Virus ကင်းရှင်းကြောင်း

Virus ကင်းရှင်းကြောင်း
virus ကင်းနယ်မြေ

Friday, January 22, 2010

လွမ်းနေရသူများ

အလွမ်းဆိုတာတော့ ဘာမှန်းမသိပါဘူး..ဒီနေ.တနေ.လုံး မတဲ့အတူနေသူငယ်ချင်းတွေကို အ၇မ်း သတိရနေမိတယ်...ချက်ချင်းပြေးတွေ.ချင်လောက်အောင်ကို သတိရနေတာပါ...သူတို.ကရောကျနော့်ကို သတိရနေပါ့မလား...
သာဂျူး.....သူကတော့ ကျနော်နဲ.သွားအတူလာအတူ တိုင်ပင်ဖော်တိုင်ပင်ဖက် ..ဒီကောင့်မှာ ဘယ်တော့မှပိုက်ဆံမရှိဘူး ရှာသလောက်ကိုမရှိတာ..ရည်းစားကတော့များသမှ ၃နာရီခြားတယောက်ချိန်းတာ တခါတလေ ကျနော်က ကောင်မလေးတွေကို အချိန်ဆွဲပေးထားရသေးတယ်..အလုပ်တွေများနေလို. ဘာညာပေါ့..တကယ်တန်းကျတော့ ဒီကောင်က နောက်ကောင်မလေးတယောက်နဲ.သွားတွေ.နေတာပါ..ကျနော်လား သူငယ်ချင်းအတွက်ဆို ၀ဋ်လိုက်မှာလည်း မကြောက်ပါဘူး..ဒီကောင်ကသဘောကောင်းတယ် ဒီကောင်က ကျနော့်ကို" ဟေ့ကောင် "လို.ပဲခေါ်တာ...မသိတဲ့သူတွေကတော့ အတွဲလို.မှတ်တာပေါ့ ကျနော်တို.က အဖြူရောင်ဂျလေဘီလေးတွေပါ...
ဆလင်းဘက....ဒီကောင်ကတော့ ကျနော်တို. အဖြူရောင်ဂျလေဘီ အဖွဲ.၀င်တယောက်ပေါ့..ပုပုသေးသေး တင်ပါးကောက်ကောက်လေးနဲ. စကားကြီးကြီးကျယ်ကျယ်ပြောတယ်..သဘောကောင်းတယ် ..သူကတော့ ပိုက်ဆံအမြဲရှိတယ်...ကျနော်တို.တွေ သူပြောသမျှစကားလုံးတွေထဲမှာ မျောပါနေကြ...ကျနော်သူနဲ.သူငယ်ချင်းဖြစ်တာ ထီးပြင်တတ်တယ် မီးခြစ်ပြင်တတ်တယ်..ဒီကောင်ကသော့ဖွင့်လည်းကျွမ်းတယ်..ချစ်သူလား?? ရည်းစားစကားပြောတာ ပါးရိုက်ခံရဘူးတယ်တဲ့..အဲဒိစကားကြားတုန်းက ကျနော်တို.တွေ အူတက်အောင်ရီရပါသေးတယ်...
ချောကလက်...သူကတော့ အသားညိုလို. ချောကလက်လို.နာမည်ပေးထားတာပါ..လူတကာကို ကူညီတတ်တယ်...ဖခင်ပျောက်နေတဲ့ကောင်လေးတယောက်ပေါ့..သူ ကျနော်တို.အဖွဲ.နဲ.ပေါင်းတာကို သူ.အမေက လုံးဝမကြိုက်ပါဘူး...သူကလည်းပိုက်ဆံရှိပါတယ် ဆိုင်ကယ်စီးတယ်.. ဆောင်းတွင်းရက်တွေဆိုရင် ကျနော်တို.၄ယောက် သန်လျှင်ဈေးကနေ ကျိုက်ခေါက်ဘုရားထိပြေးကြပါတယ်..အပြန်ကြရင်တော့ ကားစီးပြီးပြန်လာကြတာ...သူကမိုးလင်းပဲ ကျနော်တို.အဖွဲ.နဲ.နေတာ မိုးချုပ်ရင် သောက်တတ်တဲ့အဖွဲ.နဲ.ပါသွားရော...
ခိုင်ခိုင်...သူကတော့ မိုက်တိမိုက်ကန်း ကြွပ်ဆတ်ဆတ်ပုံစံပါ...တကယ်တန်းပေါင်းကြည့်ရင် သဘောကောင်းပါတယ်..ကျနော့်ကိုဆိုလည်းမုန်.တွေအများကြီး ၀ယ်ကျွေးပါတယ်...သူကတော့ ကျနော်တို.အဖွဲ.ထဲမှာ မိုးလင်းမိုးချုပ်မရှိပါဘူး..တခါတလေမှတွေ.တာပါ..သူနဲ.ကျနော်က ၉တန်းထဲကသူငယ်ချင်းပါ..ဆိုးတယ်ဆိုတဲ့နာမည်ကို အပိုင်ကိုင်ထားပြီး သူငယ်ချင်းတွေအပေါ်မှာ ကောင်းသလို မတဲ့အတူနေတွေလည်းဖြစ်ကြပါတယ်..
ကျန်တဲ့သူငယ်ချင်းတွေရှိပါသေးတယ် စိတ်ရောကိုယ်ပါနှစ်ပေါင်းတဲ့သူဆိုလို. သူတို.၄ယောက်ပဲရှိတယ်..သူတို.ထဲမှာ ကျနော်ကဂျင်းန်ပင်နဲ.တီရှပ်ပဲ ၀တ်တတ်တဲ့ကောင်မလေးတယောက်ပါ..သူတို.ကြောင့် တခြားယောက်ျားလေးတွေ စိတ်ဝင်စားမှု ကင်းဝေးခဲ့ပြီး...အန္တရာယ်တွေလည်း ကင်းဝေးခဲ့ပါတယ်..ချစ်ရေးဆိုလာတဲ့ ယောကျာ်းလေးတွေကိုလည်း အဲဒိ ၄ယောက်ကိုသွားပြော သူတို.ခွင့်ပေးရင် စဉ်းစားပေးမယ်လို.ပြောခဲ့ဘူးတယ်..အဲဒိလူတွေကဘယ်တော့မှ ပြန်မလာတော့ပါဘူး..သာဂျူးနဲ. ဆလင်းဘက်ကပြောဘူးတယ်.." နင့်ကြောင့်ငါတို.တွေ တခြားကောင်တွေနဲ.ပြသနာတက်တော့မယ်နော်..နင်ကိုငါတို.မထိန်းနိုင်တော့ဘူး ရည်းစားရှာတော့တဲ့."...အခုကျနော်သူတို.နဲ.ဝေးနေတာ ၄နှစ်ပြည့်တော့မယ် သူတို.တွေ ကျနော့်ကိုမထိန်းရလို. အပျော်လွန်ပြီး ကျနော့်ကို မေ့နေပြီလား...ချောကလက်ကရော ဆောင်းမနက်တွေမှာ အတူပြေးခဲ့တဲ့ ဆိုးပေတေလေနေတဲ့ ကောင်မလေးကို မေ့နေပြီလား...ညနေ၆နာရီကျော်ရင် အိမ်ပြန်လို.ပြောပြီး ကျနော်သွားသမျှနေရာတိုင်းမှာ ရောက်ရောက်နေတတ်တဲ. ခိုင်ခိုင် ကရော ညနေ၆နာရီကျော်ရင် သူစကားကို ဘယ်တော့မှ နားမထောင်ပဲ မုန်.အမြဲဝယ်ကျွေးခိုင်းတဲ့ ကောင်မလေးကိုသတိရပါဦးမလား...
အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

No comments: