ဒါကျနော်မွေးထားတဲ့ငါး အနီရောင်လေးက အထီးလေး..ပျင်းနေမှာစိုးလို.အမလေးဝယ်ပေးလိုက်တာ ..ငါးမလေးက လိုက်ကိုက်လို.သိပ်မကြာဘူး ..အထီးလေးသေသွားရော..ကျနော်လေ ငါးမလေးကို အရမ်းစိတ်ဆိုးတာပဲ..ငါးမလေးကိုက်လို.တခြားငါးသေးသေးလေးတွေလည်း သေကုန်တယ်..သိပ်မကြာပါဘူး ငါးမလေးသေသွားတယ်..ကျနော်လုံးဝ စိတ်မကောင်းမဖြစ်ပါ... အနီရောင်ငါးလေးကို ကျနော်ချစ်ပါတယ်..

ငါးကန်ထဲကို လှေထည့်ပြီး အလှဆင်ကြည့်တာပါ...

ဒါငါးအနီလေးတကောင်တည်း အေးအေးဆေးဆေးနေနေတာပါ...

ဒါပထမဆုံးကျနော်စ၀ယ်တဲ့ငါးနဲ.ငါးကန်ပါ..

ငါးကြင်းလိုငါးလေးကျောကုံးမှာလိမ္မော်ရောင်အစင်းနဲ.၀ယ်တုန်းကတော့သေးသေးလေးပါ...ရိမ်းဘိုးငါးမန်း ၂ကောင်လည်းရှိပါတယ်...

နောက်နေ.တွေမှာ ဆက်ပြီးဖော်ပြပါဦးမယ်..
အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...
1 comment:
ငါးလေးတွေချစ်စရာကောင်းလိုက်တာနော်..... စိတ်ကူးစိတ်သန်းလေး ကောင်းတယ်....... ကျွန်တော်ကတော့ ငါးမွေးကန်မ၀ယ်နိုင်တော့ ၀င်းဒိုးက screen saver မှာငါးမွေးကန်လေး ထားချင်တာ ၀င်းဒိုးဆဲဗင်းမှာတော့ ပါတယ်ဗျ screen saver တတ်လာရင် အရမ်းကြည့်ကောင်းတာ အသံလေးတွေပါပါတယ် ......... လျှာရှည်လိုက်အုံးမယ်ဗျာ....... သတ္တ၀ါလေးတွေကလဲ သက်ရှိလေးတွေပါ၊ သက်ရှိဖြစ်တဲ့အတွက် သူမှာလဲ သူသိုင်းဝိုင်း သူပတ်ဝန်ကျင်ဆိုတာ ရှိတာပဲလေ။ မိမိကို မိမိနဲ့လဲ မသိ မိမိနဲ့လဲစိမ်းတဲ့လူတွေကြားထဲ ထည့်လှောင်ထားရင် ငါဘယ်လိုနေမလဲတွေးကြည့်ဖူးလား မိတ်ဆွေ...... ဗုဒ္ဓဘာသာ အယူရတော့ ပိတ်လှောင်ဖမ်းဆီးညင်းဆဲမူ တစ်ခုလို့ထင်ပါတယ်ဗျာ.. စိတ်မဆိုးပါနဲ့နော် မိတ်ဆွေ အကြံပေးကြည့်တာပါ ... မိမိကိုယ်ကို အလှကြည့်ခံနိုင်လားလို့ ခင်မင်လျက်ပါ
Post a Comment