Virus ကင်းရှင်းကြောင်း

Virus ကင်းရှင်းကြောင်း
virus ကင်းနယ်မြေ

Friday, November 13, 2009

နင်မလုပ်ခဲ့ပါ

ဟိုတနေ.က ငါမင်းကိုပြုံးပြခဲ့တယ်..
ငါထင်တာ မင်းငါ့ကိုတွေ.မယ်ပေါ့ ဒါပေမယ့် မင်းမတွေ.ခဲ့ဘူးနော်..
ငါပြောခဲ့တယ်" မင်းကိုချစ်တယ် " ပြီးတော့ မင်းရဲ.အဖြေကိုလည်းစောင့်နေမိတယ်..
ငါထင်တာမင်းကြားလိမ့်မယ်လို. ဒါပေမယ့် မင်းမကြားခဲ့ဘူးနော်..
ငါမင်းကိုပြောခဲ့တယ် အပြင်မှာငါနဲ.ဘောလုံးလာကစားပါလားလို.
ငါထင်တာမင်းနောက်ကလိုက်လာမယ်ပေါ့ ဒါပေမယ့်မင်းမလိုက်ခဲ့ဘူးနော်..
ငါ မင်းပုံလေးဆွဲခဲ့တယ် မင်းကိုမြင်စေချင်လို.ပါ
ငါထင်တာမင်းသိမ်းထားလိမ့်မယ်လို. ဒါပေမယ့် မင်းမသိမ်းခဲ့ဘူးနော်..
ငါခံတပ်တခုကိုနောက်ဖက်တောအုပ်ထဲမှာလုပ်ခဲ့တယ်
ငါထင်တာနင်ငါနဲ.အတူတဲထိုးမယ်ပေါ့ ဒါပေမယ့်နင်မလုပ်ဘူးနော်..
ငါတီကောင်တချို.ကိုရှာခဲ့တယ် အကယ်၍ ငါတို.ငါးမျှားသွားမယ်ဆိုရင်ပေါ့
ငါထင်တာနင်လည်းသွားချင်မယ်ပေါ့ ဒါပေမယ့် နင်မသွားခဲ့ဘူးနော်..
ငါနင့်ကိုလိုအပ်ခဲ့တယ် တိုင်ပင်ဖော်တိုင်ပင်ဖက်အနေနဲ.ပေါ့
ငါထင်တာနင်လည်း ငါ့လိုပဲ ဒါပေမယ့် နင်မလုပ်ခဲ့နော်...
ငါနင့်ကိုပြောခဲ့တယ် ပြိုင်ပွဲမှာ နင့်ကိုရှိစေချင်တယ်
ငါထင်တာ နင်ကြိမ်းသေပေါက်ကိုလာမယ်ပေါ့ ဒါပေမယ့် နင်မလာခဲ့ဘူးနော်..
ငါမေးခဲ့တယ် ငါတို.ရဲ.ငယ်ရွယ်နုပျိုမှုတွေကို ဖလှယ်ဖို.ပေါ့
ငါထင်တာနင်လည်းလိုချင်ခဲ့မယ်ပေါ့ ဒါပေမယ့် နင်မလုပ်ခဲ့ဘူးနော်..
ငါ့နိုင်ငံက စစ်ထွက်ဖို.ငါ့ကိုခေါ်ခဲ့တယ် နင့်ငါ့ကိုပြောခဲ့တယ်အိမ်ကိုအန္တရာယ်ကင်းစွာပြန်လာဖို.ပေါ့
ဒါပေမယ့် ငါပြန်မလာနိုင်ခဲ့ဘူးကွယ်...
အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...