Virus ကင်းရှင်းကြောင်း

Virus ကင်းရှင်းကြောင်း
virus ကင်းနယ်မြေ

Friday, June 18, 2010

ခဏတာနှုတ်ဆက်ခြင်း

မြန်မာပြည်ကို သွားရတော့မယ်လို.သိကတည်းက ကျနော်ပျော်နေတာပါ...လေယာဉ်လက်မှတ်ကို အွန်လိုင်းကနေရှာကြည့်တော $၂၀၀၀ ကျော်တယ်.စိတ်ဓာတ်က ကျချင်ချင်တောင်ဖြစ်သွားသေးတယ်..အေးဂျင့်ဆီသွားတော့မှ ၁၀၀၀ ကျော်နဲ.ရတယ်..လက်မှတ်ကတော့အဆင်ပြေသွားပြီ...ကျနော့်ပတ်စပို.လေး က ရက်ကျော်နေတာ မနေ.ကမှတနှစ်ပြည့်သွားတယ် သက်တမ်းတိုးဖို. ဒီနေ.၀ါရှင်တန်ကသံရုံးကို ဖုန်းခေါ်လိုက်တော့ ရုံးဆင်းသွားကြပြီ..ကျနော် ၁၅မိနစ်လောက်နောက်ကျသွားပါတယ်..စနေ.တနင်္ဂနွေဖွင့်မယ်လို.တော့မထင်ပါဘူး...တနင်္လာနေ.ထိစောင့်ရမှာပေါ့...အဲဒါကဘယ်လောက်ကြာမယ်မသိ..ဘာပဲပြောပြော ကျနော့်လက်ထဲ လေယာဉ်လက်မှတ်ရောက်နေပြီ မနက်ဖြန်ကစပြီးအထုပ်ပြင်ရပြီပေါ့...သူငယ်ချင်းရောင်းရင်းတွေအတွက်လည်း လက်ဆောင်လေးတွေဝယ်ရဦးမယ်...ကျနော် အိပ်လို.လည်းမပျော်ဘူး....ခေါင်းတွေလည်းကိုက်လို. လေယာဉ်ပေါ်မရောက်မချင်း အဲလိုပဲဖြစ်မယ်ထင်ပါတယ်..ကျနော့ရဲ.ခရီးစဉ်မှာ တိုင်ပေမှာညအိပ်ပါမယ်(မနက်ပိုင်း ရောက်ပြီး နောက်နေ.မနက်လေယာဉ်နဲ. ရန်ကုန်ဆင်းပါမယ်.)..စင်္ကာပူတို. ထိုင်းတို.က သူငယ်ချင်းတွေကိုတွေ.ချင်ပါတယ်..နောက်များမှသတ်သတ်လာလည်မယ်နော်..လာလည်ဖို.ဖိတ်တာလည်းကျေးဇူးပဲနော်..ဘလောဂ်ရေးတဲ့သယ်ရင်းတို.ထဲမှာ တိုင်ပေမှာနေတဲ့သူများရှိရင် ကျနော် တွေ.ဖူးချင်ပါတယ်..စိတ်ဝင်စားမယ်ဆိုရင် ဖုန်းနံပါတ်ဖြစ်ဖြစ် အီးမေးလ်ဖြစ်ဖြစ်ရေးခဲ့စေချင်ပါတယ်..
ကျနော့ဘလောဂ်ကို ပြန်လာမှပဲ ရေးဖြစ်တော့မှာပါ..သွားဖို.ကတော့ တလလောက်ကျန်ပါသေးတယ်..ကျနော်မရေးပေမယ့် သူငယ်ချင်းတို.အိမ်တွေကိုတော့ လိုက်လည်ဖြစ်မှာပါ..
******ကျနော့်မွေးနေ.July 28 ကိုတော့ ရန်ကုန်မှာပဲရှိနေမှာပါ**********

အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

5 comments:

ahphyulay said...

ရွာ ပြန် ရ တာ များ ပုတ် ထဲ ပြန်ဝင် ရတဲ့  ပဲ ကျ
နေတာပဲ..။
ကျွန်တော့် ဖုန်းက ၀၉၈၉၄၆၇၉၈၆ ၊ အလုပ်ထဲ ရောက်ချင်ရောက် ဒါမှ မဟုတ် အပြင်မှာ ရှိ နိုင်၊
ဂျီမေးက ahphyulay65@gmail.com
စကားပြောရလဲ ဖြစ်ပါတယ်၊
ကံကောင်းမှာပါ ၊ရွာမှာ မီးလာ နေပြီတဲ့ ။

rose of sharon said...

သြော်... မွေးနေ့မှီမယ်ထင်တယ်... တွေ့ကြတာပေါ့

နန်း said...

အဆင်မပြေမှုတွေ များချင်များမှာပေါ့..
ဒါပေမယ့်..
နွေးထွေးမှာ သေချာပါတယ် :))

khin oo may said...

ကောင်းပါလေ့။

Anonymous said...

ငှက်လေး..ဝက်လေးလား.
ဘူလဲတော့မသိ..
မမ လင့်ခ်လာချသွားလို့..
လာလည်ပါတယ်..
အခုတော့ အိမ်ရှင်က့ မြန်မာပြည်ရောက်နေတာပေါ့..။


ပေါက်