
လူတွေကရော ၀င်ကစွတ်လေးတွေလိုပါပဲ...အပေါ်ယံအလှအပတွေချယ်မှုန်းပြီး နေကြတာ လူတွေအားလုံးက အရွယ်စုံခရုခွံလေးတွေထဲက ၀င်ကစွတ်လေးတွေပါ...တန်ဖိုးကြီးပြီးချမ်းသာတဲ့သူတွေကြတော့ လူတကာမျက်စိကြပြီး ဈေးကြီးပေးဝယ်ရတဲ့ အရမ်းလှတဲ.ခရုခွံအကြီးကြီးတွေပေါ့..ဈေးကြီးပေးမ၀ယ်ရတဲ့ အလတ်စားခရုခွံလေးတွေကတော့ အလယ်အလတ်လူတွေအတွက်ပါ...ဘယ်သူမှပိုက်ဆံပေးမ၀ယ်ပဲ ကမ်းခြေမှာပေါများလှတဲ့ပိစိကွေး ခရုခွံလေးတွေကတော့ လူတကာအနှိမ်ခံ တန်းတူအခွင့်အရေးမရရှာတဲ့ ဆင်းရဲသားလူမွဲတွေကို ကိုယ်စားပြုတယ်..
ကျနော်လည်းဝင်ကစွတ်တကောင်ပါ ဒါပေမယ့် အရမ်းလှတဲ့ ခရုခွံကြီးထဲမှာလည်း ၀င်မနေချင်ဘူး..အလယ်အလတ်စား ခရုခွံထဲမှာလည်းမနေနိုင်ပြန်ဘူး..ဘယ်သူမှမလိုချင်တဲ့ ခရုခွံပိစိကွေးလေးထဲမှာပဲ သက်တန်းစေ့နေချင်ပါတယ်...
အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...
3 comments:
ကိုယ့် ကိုယ် ကို လောကကြီးမှာ အလိုက်သင့် အလျားသင့် 
နေတတ်တာ နေချင်နေတာ လို့ မြင်ပါတယ်။
နှိမ့် ချ နေထိုင်ြ သွားနိုင်ရင် အကောင်းဆုံး ပါပဲလေ။
ခရုခွံပိစိကွေးလေးထဲမှာပဲ သက်တန်းစေ့နေချင်ပါတယ်...
လှဖို့ထက် တန်ဖိုးရှိတဲ့ ခရုခွံ ပိစိကွေးလေး ဖြစ်နေဖို့ အရေးကြီးပါတယ်။
ဝင်ကစွတ် လေးရှိသေးလားဟင် သေသွားပြီလား
ဒို့တွေလည်း ခရုခွံပိစိလေး ထဲမှာဘဲ အေးဆေးနေချင်ပါတယ် မောလွန်းလို့
Post a Comment