ကျနော့်အိမ်လေးက တခုခု ချို.ယွင်းနေတဲ့အတွက် အသစ်တင်ရင်သူငယ်ချင်းတို.ဆိုဒ်မှာ တက်မလာပါဘူး..Google မှာလဲဝက်သစ်ချအိမ်ကလေးလို.ရှာမှ အသစ်တင်ထားတာတွေ တွေ.ရပါလိမ့်မယ်.. အသစ်မျှော်နေတဲ့သူငယ်ချင်းတွေအတွက် ဘာသာပြန်တခုတင်ပေးလိုက်ပါတယ်..မှားယွင်းမှုတွေရှိရင်နားလည်ပေးပါ..
၁ ။ မင်းခန္ဓာကိုယ်တခုကို လက်ခံရလိမ့်မယ်..
အဲဒါကို မင်းနှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ မင်းဘ၀တခုလုံးအတွက် မင်းပိုင်ဆိုင်ရမယ့်အရာပဲ...
၂ ။ မင်းသင်ခန်းစာတွေ သင်ယူရလိမ့်မယ်...
ဘ၀ဆိုတဲ့ ကျောင်းကြီးမှာ အချိန်ပြည့်သင်ခန်းစာတွေသင်ဖို. မင်းစာရင်းသွင်းပြီးပြီ..မင်းရဲ.တာဝန်က အဲဒိကျောင်းကြီးမှာ နေ.တိုင်း သင်ခန်းစာတွေသင်နေဖို.ပဲ..သင်ခန်းစာတွေကို မင်းကြိုက်ချင်လည်းကြိုက်နိုင်တယ် အသုံးမကျတဲ့ မသက်ဆိုင်တဲ့ သင်ခန်းစာတွေလို.လဲ မင်းတွေးချင်တွေးနေနိုင်တာပဲ..
၃ ။ အဲဒိမှာအမှားဆိုတာမရှိဘူး..သင်ခန်းစာတခုတည်းပဲရှိတယ်...
စမ်းသပ်မှုတွေ ..ရှုံးနိမ့်ခြင်း နဲ. မင်းအဖန်တလဲလဲ လဲကျနေရင် အားမငယ်ပါနဲ. အဲဒါတွေကမင်းတိုးတက်ဖို.အတွက် သင်ခန်းစာတွေပါ ...
၎ ။ မသင်ရသေးတဲ့သင်ခန်းစာတွေက တဖန်ပြန်လာပါလိမ့်မယ်...
သင်ခန်းစာတွေက မင်းမသင်ယူမချင်း ပုံစံအမျိုးမျိုးနဲ. မင်းဆီကိုလာပါလိမ့်မယ်..မင်းသင်ယူပြီးသွားရင်တော့ နောက်သင်ခန်းစာကို မင်းသင်ဖို.အသင်ပဲပေါ့...
၅ ။ သင်ယူမှုတွေက ဘယ်တော့မှမဆုံးနိုင်ပါဘူး..
ဘ၀ရဲ.အစိတ်အပိုင်းအားလုံးက သင်ခန်းစာတွေပါပဲ..ဘ၀ကဆရာဆိုရင် မင်းကတပည့်ပါ ..မင်းအသက်ရှင်နေသရွှေ. သင်ယူနေရမှာပါပဲ...
၆ ။ လက်ရှိထက်ပိုကောင်းတာမရှိဘူးတဲ့..
မင်းလက်ရှိနေတဲ့တောင်တန်းတွေကနေ ကမ်းခြေရှိတဲ့နေရာကို ပိုသာမယ်လို.ထင်နေလိမ့်မယ်...မင်းကမ်းခြေကိုရောက်ရင် တောင်တန်းတွေနဲ.အတူတူပဲလို. သိလိမ့်မယ် အဲဒိအချိန်မှာ မင်းဟာ ကမ်းခြေထက်ပိုသာမယ်ထင်တဲ့နေရာကို ထပ်ရှာလိမ့်မယ်...
၇ ။ တခြားအရာတွေက မင်းအတွက်ကြေးမုံမျှသာ...
တစုံတယောက်ကို ချစ်သည်ဖြစ်စေ မုန်းသည်ဖြစ်စေ ..အဲဒါက မင်းကိုယ်မင်း ချစ်နေ မုန်းနေတာပဲ..မေတ္တာရောင်ပြန်ဟပ်တယ်ဆိုတာမျိုးပေါ့...
၈ ။ မင်းဘ၀မြင့်မားအောင် မင်းဘာလုပ်မှာလဲ..
ဘ၀ကမင်းလက်ထဲမှာပဲ အသုံးချတတ်ဖို.အရေးကြီးပါတယ်..ကျနော်တို.တွေက တိရိစ္ဆာန်လေးတွေထက် အားသာတဲ့အရာတွေ အများကြီးရှိပါတယ်..အပင်လေးတွေတောင် နေ .လေ .ရေ .မြေ ကိုအသုံးချပြီးကြီးထွားအောင် လုပ်ကြသေးတာပဲ..
၉ ။ မင်းလိုချင်တဲ့အဖြေက မင်းဆီမှာပဲရှိပါတယ်..
ဘ၀ကမေးလာတဲ့မေးခွန်းတွေ အားလုံးရဲ.အဖြေက မင်းဆီမှာပဲရှိတယ်..မင်းလုပ်ရမှာက ကြည့်ပါ.နားထောင်ပါ.ယုံကြည်ပါ...
၁၀ ။ ဒါတွေအားလုံးကို မင်းမေ့သွားလိမ့်မယ်..
အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...
Showing posts with label ဘာသာပြန်. Show all posts
Showing posts with label ဘာသာပြန်. Show all posts
Tuesday, January 5, 2010
Saturday, December 5, 2009
အနီရောင်လည်စည်းလေး

အေးစက်သော ဒီဇင်ဘာရက်များသည် နှစ်ပေါင်းများစွာကတည်းက ဖြစ်ပွားခဲ့ပြီး ၊ လူများအားဇူလိုင်လတွင် ဈေးဝယ်ခဲ့ရင်အကောင်းသားဆိုတဲ့ ဆန္ဒကိုဖြစ်ပေါ်စေပါသည်။ လမ်းဘေးခုံတန်းပေါ်မှ အိမ်ခြေမဲ့ မုတ်ဆိတ်မွှေးဗလပွနှင့်ယောကျာ်းတဦးမှာ ဒူးခေါင်းကြားခေါင်းထည့်ပြီး ခပ်ကွေးကွေးထိုင်နေပါသည်။ ခြေအိတ်မပါသောဖိနပ်စီးကာ နွမ်းရိနေသော အင်္ကျီကိုဝတ်ထားသည် ။စူးရှသောအအေးဒဏ်ကိုကာကွယ်ရန် စက္ကူအိတ်တလုံးကို ခေါက်ပြီး လည်ပင်းတွင်ပတ်ထားသေးသည် ။
ကျနော်ထိုသူအားကြည့်ရင်းဝမ်းနည်းစွာဖြင့် "သနားစရာသတ္တ၀ါပါလား "ဟု တွေးထင်နေမိသည်။ ကျနော်လည်း ထိုသူ.အားကူညီနိုင်စွမ်းမရှိပါ. ကျနော်ထိုလူအနားတွင်တ၀ဲလည်လည်လုပ်နေစဉ် လည်ပင်းတွင်တောက်ပသောသိုးမွှေးလည်စီး ပတ်ထားသောဆယ်နှစ်နှစ်အရွယ်ကလေးမတဦး ကျနော်တို.ရှိရာသို.လမ်းလျှောက်လာပြီး ရေခဲစားနေသောထိုသူဧ။် ခန္ဒာကိုယ်ကိုမြင်လိုက်သောအခါ ခလေးမလေးသည် ထိုသူ.နားဘေးတွင်ရပ်ပြီး သူမလည်စည်းလေးအားဖြုတ်ကာ ထိုသူဧ။် လည်ပင်းတွင် ညင်သာစွာစည်းပေးလိုက်ပါသည် ။ထို.နောက်ထိုကလေးမလေးသည် ခုန်ပေါက်ထွက်ပြေးသွားပါတော့သည်..ခုံပေါ်မှလူသည်နွေးထွေးသော သိုးမွှေးလည်စည်းကိုပွတ်သပ်ရင်းအံ့သြကြည်နူးနေပါသည်။ ကျနော်လည်းထိုသူ.အနားကထွက်လာပြီး ကျနော်သာလည်စည်းပေးခဲ့သူဖြစ်လျှင် ဘယ်လောက်ကောင်းလိမ့်မလဲလို. တွေးနေမိပါတယ် ။
ကလေးမလေးသည် ကျနော့်ကိုသင်ခန်းစာပေးခဲ့ပါတယ် ..အဲဒါကတော့ ကျနော်ဘယ်နေမှာဘဲဖြစ်ဖြစ် ၊ ကျနော်ဘာပဲပိုင်ဆိုင်ပိုင်ဆိုင် ကျနော်အမြဲပေးနိုင်တဲ့အရာကနွေထွေးသော ထိတွေ.မှု ၊အပြုံးတခု ၊ဆုတောင်းခြင်း ၊ကြင်နာသောအပြောစကားနှင့် နီရဲသောလည်စည်းလေးတခုပေါ့...
*****ထိုဘာသာပြန်ပုံပြင်အား ကောင်းကင်ဘုံမှစမ်းရေ စာအုပ်မှ ကျနော်ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်..
အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...
Friday, November 13, 2009
နင်မလုပ်ခဲ့ပါ
ဟိုတနေ.က ငါမင်းကိုပြုံးပြခဲ့တယ်..
ငါထင်တာ မင်းငါ့ကိုတွေ.မယ်ပေါ့ ဒါပေမယ့် မင်းမတွေ.ခဲ့ဘူးနော်..
ငါပြောခဲ့တယ်" မင်းကိုချစ်တယ် " ပြီးတော့ မင်းရဲ.အဖြေကိုလည်းစောင့်နေမိတယ်..
ငါထင်တာမင်းကြားလိမ့်မယ်လို. ဒါပေမယ့် မင်းမကြားခဲ့ဘူးနော်..
ငါမင်းကိုပြောခဲ့တယ် အပြင်မှာငါနဲ.ဘောလုံးလာကစားပါလားလို.
ငါထင်တာမင်းနောက်ကလိုက်လာမယ်ပေါ့ ဒါပေမယ့်မင်းမလိုက်ခဲ့ဘူးနော်..
ငါ မင်းပုံလေးဆွဲခဲ့တယ် မင်းကိုမြင်စေချင်လို.ပါ
ငါထင်တာမင်းသိမ်းထားလိမ့်မယ်လို. ဒါပေမယ့် မင်းမသိမ်းခဲ့ဘူးနော်..
ငါခံတပ်တခုကိုနောက်ဖက်တောအုပ်ထဲမှာလုပ်ခဲ့တယ်
ငါထင်တာနင်ငါနဲ.အတူတဲထိုးမယ်ပေါ့ ဒါပေမယ့်နင်မလုပ်ဘူးနော်..
ငါတီကောင်တချို.ကိုရှာခဲ့တယ် အကယ်၍ ငါတို.ငါးမျှားသွားမယ်ဆိုရင်ပေါ့
ငါထင်တာနင်လည်းသွားချင်မယ်ပေါ့ ဒါပေမယ့် နင်မသွားခဲ့ဘူးနော်..
ငါနင့်ကိုလိုအပ်ခဲ့တယ် တိုင်ပင်ဖော်တိုင်ပင်ဖက်အနေနဲ.ပေါ့
ငါထင်တာနင်လည်း ငါ့လိုပဲ ဒါပေမယ့် နင်မလုပ်ခဲ့နော်...
ငါနင့်ကိုပြောခဲ့တယ် ပြိုင်ပွဲမှာ နင့်ကိုရှိစေချင်တယ်
ငါထင်တာ နင်ကြိမ်းသေပေါက်ကိုလာမယ်ပေါ့ ဒါပေမယ့် နင်မလာခဲ့ဘူးနော်..
ငါမေးခဲ့တယ် ငါတို.ရဲ.ငယ်ရွယ်နုပျိုမှုတွေကို ဖလှယ်ဖို.ပေါ့
ငါထင်တာနင်လည်းလိုချင်ခဲ့မယ်ပေါ့ ဒါပေမယ့် နင်မလုပ်ခဲ့ဘူးနော်..
ငါ့နိုင်ငံက စစ်ထွက်ဖို.ငါ့ကိုခေါ်ခဲ့တယ် နင့်ငါ့ကိုပြောခဲ့တယ်အိမ်ကိုအန္တရာယ်ကင်းစွာပြန်လာဖို.ပေါ့
ဒါပေမယ့် ငါပြန်မလာနိုင်ခဲ့ဘူးကွယ်...
အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...
Saturday, November 7, 2009
ငရဲနဲ. ကောင်းကင်ဘုံ
ကောင်းကင်ဘုံ နဲ. ငရဲအကြောင်းကို လူငယ်တယောက်က ဘုရားသခင်ကို မေးမြန်းခဲ့ပါတယ် ။ ဘုရားသခင်က ထိုလူငယ်ကို " လာခဲ့..ငါ မင်းကို ငရဲကို ပြမယ် "
အခန်းထဲမှာ လူတစုက ဟင်းအိုးကြီး ပတ်ပတ်လည်မှာ ထိုင်နေကြတယ်..သူတို.ဟာ အရမ်းကို ဆာလောင်မွတ်သိပ်ပြီး အစာကိုအငမ်းမရ စားချင်နေကြလေရဲ. ။ အိုးထဲက အစာတွေကို ခပ်စားနိုင်ဖို. ဇွန်းတချောင်းစီလည်း ကိုင်ထားဆဲ ဒါပေမယ့် ဇွန်းရဲ.လက်ကိုင်တွေဟာ အရမ်းကိုရှည်လွန်းပြီး ဘယ်လောက်ရှည်သလဲဆိုရင် သူတို.ရဲ.လက်တွေထက်တောင် ရှည်သတဲ့..ဒါကြောင့် အဲဒိဇွန်းနဲ. အိုးထဲကဟင်းကိုခပ်ပြီး ပါးစပ်ထဲကိုထည့်လို.မ၇ဖြစ်နေတာကြောင့် အတော်ကြီးကို စိတ်ဒုက္ခရောက်နေသတဲ့ ။
" ကဲ..လာခဲ့ ငါအခု မင်းကို ကောင်းကင်ဘုံကိုပြမယ် "ဘုရားသခင်ပြောပြီးခဏအကြာ သူတို.၂ယောက် နောက်အခန်းတခုထဲကို ၀င်ခဲ့ပါတယ်..အိုးအကြီးကြီးထဲမှာ ဟင်းတွေရယ် . ထိုင်နေတဲ့လူတစုရယ် . ဇွန်းအရှည်ကြီးတွေရယ် အားလုံးက ပထမအခန်းနဲ.ထပ်တူပါပဲ ဒါပေမယ့် ထူးခြားမှု တခုကတော့ ဒီအခန်းထဲကလူတွေအားလုံးက ကောင်းကောင်းဗိုက်ဝပြီး အားပြည့်ပျော်ရွှင်နေကြလေရဲ. ။
" ကျနော်တော့ နားမလည်နိုင်တော့ဘူး..အရာအားလုံးအတူတူဖြစ်နေပါလျှက်ဘာကြောင့် သူတို.ကပျော်နေပြီး တခြားအခန်းမှာ ကြတော့ ဘာလို.စိတ်ပျက်ဝမ်းနည်းနေကြတာလဲ.."လို.လူငယ်ကမေးလိုက်သတဲ့ ။
ဘုရားသခင်ကပြုံးပြီးပြန်ဖြေလိုက်တာကတော့ " သြော်..ဒါက လွယ်ပါတယ်ကွယ် ဒီမှာက သူတို.တယောက်နဲ.တယောက်ခွံကျွေးတဲ့နည်းကို လေ့လာမိသွားလို.ပါကွယ် "
အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...
Sunday, September 20, 2009
ကောင်ကလေး နဲ. အဘိုးအို

တခါက ကောင်ကလေးနဲ. အဘိုးအိုတယောက် စကားစမြည်းပြောကြသတဲ့..
ကောင်ကလေးက " ကျနော် တခါတလေ စားရင်သောက်ရင်း ဇွန်းပြုတ်ကျတတ်တယ် ".. "ငါလည်းဒီအတိုင်းပဲ" လို. အဘိုးအိုက ပြန်ပြောလိုက်တယ်..တဖန်ကောင်ကလေးက အသံတိုးတိုးလေးနဲ. "ကျနော် ဘောင်းဘီတွေစိုအောင်လည်း လုပ်ပစ်တတ်သေးတယ် ".. အဘိုးအိုက ရယ်မောရင်း "ငါလည်းတူတူပဲကွ"..ကောင်လေးက ပြောပြန်သေးတယ် " မကြာခဏလည်း ကျနော်ငိုသေးတယ် "..အဘိုးအိုကလည်း ခေါင်းလေးတညိတ်ညိတ်နဲ." ငါရောပဲ."...ကောင်ကလေးက အဘိုးအိုရဲ. အရေးအကြောင်းပေါင်းများစွာရှိတဲ့ လက်နွေးနွေးလေးကို ဆုပ်ကိုင်ရင်း "ဒါဆိုရင် ဖြစ်နိုင်ခြေရှိတာက ကျနော်လူကြီးဖြစ်ပြီနဲ.တူတယ် ..ကျနော့်ကို လိုက်ပြီးဂရုစိုက်နေဖို.မလိုတော့ပါဘူးဗျာ"...

"နင်ဘာကိုဆိုလိုတယ်ဆိုတာ ငါသိပါတယ်ကွာ" လို.အဘိုးအိုက ပြောလိုက်တယ်ကွယ်..
********************
အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...
********************
အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...
Tuesday, September 8, 2009
ဆုံးရှုံးမှုပေါ်အနိုင်ယူခြင်း ၂
လူငယ်သည် ဖခင်စိတ်ဝေဒနာ ဖြစ်ပွားနေခြင်းမှ ကယ်တင်ရန်နည်းလမ်းမှာ ဆိုးရွားသော သောကဖြစ်မည့်အစား မျှော်လင့်ခြင်းကိုရွေးချယ်ရန် နည်းလမ်းတခုတည်းသာရှိကြောင်း သိလိုက်သောကြောင့် ထိုလမ်းကိုရွေးလိုက်ဧ။်.. သူက၀မ်းနည်းကြေကွဲနေသော်လည်း ရွှင်ပြပျော်မြူးသလို ဟန်ဆောင်လိုက်သည်။..သူခံစားမှုကင်းသည့်ဘ၀ကိုပင် စိတ်ဝင်စားသကဲ့သို.ဟန်ဆောင်လျှက် အရေးပါသောလူတယောက်အဖြစ် ဟန်ဆောင်မျှော်လင့်လျှက်နေဧ။်..အမှန်မှာ ထိုသူငယ်တွင်ဘာမှမျှော်လင့်ချက်ထားစရာမရှိခဲ့ပါ။
သို.သော်မထင်မှတ်သောအကြောင်းတခုဖြစ်ပေါ်လာပြန်သည်။ ဘ၀အတွက်အားမာန်များ ပြန်လည်ဖြစ်ပေါ်လာဧ။်..ဘ၀တွင်ရင်ဆိုင်ရုန်းကန်ပြီး အကောင်းဆုံး ဖြစ်လာစေရေးအတွက် လုပ်ဆောင်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။ သို.နှင့် ဟင်နရီဖောဆက်သည် ပါလီမန်တွင် အရွေးခံလိုက်ပြီး သြဇာညောင်းသော အမတ်တဦးအဖြစ် တသက်လုံး ကျော်ကြားခဲ့လေသည် ။ သူဧ။်ဘ၀နောက်ပိုင်းကာလတွင် ၀န်ကြီးချုပ်
ဝီလီယံဂလက်စတုံးဧ။် မေတ္တာရပ်ခံချက်အရ စာတိုက်မင်းကြီးဖြစ်လာခဲ့ပါသည်။ ဟင်နရီဖောဆက်ဧ။် ဆောင်ရွက်ချက်ကြောင့် အင်္ဂလန်နိုင်ငံဧ။် စာပို.နှင့်ကြေးနန်းစနစ်များ တိုးတက်ဖွံ.ဖြိုးလာခဲ့သည်။ချောစာပို.ခြင်းနှင့် စာတိုက်ငွေပို.လွှာများပထမဆုံး ပေါ်ပေါက်လာခဲ့ပါသည် ။
..အမှောင်ထုထဲတွင်ရပ်ပြီး အားလုံးအလင်းရောင်ဖုံးလွှမ်းနေသကဲ့သို. မှတ်ယူနိုင်ခြင်းကား အောင်မြင်မှုပင်ဖြစ်သည်။

Monday, September 7, 2009
ဆုံးရှုံးမှုပေါ်အနိုင်ယူခြင်း ၁
ဒီဘာသာပြန်ဝတ္ထုတိုလေးကို မျက်စိအလင်းမရသောသူများအတွက် ခွန်အားဖြစ်စေရန် မျှဝေပေးခြင်းဖြစ်ပါတယ်..
ဟင်နရီဖောဆက်ဆိုသည့် လူငယ်တဦးရဲ.ရင်နင့်စရာ ဖြစ်ရပ်မှန်အကြောင်းက ..
တနေ.တွင် ဟင်နရီကို ဖခင်က တောလိုက်ထွက်ရာခေါ်သွားပါတယ် ။ သားအဖနှစ်ဦး အမဲလိုက်ခြင်းဖြင့် အချိန်များစွာကို ကုန်လွန်စေခဲ့သည် ။ သို.သော်မထင်မှတ်ပဲ ဖခင်ရဲ.အမှားကြောင့် သားငယ်ဧ။် မျက်စိနှစ်လုံးကို သေနတ်ထိမှန်သွားသဖြင့် မျက်ကန်းဘ၀ကို ရောက်စေခဲ့ပါတယ် ။ ထိုစဉ်က ဟင်နရီမှာ အသက်၂၀ နှစ်သာ ရှိသေးသည် ။
ထိခိုက်ဒဏ်ရာမရရှိမီက သားမှာအညွန်.တလူလူနှင့် ကြီးမားသောမျှော်လင့်ချက်များ ပြည့်ဝနေသောလူတော်တဦး ဖြစ်ပါသည် ။ ထိုထိခိုက်ဒဏ်ရာရခြင်းအတွက် လူငယ်လေးဧ။် ခါးသီးနာကျင်သော စိတ်ဓါတ်ကျဆင်းမှုများအတွက် မည်သူကမှလူငယ်လေးအား အပြစ်ပြောဆိုမည်မဟုတ်ပါ ။ ထိုအတိုင်းပင် လူငယ်လေးသည် ပထမတွင်ထင်မှတ်ခဲ့သည် ။ သို.သော်အလွန်ဆိုးရွားသော ဘ၀အခြေအနေကို ရင်ဆိုင်အောင်မြင်သွားစေပြီး တည်ငြိမ်မှုရရှိလာရန် ကူညီဖန်တီးလာသော အကြောင်းတခုပေါ်လာဧ။် ။ ထိုအကြောင်းသည်ကား လူငယ်သည်မိမိဖခင်ကို အလွန်ချစ်မြတ်နိုးပြီး ၊ မိမိဖခင်သည် မိမိအပေါ် ပြုမိခဲ့ခြင်းအတွက် သောကဖုံးလွှမ်းပြီး ရှုးမတတ်ခံစားနေရကြောင်းကို နားလည်သဘောပေါက်ခြင်းပင် ဖြစ်သည် ။
...ဆက်ရန်
အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...
Thursday, September 3, 2009
ကြီးမားဆုံးမေတ္တာ..၂
"အို..ကျေးဇူးတင်လိုက်တာ "
သူနာပြုကပြင်သစ်ဘာသာစကားဖြင့် ပြောပြီး
" မင်းနာမည် ဘယ်လိုခေါ်လဲ " ဟုဆက်မေးလိုက်ရာ " ဟန် " ဟု အဖြေထွက်လာပါသည် ။
သစ်သားစင်ပေါ်သို. ဟန်ကိုအမြန်တင်ပြီး သူဧ။်လက်မောင်းကို အရက်ပြန်ဆွတ်ကာ သွေးကြောအတွင်းသို.အပ်တချောင်း ထိုးသွင်းလိုက်ပါသည် ။ သွေးထုတ်ယူနေစဉ်တချိန်လုံး ဟန်သည် ကိုယ်ကိုတောင့်ကာ ငြိမ်သက်နေခဲ့ပါသည် ။အတန်ကြာသောအခါ ရှိုက်သံတခုထွက်ပေါ်လာပြီး ဟန် သည် လွတ်နေသော အခြားလက်တဖက်ဖြင့် မျက်နှာကိုအုပ်ထားလိုက်ပါသည် ။
" နာနေသလား ဟန်" ဟုဆရာဝန်ကမေးရာ မနာကြောင်း ဟန် က ခေါင်းရမ်းပြသည် ။သို.သော်မိနစ်အနည်းငယ် အတွင်းရှိုက်သံပေါ်ထွက်လာပြန်ရာ ဟန်က ငိုနေသည်ကိုဖုံးကွယ်ရန်ကြိုးစားခဲ့ပါသည် ။ ဆရာဝန်က" နာသလား "ဟုမေးပြန်ရာ ဟန်က ခေါင်းရမ်းပြလိုက်ပါသည် ။သို.သော် တခါတရံ ထွက်ပေါ်လာသော ရှိုက်သံများကြောင့် ဟန်တယောက် မျက်လုံးစုံမှိတ်ကာရှိုက်သံမထွက်စေရန် ပါးစပ်ကိုလက်သီးနဲ.ပိတ်ဆို.ထားလိုက်ပါသည် ။
ဆေးကုသနေသူများသည် တခုခုမှားနေပြီဖြစ်ကြောင်းသိလိုက်ရသည့်အချိန်တွင် အကူအညီပေးရန် ဗီယက်နမ်သူနာပြုဆရာမ တယောက်ရောက်လာပါသည် ။ကလေးငယ်ဧ။် သောကမျက်ရည်များကို မြင်လိုက်သောအခါ ဗီယက်နမ်စကားဖြင့်မေးမြန်းလေသည် ။အချိန်အနည်းငယ်အကြာ ကလေးမှာ အငိုတိတ်သွားပြီး သူဧ။်မျက်နှာတွင် ကျေနပ်ဝမ်းမြောက်မှုများပြည့်ဝနေလေသည်။ဗီယက်နမ်သူနာပြုမလေးသည် အမေရိကန်များအား ကောင်လေးက "သူသေတော့မယ်လို.ထင်နေတာ..ဟိုကလေးမလေးမသေအောင် သူ.ရဲ.သွေးတွေကိုအကုန်ပေးလိုက်ရလိမ့်မယ်လို. ထင်နေရှာတာ .."
ရေတပ်သူနာပြုက "ဒါဖြင့် ဘာကြောင့်သွေးလှုဖို.ဆန္ဒရှိရတာလဲ.."
ဗီယက်နမ်သူနာပြုက ကလေးအား ထိုမေးခွန်းကို ဘာသာပြန်ပေးလိုက်ရာ "သူ ( ကလေးမ ) ကကျတော့်သူငယ်ချင်းလေ" ဟုပြန်လည်ဖြေကြားလာပါတယ်..
မိမိဧ။်မိတ်ဆွေသူငယ်ချင်းများအတွက် အသက်အသေခံချင်းထက် အခြားကြီးမားသောချစ်ခြင်းမေတ္တာမရှိတော့ပေ ။

Tuesday, September 1, 2009
ကြီးမားဆုံးမေတ္တာ.. ၁
မည်သည့်အရာကို ပစ်မှတ်ထားသည်ဖြစ်စေ ယခုတော့ ဒုံးကျည်များသည် သာသနာပြုအဖွဲ.ငယ်တဖွဲ.က ဦးစီးဖွင့်လှစ်ထားသော မိဘမဲ့ဂေဟာပေါ်သို. ကျရောက်ပေါက်ကွဲခဲ့ပါသည် ။ သူနာပြုများနဲ. ကလေးသူငယ်တစ်ဦး နှစ်ဦးသေဆုံးပြီး ၈နှစ်အရွယ်မိန်းကလေး တဦးအပါအ၀င် ကလေးတော်တော်များများ ထိခိုက်ဒဏ်ရာများရရှိခဲ့ပါတယ် ။
ရွာသူရွာသားများက အမေရိကန်ဆေးတပ်ဖွဲ.များနဲ. အဆက်အသွယ်ရှိတဲ့ အခြားနီးစပ်သော ရွာတရွာကို ဆေးဝါးအကူအညီတောင်းခံခဲ့သည် ။ ထိုမေတ္တာရပ်ခံချက်အရ အမေရိကန်ရေတပ် ဆရာဝန်တဦး နဲ. သူနာပြုတဦးတို.က မိမိတို.ဧ။်ဆေးဝါးသေတ္တာကိုဆွဲကာ ဂျစ်ကားတစီးဖြင့် ရောက်ရှိလာပါသည် ။ ၈နှစ်အရွယ်မိန်းကလေးသည် အသက်အန္တရာယ် စိုးရိမ်ရဆုံးသော ထိခိုက်မှုများရရှိခဲ့ကြောင်း ဆရာဝန်က စစ်ဆေးတွေ.ရှိပြီး လျင်မြန်စွာကုသခြင်းမပြုပါက ကလေးမှာ သွေးလွန်ဆုံးရှုံးခြင်းနှင့် ထိတ်လန်.ခြင်းတို.ကြောင့်သေဆုံးနိုင်ပါသည် ။
ဆရာဝန်က အင်္ဂံလိပ်စကားရောထွေးနေသော ဗီယက်နမ်စကားဖြင့်၎င်း ၊ သူနာပြုကလည်း အထက်တန်းကျောင်းမှာသင်ခဲ့တဲ့ တတ်သမျှ ပြင်သစ်စကားနဲ. ကလေးအတွက် လိုအပ်တဲ့သွေးကို မရပါက ကလေးမှာသေဆုံးသွားမည်ဖြစ်ကြောင်း ၀ိုင်းကြည့်ရှုနေသူများကို သဘောပေါက်အောင်ကြိုးစား ရှင်းလင်းနေကြပါတယ် ။ အဲဒိနောက် ဆန္ဒရှိပါကသွေးလှုနိုင်ကြောင်း ပြောဆိုမေးမြန်းစုံစမ်းလျက်ရှိပါတယ် ။
ဆရာဝန်နဲ.သူနာပြုတို.ရဲ.မေတ္တာရပ်ခံချက်ကို ဆိတ်ငြိမ်ကာ ပြူးကြောင်သော မျက်လုံးများက တုံ.ပြန်လာပါတယ် ။ အတန်ကြာတဲ့အခါ သေးငယ်တဲ့လက်တချောင်း မြောက်တက်လာပြီး တဖန်ပြန်ကျသွားကာ နောက်တဖန် ပြန်မြောက်တက်လာပါတယ်...
**အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်... :)
Subscribe to:
Posts (Atom)