်နေမိသည်။ ကျနော်လည်း ထိုသူ.အားကူညီနိုင်စွမ်းမရှိပါ. ကျနော်ထိုလူအနားတွင်တ၀ဲလည်လည်လုပ်နေစဉ် လည်ပင်းတွင်တောက်ပသောသိုးမွှေးလည်စီး ပတ်ထားသောဆယ်နှစ်နှစ်အရွယ်ကလေးမတဦး ကျနော်တို.ရှိရာသို.လမ်းလျှောက်လာပြီး ရေခဲစားနေသောထိုသူဧ။် ခန္ဒာကိုယ်ကိုမြင်လိုက်သောအခါ ခလေးမလေးသည် ထိုသူ.နားဘေးတွင်ရပ်ပြီး သူမလည်စည်းလေးအားဖြုတ်ကာ ထိုသူဧ။် လည်ပင်းတွင် ညင်သာစွာစည်းပေးလိုက်ပါသည် ။ထို.နောက်ထိုကလေးမလေးသည် ခုန်ပေါက်ထွက်ပြေးသွားပါတော့သည်..ခုံပေါ်မှလူသည်နွေးထွေးသော သိုးမွှေးလည်စည်းကိုပွတ်သပ်ရင်းအံ့သြကြည်နူးနေပါသည်။ ကျနော်လည်းထိုသူ.အနားကထွက်လာပြီး ကျနော်သာလည်စည်းပေးခဲ့သူဖြစ်လျှင် ဘယ်လောက်ကောင်းလိမ့်မလဲလို. တွေးနေမိပါတယ် ။

ကလေးမလေးသည် ကျနော့်ကိုသင်ခန်းစာပေးခဲ့ပါတယ် ..အဲဒါကတော့ ကျနော်ဘယ်နေမှာဘဲဖြစ်ဖြစ် ၊ ကျနော်ဘာပဲပိုင်ဆိုင်ပိုင်ဆိုင် ကျနော်အမြဲပေးနိုင်တဲ့အရာကနွေထွေးသော ထိတွေ.မှု ၊အပြုံးတခု ၊ဆုတောင်းခြင်း ၊ကြင်နာသောအပြောစကားနှင့် နီရဲသောလည်စည်းလေးတခုပေါ့...


*****ထိုဘာသာပြန်ပုံပြင်အား ကောင်းကင်ဘုံမှစမ်းရေ စာအုပ်မှ ကျနော်ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်..


အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Thursday, November 26, 2009

Happy thanksgiving day

ကဲ ..ပျော်ပျော်ကြီး စားကြမယ်နော်....
လိုက်ဖက်မယ်ထင်လို. ၀ိုင်လေးပါစီစဉ်ထားတယ်...


ဒီတကောင်ကတော့ အိမ်သယ်သွားချင်လည်းရတယ်နော်...



ပြီးရင် ဒီလိုလေးလဲလုပ်ကြဦး..ဟား..ဟား..ဟား.ဟား..



Happy Thanksgiving day all my friends....

အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

စားကြမယ်ဟေ့ တာကီ



အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Friday, November 13, 2009

နင်မလုပ်ခဲ့ပါ

ဟိုတနေ.က ငါမင်းကိုပြုံးပြခဲ့တယ်..
ငါထင်တာ မင်းငါ့ကိုတွေ.မယ်ပေါ့ ဒါပေမယ့် မင်းမတွေ.ခဲ့ဘူးနော်..
ငါပြောခဲ့တယ်" မင်းကိုချစ်တယ် " ပြီးတော့ မင်းရဲ.အဖြေကိုလည်းစောင့်နေမိတယ်..
ငါထင်တာမင်းကြားလိမ့်မယ်လို. ဒါပေမယ့် မင်းမကြားခဲ့ဘူးနော်..
ငါမင်းကိုပြောခဲ့တယ် အပြင်မှာငါနဲ.ဘောလုံးလာကစားပါလားလို.
ငါထင်တာမင်းနောက်ကလိုက်လာမယ်ပေါ့ ဒါပေမယ့်မင်းမလိုက်ခဲ့ဘူးနော်..
ငါ မင်းပုံလေးဆွဲခဲ့တယ် မင်းကိုမြင်စေချင်လို.ပါ
ငါထင်တာမင်းသိမ်းထားလိမ့်မယ်လို. ဒါပေမယ့် မင်းမသိမ်းခဲ့ဘူးနော်..
ငါခံတပ်တခုကိုနောက်ဖက်တောအုပ်ထဲမှာလုပ်ခဲ့တယ်
ငါထင်တာနင်ငါနဲ.အတူတဲထိုးမယ်ပေါ့ ဒါပေမယ့်နင်မလုပ်ဘူးနော်..
ငါတီကောင်တချို.ကိုရှာခဲ့တယ် အကယ်၍ ငါတို.ငါးမျှားသွားမယ်ဆိုရင်ပေါ့
ငါထင်တာနင်လည်းသွားချင်မယ်ပေါ့ ဒါပေမယ့် နင်မသွားခဲ့ဘူးနော်..
ငါနင့်ကိုလိုအပ်ခဲ့တယ် တိုင်ပင်ဖော်တိုင်ပင်ဖက်အနေနဲ.ပေါ့
ငါထင်တာနင်လည်း ငါ့လိုပဲ ဒါပေမယ့် နင်မလုပ်ခဲ့နော်...
ငါနင့်ကိုပြောခဲ့တယ် ပြိုင်ပွဲမှာ နင့်ကိုရှိစေချင်တယ်
ငါထင်တာ နင်ကြိမ်းသေပေါက်ကိုလာမယ်ပေါ့ ဒါပေမယ့် နင်မလာခဲ့ဘူးနော်..
ငါမေးခဲ့တယ် ငါတို.ရဲ.ငယ်ရွယ်နုပျိုမှုတွေကို ဖလှယ်ဖို.ပေါ့
ငါထင်တာနင်လည်းလိုချင်ခဲ့မယ်ပေါ့ ဒါပေမယ့် နင်မလုပ်ခဲ့ဘူးနော်..
ငါ့နိုင်ငံက စစ်ထွက်ဖို.ငါ့ကိုခေါ်ခဲ့တယ် နင့်ငါ့ကိုပြောခဲ့တယ်အိမ်ကိုအန္တရာယ်ကင်းစွာပြန်လာဖို.ပေါ့
ဒါပေမယ့် ငါပြန်မလာနိုင်ခဲ့ဘူးကွယ်...
အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Saturday, November 7, 2009

ငရဲနဲ. ကောင်းကင်ဘုံ

ကောင်းကင်ဘုံ နဲ. ငရဲအကြောင်းကို လူငယ်တယောက်က ဘုရားသခင်ကို မေးမြန်းခဲ့ပါတယ် ။ ဘုရားသခင်က ထိုလူငယ်ကို " လာခဲ့..ငါ မင်းကို ငရဲကို ပြမယ် "
အခန်းထဲမှာ လူတစုက ဟင်းအိုးကြီး ပတ်ပတ်လည်မှာ ထိုင်နေကြတယ်..သူတို.ဟာ အရမ်းကို ဆာလောင်မွတ်သိပ်ပြီး အစာကိုအငမ်းမရ စားချင်နေကြလေရဲ. ။ အိုးထဲက အစာတွေကို ခပ်စားနိုင်ဖို. ဇွန်းတချောင်းစီလည်း ကိုင်ထားဆဲ ဒါပေမယ့် ဇွန်းရဲ.လက်ကိုင်တွေဟာ အရမ်းကိုရှည်လွန်းပြီး ဘယ်လောက်ရှည်သလဲဆိုရင် သူတို.ရဲ.လက်တွေထက်တောင် ရှည်သတဲ့..ဒါကြောင့် အဲဒိဇွန်းနဲ. အိုးထဲကဟင်းကိုခပ်ပြီး ပါးစပ်ထဲကိုထည့်လို.မ၇ဖြစ်နေတာကြောင့် အတော်ကြီးကို စိတ်ဒုက္ခရောက်နေသတဲ့ ။
" ကဲ..လာခဲ့ ငါအခု မင်းကို ကောင်းကင်ဘုံကိုပြမယ် "ဘုရားသခင်ပြောပြီးခဏအကြာ သူတို.၂ယောက် နောက်အခန်းတခုထဲကို ၀င်ခဲ့ပါတယ်..အိုးအကြီးကြီးထဲမှာ ဟင်းတွေရယ် . ထိုင်နေတဲ့လူတစုရယ် . ဇွန်းအရှည်ကြီးတွေရယ် အားလုံးက ပထမအခန်းနဲ.ထပ်တူပါပဲ ဒါပေမယ့် ထူးခြားမှု တခုကတော့ ဒီအခန်းထဲကလူတွေအားလုံးက ကောင်းကောင်းဗိုက်ဝပြီး အားပြည့်ပျော်ရွှင်နေကြလေရဲ. ။
" ကျနော်တော့ နားမလည်နိုင်တော့ဘူး..အရာအားလုံးအတူတူဖြစ်နေပါလျှက်ဘာကြောင့် သူတို.ကပျော်နေပြီး တခြားအခန်းမှာ ကြတော့ ဘာလို.စိတ်ပျက်ဝမ်းနည်းနေကြတာလဲ.."လို.လူငယ်ကမေးလိုက်သတဲ့ ။
ဘုရားသခင်ကပြုံးပြီးပြန်ဖြေလိုက်တာကတော့ " သြော်..ဒါက လွယ်ပါတယ်ကွယ် ဒီမှာက သူတို.တယောက်နဲ.တယောက်ခွံကျွေးတဲ့နည်းကို လေ့လာမိသွားလို.ပါကွယ် "

အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Sunday, November 1, 2009

Halloween ည

ဒါ Holloween ညက ရိုက်ထားတဲ့ပုံတွေပါ အဲဒီညက waikiki ကမ်းခြေတလျှောက် ၀တ်စုံတွေဝတ်ပြီး
လမ်းလျှောက်ကြတာ ပျော်စရာကြီးပါ..ကျနော်နေတဲ့ ကျွန်းတကျွန်းလုံးကလူတွေက ဒီ waikikiကမ်းခြေ ကိုလာကြတာဆိုတော့ သူငယ်ချင်းတို.စဉ်းစားကြည့် ဘယ်လောက်လူများလဲလို. ။ ဒီပွဲကို ကျနော် ဒီတခါပဲနွှဲဖူးတာပါ.. ကျနော့်အတွက် ၀တ်စုံလိုက်ဝယ်သေးတယ် မရလို.ဆံပင်တခုပဲ ၀ယ်လိုက်တယ်..နောင်နှစ်ကြရင်တော့ သူငယ်ချင်းတို.ကို ပြဖို. လှလှပပလေးဝယ်ထားပါမယ်.. ကျနော်သွားတုန်းက
၈ နာရီကနေ ၉နာရီထိပဲဆိုတော့ သိပ်မစည်သေးဘူး ..၁၀နာရီကျော်ရင် အရမ်းစည်တာတဲ့ လမ်းလျှောက်စရာမလိုဘူးတဲ့ မြန်မာပြည်က ဘုရားပွဲလိုပေါ့..ပထမဆုံးတွေ.တဲ့ပုံကတော့ ကျနော်တို. စုံတွဲပုံပါ ကျနော့်ရဲ.ချစ်ကိုကိုကြီးကို ကျနော်ကိုယ်တိုင်ဆင်ထားတာပါ.. အိပ်ယာခင်းအဖြူ တခုကုန်သွားပါတယ်..သူငယ်ချင်းတို.လဲ ဓာတ်ပုံတွေကြည့်ပြီး ပျော်ရွှင်နိုင်ပါစေ..



































ခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Wednesday, October 28, 2009

ဒေ၀ါလီပွဲ

တနင်္လာနေ.က ကျနော်တို. ဟိုနိုလူလူကျွန်းမှာ ဒေ၀ါလီပွဲလုပ်ကြတယ်..ကျနော်လည်း ရန်ကုန်ကချစ်တီးထမင်း ဟင်းကိုလွမ်းတာနဲ. လက်မှတ်တစောင် ဒေါ်လာ၂၀ ပေးဝယ်ပြီး သွားလိုက်တယ်..အကုန်လုံးလိုလို ဟိန္ဒူ အိန္ဒိယတွေဆိုတော့ အိန္ဒိယ၀တ်စုံတွေပဲဝတ်ကြတယ်..သူတို.ရဲ.မိသားစုဝင် လူမျိုးခြားတွေတောင် အိန္ဒိယ၀တ်စုံပဲဝတ်ကြတယ်..ကျနော်တောင် နောင်နှစ်အတွက် အိန္ဒိယ
ဝတ်စုံတစုံလောက် ၀ယ်ဖို.စိတ်ကူးထားတယ်.. ပထမဆုံး အကတွေ ပြဇာတ်တွေနဲ. ဖျော်ဖြေတယ် ပြီးမှ ထမင်းစားဖို.တန်းစီရတယ်..တန်းစီတဲ့နေရာမှာလဲ ကလေးတွေနဲ. အသက်ကြီးတဲ့သူတွေရယ် ကလေးငယ်ပါတဲ့မိသားစုတွေရယ် အရင်ဆုံး တန်းစီပြီး ၀င်ကြရတယ်..သူငယ်ချင်းတို.အတွက် ဗီဒီယိုရိုက်လာပါတယ်..ဒါပေမယ့် ၁ကားပဲ ဒေါင်းလော့ခ်လုပ်တယ် ကျန်တာတွေကမလုပ်ဘူး .အဲတော့ ရှိတဲ့
၁ကားပဲကြည့်ပြီး စားလိုက်ပါဦးနော်..





အချိုပွဲက မလိုင်လုံးနဲ. ရွှေချည်ကျွေးတာ...



အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Thursday, October 22, 2009

ဧည့်သည်တွေအတွက်

သူငယ်ချင်းအားလုံး ကျနော့်အိမ်ကိုလာလည်တာကျေးဇူးပဲနော်..ဆုတောင်းမှားခဲ့သူများကနေ ထပ်မတက်နိုင်ဖြစ်နေတဲ့ တရားခံက Face book ပါပဲ..အဲဒိက farm towm နဲ. farm ville မှာ သစ်ပင်တွေစိုက် .လယ်တွေစိုက် .အကောင်တွေမွေးနဲ. စိုက်ပျိုးမွေးမြူရေးတွေလုပ်နေလို. ဘလောဂ်ဘက်ကို လှည့်မကြည့်နိုင် အသစ်မရေးနိုင်ဖြစ်နေတာပါ.. တနေ.ကိုတခါလောက်တော့ ကျနော့အိမ်ကိုလာစစ်လေ့ရှိပါတယ် .အသစ်တင်ထားတာလေးတွေတွေ.ရင် ၀င်ဖတ်သွားပါတယ်..ကဲ သွားလိုက်ပါဦးမယ် လယ်ထဲမှာရိတ်သိမ်းစရာလေးတွေရှိလို.ပါ..ဒါနဲ. Face book ကိုရောက်ရင် ကျနော့စာမျက်နှာကိုလည်း လာလည်ပါလို. ဖိတ်ပါတယ်..ကျနော့် ပုံတွေရော ကျနော့်လယ်တွေရဲ.ပုံရောတင်ထားပါတယ်...ဒီဘက်မှာလည်း ပြန်ရေးနိုင်အောင် ကြိုးစားလိုက်ပါဦးမယ်...

အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Friday, October 2, 2009

ဆုတောင်းမှားသူများ

၁၈၉၄၀န်းကျင်က အခုလိုနေ.ထူးနေ.မြတ်တွေမှာ ချစ်သူများဟာ ဘုရားကျောင်းကန်တွေကို သွားပြီးဆုတောင်းခဲ့ဘူးပါတယ်..အခုလည်း အဲဒိလိုပဲ ဆုတောင်းနေကြဦးမှာပါ...
ကြာခဲ့ပါပြီ.. မူးချောင်းလေးနံဘေး လယ်ကန်သင်းပေါ်မှာချစ်သူနှစ်ဦး တွေ.ဆုံနေကြရင်း.. "ကိုဖိုးသာရယ် ကျုပ်ကိုချစ်မှချစ်ရဲ.လားတော်. ". " မိအေးလေးကလည်း ဘယ်နှဲ.ပြောလိုက်တာလဲ ချစ်လွန်းလို. ကျုပ်အလုပ်ကြိုးစားလုပ်နေတာပေါ့..".. "အေးတော် ကျုပ်တို.မလဲ နွားတွေနဲ.ဖက်ရုန်းလာရတာ ငယ်ငယ်ကတည်းကပဲ ဘယ်တော့များကြွယ်ဝပါ့မလဲတော်ရယ်." ." ဟုတ်ပါ့မိအေးရယ် ကျုပ်မြို.ကိုသွားအလုပ်လုပ်ချင်သပါ့ ကျုပ်တို.ရွာသားတွေက စာကလဲကောင်းကောင်းမတတ်တော့ နွားနဲ.ပဲရုန်းတတ်တယ်မိအေးရယ်.".." ကျုပ်တို.ရွာဦးစေတီသွားပြီး ဆုတောင်းရအောင်လား." ." ဟုတ်ပါ့တော် ဒီနေ.သီတင်းကျွတ်လပြည့်နေ.ဆိုတော့ ကျုပ်တို.ဆုတောင်းပြည်.ချင်ပြည့်မှာတော့်.."
တိမ်တောက်ချိန်မှာ မိအေးက ကျုပ်အတွက်မင်းသမီးတပါးလိုပါပဲ. သနပ်ခါးပါးကွက်ကျားနဲ. လှချင်တိုင်းကို လှတာပါပဲ...ရွာဦးစေတီရဲ.ဆည်းလည်းသံက ကိုဖိုးသာရဲ. သောကအပူတွေကို ငြိမ်းအေးစေပါတယ်..အင်း..ဒါကြောင့်ဘုရားရိပ် တရားရိပ်ကအေးချမ်းတယ်လို.ပြောကြတာကို..." ကိုဖိုးသာ ဘာတွေစဉ်းစားနေတာတုန်းတော့ ကျုပ်တို.ဘုရားဝတ်ပြုပြီးပြန်ရအောင် မှောင်ရီစပျိုးလာပြီတော့်"..." သြော်..အေးပါကွာ...အေးပါ."..ကိုဖိုးသာဘုရားဝတ်ပြုအပြီး မိအေးကိုကြည့်ရာ မိအေးမှာဆုတောင်းဆဲပင် ..အင်း..မိန်းမတွေက ယောကျာ်းတွေထက် ဆုတောင်းစရာပိုများတယ်ထင်ပါ့.."ကိုရင်ဖိုးသာ သွားကြရအောင် တော်ဘာတွေဆုတောင်းခဲ့လည်း ".." ကျနော်ချစ်တဲ့မိအေးလေးနဲ. ဘယ်ဘ၀ရောက်ရောက် ပေါင်းသင်းရပါစေလို.ဆုတောင်းတာပေါ့.". " ကျုပ်လည်းလေ တော်နဲ.မခွဲနိုင်လို.ငှက်ဖြစ်ရင်တောင် တကိုင်းတည်းနားပါရစေလို. ဆုတောင်းတယ် ..ကျုပ်ကချမ်းသာဖို.တောင်ထပ်ဆုတောင်းလိုက်သေးတယ်..ကျုပ်နဲ.တော် ချမ်းချမ်းသာသာမြို.မှာနေရအောင်လို.ပါတော်.".." အဲဒါတွေကြောင့် မိအေးကို ဟောဒီက ကိုဖိုးသာကြီးကပိုပိုချစ်နေရတာပေါ့...ဟင်း..ဟင်း..ဟင်း..ဟင်း."." ဟိ...ဟိ."... " အား." ." ဟင် မိအေးဘာဖြစ်လို.လဲ." ." ခြေတောက်ကို ငုတ်ဆူးသွားလားမသိဘူး.နာလိုက်တာကိုရင်ရယ်." ." ပြစမ်း ကိုရင်ကြည့်ပေးမယ် ." .ကိုဖိုးသာဓာတ်လင်းမီးဖြင့် မိအေးခြေသလုံးလေးကို ကြည့်လိုက်ရာ သွေးစို.နေသောအပေါက်လေးကိုတွေ.လိုက်သည်..အကောင်ရှည်ကိုက်လိုက်ခြင်းပင်တည်း.." .မိအေးမလှုပ်နဲ.နော် အကောင်ရှည်ကိုက်သွားတာ "..ကိုဖိုးသာ ဘာလုပ်ရမည်မသိ ကန်သင်းရိုးဆိုတော့ လူနေအိမ်တွေနဲ.အတန်ဝေသေးသည်..မိအေးညည်းသံကြားလေ သူရင်တွေပူလေပင်..သူကြားဘူးနားဝရှိသည့်အတိုင်းမိအေးကို ပြုစုကြည့်သည် ဝေဒနာသည်ပို၍ဆိုးရွားလာသည်ပင်..သူမိအေးကို ထမ်းပြီးနီးရာရွာဦးကျောင်းဆီကိုဦးတည်လိုက်သည်..မောရကောင်းမှန်းသူမသိပါ..သူနှလုံးသားသည် အပြင်ကိုပေါက်ထွက်မတတ်ခုန်နေပါသည်..မောနေလို.လာ..ချစ်သူကိုပူပင်နေ၍လားသူမသိပါ...
" ဘုန်းဘုန်း ဘုရားတပည့်တော်တို.ကို ကယ်တော်မူပါ..ဘုန်းဘုန်းဘုရား..."
" ဟေ့..ဘယ်သူလဲဟ.".." ကျနော်ဖိုးသာပါဘုရား မိအေးကိုအကောင်ရှည် ကိုက်သွားလို.ပါ ဘုရား" .." ဟေ..အေးအေး ကျောင်းပေါ်တက်ခဲ့ ကပ္ပိယကြီး ဆရာဝန်လေးကိုအမြန်ခေါ်ချေစမ်းကွဲ." ။ " ဟုတ်ကဲ့ပါ ဘုရား..."
မကြာခင် ဆရာဝန်လေးရောက်လာ၍ စမ်းသပ်ရာ " လူနာကအသက်မရှိတော့ပါဘူး ဘုရား" .".ဟေ" .." ဗျာ."." ဟုတ်ပါတယ် မြွေကိုက်တုန်းက ဒီကနောင်ကြီးတခုခုများ လုပ်မိသလား.".."ဟုတ်ပါတယ် ဆရာလေးရယ် ကျုပ်ချစ်သူမိအေးကို သက်သာမလားဆိုပြီး ကိုက်တဲ့နေရာကို ဆေးလိပ်မီးနဲ.ထိုးလိုက်ခဲ့ပါတယ်ဗျာ."." မှားတာပေါ့ဗျာ.မြွေဆိပ်ဆိုတာ ပူတဲ့အမျိုးဗျ အဲဒါကိုဆေးလိပ်မီး အပူနဲ.ထိုးလိုက်တော့ မြွေဆိပ်က ပိုပြန်.သွားတာပေါ့ ..နောက်မှတ်ထားပေါ့ဗျာ."..
အဲဒိနေ.ကစပြီး ကိုဖိုးသာတယောက်ကို ဆရာဝန်လေးရဲ.ကျမ္မာရေးဟောပြောပွဲတွေမှာ အမြဲတမ်းတွေ.နိုင်ပါတယ်.......
သက္ကရာဇ် ၂၀၀၉
ဘုန်းသီဟ ဆိုသောကျနော် အပျော်သဘောနဲ.ရွှေဘိုဘက်ကရွာလေးတရွာကို ခရီးထွက်ခဲ့ပါတယ်..ရန်ကုန်မှာ လုပ်ငန်းတွေကို လက်ထောက်တွေနဲ.လွှဲပြီးထွက်လာခြင်းပေတည်း..ကျနော်အသက် ၃၀ ထိ ဒီတကြိမ်ပဲ စိတ်လွတ်လက်လွတ်ခရီးထွက်ဖူးတာပါ..ခရီးထွက်ရခြင်းကလဲ အိပ်မက်တခုကြောင့်ဆိုလဲမမှားပါဘူး..အိပ်မက်ထဲမှာ ကျနော်ကချောင်းလေး တခုဘေးက လမ်းလေးပေါ်မှာလမ်းလျှောက်နေတယ်လို. မက်နေတာ...သူငယ်ချင်းတွေကို ပြောပြတော့ သူတို.အကူအညီနဲ. ဒီနယ်ဘက်ကို ထွက်လာခြင်းပေတည်း....ရွာနားနီးလေ ကျနော်.ရင်တွေက လှပ်လှပ်လှပ်နဲ.ခုန်လေပဲ..ဘာကြောင့်လဲ ကျနော်မသိပါဘူး နေရာအသစ်ကြောင့်ဖြစ်နိုင်ပါတယ်...ရွာထဲကို ၀င်တယ်ဆိုရင်ပဲ ကျနော့်ကားနားကို ခလေး လူကြီး မရွေး
ဝိုင်းကြည့်နေကြရာ ကားနဲ.အနီးဆုံးလူအား " နောင်ကြီး ကျနော် ရွာဦးကျောင်းသွားချင်လို.ပါ..တဆိတ်လမ်းညွှန်ပေးပါခင်ဗျ." ." ဒီလမ်းတည့်တည့်သွား ညာဘက်ချိုးလိုက်ရင် ဆရာတော်ကျောင်းပါပဲ.".." ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်" ..ဆရာတော်ကြိမ်းစက်နေရာမှ ထလာရာ " ဒကာကြီးဘုန်းသီဟ ရောက်လာပကိုး ကျုပ်ကမနက်ကတည်းကရောက်မယ်ထင်နေတာ".." မှန်ပါ့ဘုရား လမ်းမှာနားနေလို.ပါဘုရား "..." အိမ်း..ကောင်းလေစွ ..ဘုန်းဘုန်းကျောင်းမှာတော့ကြိုက်သလိုနေနိုင်တယ် ဒကာ..စားစရာသောက်စရာတော့မပူနဲ. တအိမ်တက်ဆင်းလာပို.ကြလိမ့်မယ်ကွဲ. ကဲ..ဒကာလေးနားလိုက်ဦး.."
လယ်ကွင်းထဲကဖြတ်သန်းလာတဲ့လေရိုင်းတွေနဲ. ငှက်လေးတွေရဲ.တေးသီသံက ကျနော့်ကိုရန်ကုန်မပြန်အောင် ဆွဲဆောင်နေသလိုပါပဲ..ကျနော်ဒီရွာရောက်တာ တပတ်ကျော်သွားပြီ..ဘုန်းကြီးကျောင်းမှာနေပြီး ရွာမှကျွေးသောထမင်းကို စားနေခြင်းပင်တည်း...ရန်ကုန်လို ကြက်သား .၀က်သား .မစားရပေမယ့် ငပိရည်နဲ.လည်းမိန်လှပါတယ်..ကျွေးသူက စေတနာကောင်းလို.ဖြစ်မှာပေါ့...သြော်..မေ့နေလို. ကျနော်ဒီရွာရောက်တဲ့နေ.ကစပြီး အိပ်မက်မမက်တော့တာပါပဲ..ကျနော်နေရာမှန်ကိုရောက်လာလို.ဖြစ်မယ်..
" အို..အမေ့.."..ကျနော်အတွေးတွေထဲကနေလန်.နိုးသွားပါတယ်..အသံလာရာကို ကြည့်မိရာ မိန်းခလေးတယောက်ခြေခေါက်လဲနေခြင်းပါ." .ညီမလေး နာသွားလား အကိုထူပေးမယ်လေ.".
" ရပါတယ်." ."လာပါအားမနာပါနဲ. အကိုထူပေးပါမယ်..ဆရာတော်ဆီသွားမလို.လား."." ဟုတ်ကဲ"့ ..သူမလက်ဖ၀ါးလေးတွေက ကြမ်းလှသည် ..ကောက်စသမလေးမို.နေမှာပါလေ..ကျနော့ရင်တွေ ပရမ်းပတာကို ခုန်နေပါတယ်..သူမကလည်း ဆံပင်ရှည်များနဲ.မျက်နှာကို ဖုန်းကွယ်ထားရာ ကြည့်ခွင့်မသာခဲ့ပါ.." ဟဲ့..ဘာဖြစ်လာကြတာတုန်းကွဲ. " " ဆရာတော့်ကို လာဖူးရင်း ကျောင်းဝင်းထဲ ခြေခေါက်လဲလို.ပါဘုရား."..
" ဒကာလေးသြဘာရယ် ဖြစ်မှဖြစ်ရလေ...အိမ်ရောက်ရင် ဆေးလေးဘာလေးလိမ်းကွဲ." " ဟုတ်ကဲ့ပါဘုရား"
" ဧည့်သည်အတွက်ထမင်းချိုင့်ကိုတော့ ထားခဲ့ ကပ္ပိယကြီးကို ပို.ခိုင်းလိုက်မယ်.".." ဟုတ်ကဲ့ပါဘုရား.."..သူမပြန်သွားရာ ကျနော့်ရင်ထဲ ဟာတာတာနဲ.ကျန်ခဲ့ပါတယ်..".ဒကာလေးဘုန်းသီဟ " ."တင်ပါ့ဘုရား.."."စောစောနက ဒကာသြဘာက မိန်းခလေးမဟုတ်ဘူးကွဲ. အင်း ..အတိတ်ဘ၀က ကုသိုလ်ကံနည်းလို. ဒီဘ၀မှာယောကျာ်းလေးကိုယ်နဲ.မိန်းမစိတ်ဖြစ်နေရှာတာကွယ်..သူမှာ မိဘတွေမရှိရှာတော့ဘူး."." သြော်.ဒီလိုဆိုတော့လည်းသနားစရာပါပဲဘုန်းဘုန်းရဲ." ။ " အိမ်း..ဟုတ်လကွယ်."..နောက်ရက်များမတော့ ကျနော်ဘုန်းသီဟတယောက် သြဘာနားကိုရောက်ရောက်နေတတ်ပါတယ်..သြဘာကအသားညိုညိုနဲ. မိန်းခလေးလိုပဲ ချောလှပါတယ်..ရက်များကြာလာတာနဲ.အမျှ ကျနော်နဲ.သြဘာတို. သံယောဇဉ်တွေ တိုးလို.လာပါတယ်.".သြသြကိုယ်ရန်ကုန်ပြန်ရင် လိုက်ခဲ့ပါလား."." လိုက်တော့လိုက်ချင်သားပဲ ရွာမှာကကျုပ်ကိုအခြောက်မဆိုပြီး သိပ်နှိမ်ကြတာ..ဘဘုန်းကိုပြောကြည့်ပါလား..ဘဘုန်းကလိုက်ဆိုရင်လိုက်ခဲ့မှာပေါ့.".." ဟုတ်ပြီလေ ကိုယ်ပြောပေးမယ်..".
တနေ.နှင်းတွေဝေနေတဲ့တရက်မှာ အဖိုးတန်ကားတစီးကရွာကလေးကနေ ရန်ကုန်ကို ဦးတည်နေပါတယ်..ကားပေါ်ကလွင့်ကျန်ကျခဲ့တဲ့ အရာတွေကတော့ ဘုန်းသီဟနဲ.သြဘာတို.ရဲ.ပျော်ရွှင်ကြည်နူးတဲ့ ရယ်မောသံတွေပါပဲ...
....
စာရေးသူဧ။်အမြင်...
လူဆိုတာ လူပါပဲ..ယောကျာ်း ၊ မိန်းမ ဖြစ်စေ မိန်းမလျာ ၊ ယောက္ကလျာဖြစ်ဖြစ် အကုန်လုံးလူပါပဲ..ဦးဏှောက် နဲ. နှလုံးသားတခုစီ ပိုင်ဆိုင်သူတွေကြီးပါပဲ..အားလုံးတန်းတူပါပဲ ညစ်ညူးတဲ့မျက်လုံးတွေ နဲ.ကြည့်ရင်တော့ ညစ်ပတ်တာပဲ မြင်ရမှာပေါ့...ကြည်လင်တဲ့မျက်လုံးတွေနဲ. ကြည့်ကြည့်ပါ ..အရာရာကြည်လင်တောက်ပလာပါလိမ့်မယ်....
ဘယ်လိုပြင်ပြင် ..ပြင်ပေးလို.မရတဲ့ သူငယ်ချင်းဘိုဘို ( သန်လျှင် ) အတွက်ပါ...
အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Monday, September 28, 2009

အကြွေးများနဲ.အသက်ရှုခြင်း


ကျနော် မနေ.ညက ကိုကိုနဲ.အတူ လမ်းလျှောက်ထွက်ခဲ့တယ်..ည ၉နာရီဝန်းကျင်ဆိုတော့ လူသွားလူလာရှင်းတယ်လေ ..ကျနော်တို. ၂ယောက်ရှေ့က အဖွားအိုတယောက်ကတော့တုန်တုန်ရီရီနဲ. ခပ်သွက်သွက် လျှောက်လှမ်းနေပါတယ်..မီးပွိုင့်ရောက်တော့ သူမက ကျနော်တို.နဲ.ဆန်.ကျင်ဘက်

လမ်းကို ကူးဖို. ပြင်ရင်းကျန်ခဲ.လေရဲ...ကျနော်တို.လမ်းကူးပြီးလို. တဖက်ပလက်ဖောင်းအရောက်မှာ အနောက်လှည့်ကြည့်လိုက်ရာ မထင်မှတ်ပဲ အဖွားအိုက ကျနော်တို.ဘက်အခြမ်းကို လမ်းကူးလာရင်း သူမနောက်ကျသွားပါပြီ..မီးပွိုင့်စိမ်းသွားလေပြီ သူမနောက်ပြန်ဆုတ်လို.လည်း မရတော့ပါ..ရှေ့တို.ရန်လည်းမဖြစ်နိုင်တော့ပါ ...

" ကိုကို အဖွားကြီးကိုသွားကူညီပါအုံး..ဒီကိုခေါ်လာခဲ့..."

အဖွားအိုက လူကူမျဉ်းကြားကနေသွေဖယ်ပြီး ကားလမ်းမကနေဖြတ်ကူးနေပါတယ်..ကားတွေကလည်း မောင်းရမလိုလို ရပ်ရမလိုလိုနဲ.ဖြစ်ကုန်ပါတယ်..ကျနော်စိတ်မရှည်ပါ ကိုကိုဘာသွားလုပ်နေသလဲ မြန်မြန်ဆွဲပြီး ကားလမ်းကူးလိုက်ပါလား.. ကိုကိုကလမ်းလည်ကနေ ကားတွေကို လက်ပြတားထားပါတယ်..အဖွားအိုက ပလက်ဖောင်းပေါ်ရောက်သွားပါပြီ ဒါပေမယ့် ကျနော်တို.သူမကိုစိတ်မချပါ..သူမနောက်ကနေဖြည်းဖြည်းချင်း လိုက်ခဲ့ရာ နောက်မီးပွိုင်းတခုအရောက် သူမကလမ်းဖြတ်ကူးရာ ကိုကိုကတော့ကားတွေကို ကြည့်ထားပေးရတာပေါ့..သူမဘာလုပ်တယ်လို.ထင်သလဲ လမ်းတ၀က်ကနေလာရာလမ်းကို ပြန်လျှောက်လာတယ် လမ်းမပေါ်ကနေလျှောက်တာနော်...ကျနော်တို.တွေ စိတ်ပူသွားကြရင်း

" ဟိုမှာ မီးသတ်ကလူတွေရှိတယ် ကိုကိုသွားခေါ်လိုက်ဦးမယ်..အဖွားကြီးကို ကြည့်ထားနော်."..ကိုကိုကအပြေးတပိုင်းနဲ. မီးသတ်ဝန်းရှိရာကိုသွားနေတုန်း ကျနော်ကတော့ အဖွားကြီးရဲ.နောက်ကနေလိုက်နေရတုန်းပဲ...အဖွားအိုက လမ်းမပေါ်ကနေ ပလက်ဖောင်းပေါ်တက်ပြီး ခဏ ဖြုံးကနဲလဲကြသွားရာ ကျနော်အပြေးရောက်သွားရောက်သွားပြီး ဖေးမလိုက်ရာ

" ဟဲ့..ငါ့ကိုဖြေးဖြေးကိုင်ပါ......"...(နောက်ထပ်စကားတွေကိုကျနော်မမှတ်မိပါ )သူမအသံကခြင်္သေ့တကောင်အသံလိုဟိန်းထွက်လာပါတယ်..ကျနော်မထင်မှတ်ပါ သူမလိုအဖွားအိုတဦးထံကတုန်.ပြန်မှုက ပြင်းထန်လှပါတယ်..မီးသတ်သမားတွေလည်း အပြေးလေးရောက်လာရင်းသူမကို မေးကြမြန်းကြရာ သူမအကုန်မှတ်မိပါတယ်..ကျနော်သူမအနားကနေ မခွာနိုင်သေးပါ သူမနောက်တကြိမ်လဲမကျသွားစေဖို. သူမနောက်ကျောကို ကျနော်ဖေးမထားလို.ပါပဲ..သူမက မီးသတ်သမားတွေကိုလည်း အော်လိုက်ပါသေးတယ်...သူမထိုင်နိုင်တဲ့အချိန်မှာ ကျနော်တို.အိမ်ကိုပြန်လာခဲ့ရင်း

" ကိုကို ဘာလို.အဖွားကြီးကို ငါ့ဘက်ခေါ်မလာတာလဲ" ..." ငါလည်းခေါ်လာမလို.ပါ.သူကငါမေးတာလည်းမဖြေဘူး ငါကူညီမလို.ပါပြောတော့ ငါ့ကိုအော်တယ်ဟ" .." သြော်.".ကျနော်တွေးစရာရသွားပါပြီ..သူမအသက်က( ၈၀ )

ဝန်းကျင်ဆိုတော့ အိမ်မှာနေသင့်တဲ့အရွယ်ပါ..ဒီအချိန်ကြီးမှာ အပြင်ကိုဘာထွက်လုပ်သလဲ..မိသားစုကရောမသိဘူးလား..မြန်မာအဖိုး အဖွားတွေက ကံကောင်းကြပါတယ်..အသက်လေး၆၀ ကျော်လာရင် အိမ်မှာပဲ ဘာမှလုပ်စရာမလိုဘူး...နိုင်ငံခြားမှာတော့ ကိုယ့်အောက်စီဂျင်ဘူးကိုယ်သယ်ပြီး ပိုက်တန်းလန်းနဲ.ဈေးဝယ်နေတာ..အိုကြီးအိုမနဲ. အလုပ်လုပ်နေကြ သွားလာနေကြရတာ ထမင်းတလုတ်အတွက်လုပ်နေကြရာတာတွေ ကျနော်နေ.တိုင်းတွေ.ရတာ စိတ်မသက်သာပါဘူး...အကယ်၍ ကျနော်အသက်ကြီးလာပါက မြန်မာပြည်ပြန်ပြီးအေးအေးဆေးဆေး ရွာလေးတရွာမှာ နေဖို.ဆုံးဖြတ်ထားပါတယ်...ဘယ်လိုနည်းနဲ.မှနိုင်ငံရပ်ခြားမှာ အသက်မကြီးချင်ပါဘူး...နိုင်ငံခြားဆိုတာ ကျနော့်အတွက်တော့ မသေမချင်းအကြွေးဆပ်နေရတဲ့နေရာလို.ထင်ပါတယ်..အဲဒါကအမှန်တရားပါ...

အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Wednesday, September 23, 2009

မျက်ရည်များနဲ.ငြိမ်သက်ခြင်း

ပိစိကွေးလေးဆော့ဖို.၀ယ်ထားတဲ့ အသစ်စက်စက် see saw လေးပါ...

ဒါ ၀ယ်ပြီး ၃လလောက်တုန်းကပါ..သူကျနော့်ကို တခါပဲကိုက်ဖူးပါတယ်..အဲဒါကတော့ ကျနော်သူ.ကို ကလိထိုးလို.ပါ...

ချစ်စရာကောင်းလွန်းတဲ့ ပိစိကွေးလေးပါ..ရေချိုးပေးရင် မချိုးချင်ပါဘူး..

အိပ်ပျော်နေတဲ့အတိုင်းပါပဲ..


ဝယ်တုန်းကသေးသေးလေးနဲ.ချစ်စရာကောင်းလို. ပိစိကွေးလို. နာမည်ပေးထားတာပါ...

သူ.လက်ဖ၀ါးလေးက ကလေးငယ်ရဲ.လက်ဖ၀ါးလို နူးညံ့ပျော့ပြောင်းနေတုန်းပဲ..


ဒီနေ. ကျနော့စိတ်မကောင်းကြီးစွာ ငိုမိတဲ့နေ.ပါပဲ...သေခြင်းတရားဆိုတဲ့ အရာက ကျနော်ချစ်တဲ့သူတွေကို ကျနော်နဲ.ဝေးသွားအောင် လုပ်ပစ်လို.ပါပဲ..ညနေ ၄နာရီနဲ.၄၅ မိနစ်မှာ ကျနော့်ရဲ.ကြွက်ဖြူလေး သေဆုံးနေတာကို တွေ.လိုက်ရတဲ့အချိန်မှာ ကျနော့်နှလုံးသားဟာ ၀မ်းနည်းမှုတွေနဲ.ဆို.နင့် သွားပါတယ်..ကျနော်အလုပ်သွားတုန်းက သူကအကောင်းအတိုင်းပါပဲ အလုပ်ကပြန်လာတော့သေဆုံးနေတာကိုတွေ.ရတာပါ..
အခုတော့ ကျနော်သူ.ကို မြေမြုပ်သင်္ဂြုလ် ပြီးပါပြီ..

မွေးစကလေး ရင်ဝယ်ထွေးလို.
ကျနော်ပြုစုခဲ့တယ်လေ...
အချိန်တွေကြာ ရင်မှာဆတိုး
သူကတော့ ကလေးဆိုး...
ရေချိုးရင် ရုန်းကန်ခဲ့တဲ့မင်း
သေခြင်းကို ရုန်းကန်ရင်း
ငါ့ ..ရင်ခွင်ကို
ပြန်ဝင်လာခဲ့ပါ အတင်း...

ကျနော်ချစ်သောပိစိကွေး အားရည်စူး၍ အမှတ်တရ

အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Sunday, September 20, 2009

ကောင်ကလေး နဲ. အဘိုးအို


တခါက ကောင်ကလေးနဲ. အဘိုးအိုတယောက် စကားစမြည်းပြောကြသတဲ့..
ကောင်ကလေးက " ကျနော် တခါတလေ စားရင်သောက်ရင်း ဇွန်းပြုတ်ကျတတ်တယ် ".. "ငါလည်းဒီအတိုင်းပဲ" လို. အဘိုးအိုက ပြန်ပြောလိုက်တယ်..တဖန်ကောင်ကလေးက အသံတိုးတိုးလေးနဲ. "ကျနော် ဘောင်းဘီတွေစိုအောင်လည်း လုပ်ပစ်တတ်သေးတယ် ".. အဘိုးအိုက ရယ်မောရင်း "ငါလည်းတူတူပဲကွ"..ကောင်လေးက ပြောပြန်သေးတယ် " မကြာခဏလည်း ကျနော်ငိုသေးတယ် "..အဘိုးအိုကလည်း ခေါင်းလေးတညိတ်ညိတ်နဲ." ငါရောပဲ."...ကောင်ကလေးက အဘိုးအိုရဲ. အရေးအကြောင်းပေါင်းများစွာရှိတဲ့ လက်နွေးနွေးလေးကို ဆုပ်ကိုင်ရင်း "ဒါဆိုရင် ဖြစ်နိုင်ခြေရှိတာက ကျနော်လူကြီးဖြစ်ပြီနဲ.တူတယ် ..ကျနော့်ကို လိုက်ပြီးဂရုစိုက်နေဖို.မလိုတော့ပါဘူးဗျာ"...

"နင်ဘာကိုဆိုလိုတယ်ဆိုတာ ငါသိပါတယ်ကွာ" လို.အဘိုးအိုက ပြောလိုက်တယ်ကွယ်..
********************
အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

မိတ်ဆုံစားပွဲ

ကျနော့်ငယ်သူငယ်ချင်းတွေကို Face book ကနေ ပြန်တွေ.လို. သူတို.ကို ညစာကျွေးရင်း ဘလောဂ်မောင်နှမတွေနဲ.လည်း တွေ.စေချင်တာပါ.. ကဲ သူငယ်ချင်းတို.ရေ သုံးဆောင်ကြနော်..ကျနော်ကိုယ်တိုင်ချက်ထားတာ...


ပုဇွန်ကို အနှစ်လေးနဲ.ကြော်ထားတာ...


ဗူးသီးဟင်းခါး...

ဒါက အမဲသားနဲ.အာလူး...




မှိုနဲ.ငရုတ်သီကြော်ထားတာ စပ်တယ်နော်...



ကြက်ဟင်းခါးသီးကို ပုဇွန်ခြောက်အများကြီးနဲ.ကြော်ထားတာ...


ဒါက အစပ်ပြေ အစုံကြော်...



မန်ကျည်းသီးငပိချက်နော်..မစားရတာကြာနေပြီဆိုရင် ၀အောင်စားသွား...


ဒီမှာထမင်းနော်...မြိန်ရေယှက်ရေ လက်နဲ.ပဲစားနော်...


ထမင်းစားပြီးရင်စားဖို. လက်ဖက်သုပ်..

.အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...