Virus ကင်းရှင်းကြောင်း

Virus ကင်းရှင်းကြောင်း
virus ကင်းနယ်မြေ
Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts

Wednesday, July 13, 2011

For My Best Friend




ဒါကျနော်သူငယ်ချင်း ပါ..သူနဲ.ကျနော်စခင်တုန်းက ကျနော် ကွန်ပြူတာလည်းမကျွမ်းကျင်သလို မြန်မာလိုရိုက်တတ်ဖို.နေနေသာသာ ဆော့လ်ဝဲလ်တောင် မရှိပါဘူး..အင်တာနက်မှာဈေးဝယ်လို.ရမှန်း စာအုပ်တွေဖတ်လို.ရမှန်း ဘာဆိုဘာတခုမှမသိခဲ့ပါဘူး..ကျနော့်သူငယ်ချင်းနဲ.က 19ရက် 2လ 2007 ခုနှစ်က အွန်လိုင်းမှာပဲ စခင်ခဲ့တာ ဒီနေ.ထိပါပဲ..ဒီနေ.ကျနော်အင်တာနက်ကို ကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်တယ်..blog တွေရေးနိုင်တယ် blogger သူငယ်ချင်းတွေ face book သူငယ်ချင်းတွေအများကြီးရခဲ့တာ ကျနော့်သူငယ်ချင်းကြောင့်ပါပဲ...ဒါတင်မကပါဘူး ကျနော့်ရဲ. ကိုယ်ရေးကိုယ်တာကိစ္စတွေကိုပါ အကြံဥာဏ်ကောင်းတွေပေးနိုင်ခဲ့တဲ့အတွက် ကျနော့ရဲ. သူငယ်ချင်းကောင်းတယောက်ဖြစ်ထိုက်တယ်လို. ယူဆခဲ့ပါတယ်..ကျနော် သူ.ကို အပြင်မှာမမြင်ဖူးပါဘူး ဘယ်တော့မှများတွေ.ဖူးမယ်ဆိုတာလည်း မခန်.မှန်းနိုင်ပါဘူး ..ကျေးဇူးတင်စရာကောင်းတဲ့ သူငယ်ချင်းကောင်းလေးကို လက်ဆောင်အဖြစ် ဒီ vedio လေးကို ဖန်တီးပေးခဲ့တာပါ...သဘောကျနှစ်သက်မယ်လို.ထင်ပါတယ်..

အချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Friday, February 11, 2011

၂၀၁၁ .ဖေဖော်ဝါရီ .၁၄

ချစ်သူရှိတဲ့သူငယ်ချင်းတွေ ဒီပုံလေးလိုပဲ perfect together couple ဖြစ်ကြပါစေ....


ဒီပုံလေးကတော့ ချစ်စခင်စ သူငယ်ချင်းစုံတွဲလေးတွေအတွက်..ကြည်နှုးစရာလေးနော်...











ဒါကတော့ ဖြူဖြူစင်စင် သူငယ်ချင်းလေးတွေအတွက်..



သူငယ်ချင်းအားလုံး ချစ်သူများနေ.မှာ ပျော်ရွှင်နိုင်ကြပါစေ..
ချစ်သူမရှိတဲ့သူတွေလည်း ချစ်သူတွေ.ပြီး...
ချစ်သူရှိတဲ့သူတွေလည်း ပျော်ရွှင်ကြည်နှုးပြီး ဆုတောင်းလေးတွေပြည့်နိုင်ကြပါစေလို.ဆန္ဒပြုလိုက်ပါတယ်..





အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Monday, November 1, 2010

မြန်မာပြန်လက်ဆောင်

မက်မွန်ပေါင်း
ပင်စိမ်းသီးပေါင်း

သင်္ဘောဇီးဖြူသီးပေါင်း


ပျားရည်မက်ခေါက်ပေါင်း








မြန်မာပြန်လက်ဆောင် မက်မန်းပေါင်း....
အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Friday, April 30, 2010

သူမနဲ. ကျနော်...

သူမသည် ကျနော့်ငယ်စဉ်အခါက အမြဲရိုက်တတ်ဆူတတ်ပါသည်. ကျနော်သိနေပါတယ် သူမ ကျနော့်ကို မုန်းတီးနေလို. ရိုက်ခံနေရတာပေါ့..ကျနော် သူမနဲ.ဝေးရာမှာ အမြဲနေတတ်သလို သူမနဲ.ဝေးဖို.ကိုလည်း အမြဲဆုတောင်းနေမိတတ်တယ်လေ.....
အင်း..ကျနော် သူမနဲ.ဝေးနေတာ ၆နှစ်နီးပါးရှိပြီ တခါမှသတိမရမိပါ..နေကောင်းလားလည်းမမေးခဲ့..
"ဟဲ့..အ၀တ်လျှော်တဲ့သူလာပြီ.ဧည့်သည်လေး လျှော်စရာရှိရင်ပေးလေ....မအေးပါလား မ၀ိုင်းရော"
"ဒေါ်ဝိုင်းမလာနိုင်လို. ကျမလာခဲ့တာပါ.. "
ဟင်..သူမနာမည်ပါလား သူမအိမ်တကာလှည့်ပြီး အ၀တ်လျှော်နေရတယ် ဆိုပါလား..သူမရဲ.တခြားအိမ်သားတွေကရော သူမဒီလိုလုပ်နေတာ ထိုင်စားနေရက်သလား..အင်း..ဘာပဲဖြစ်ဖြစ် သူမကို လိုက်ရှာမေးမြန်းပြီး ဒီအလုပ်တွေ မလုပ်ခိုင်းမှဖြစ်မယ်..ကျနော် သူမကိုရှာဖို. အ၀တ်အစားလဲပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ်..ဆိုးလွန်းလှတဲ့လမ်းကို လျှောက်ရင်းသူမကို ဘယ်လိုရှာရမှန်းမသိပါ..ဟော ..ဟိုအိမ်ဆိုင်လေးက အဒေါ်ကြီးကို မေးကြည့်ရမယ်...
"ကြီးမေ အ၀တ်လျှော်တဲ့ ဒေါ်ဝိုင်းနေတဲ့နေရာကိုသိရင်ပြောပြပေးပါလား..."
"မ၀ိုင်းလား သူကအလုပ်စုံလုပ်တော့ လူတိုင်းသိတယ်ကွဲ. ..ကလေးကတော့သိမှာမဟုတ်ဘူး..ကြီးမေအိမ်ကကောင်မလေးတယောက်ကိုလမ်းပြခိုင်းလိုက်မယ်နော်..."
"ဟုတ်ကဲ့..ကျေးဇူးပဲ ကြီးမေ.".
ဘုရား..ဘုရား..အလုပ်စုံဆိုပါလား..သူမ မကောင်းတာတွေများလုပ်နေရော့လား...သူမဆီသွားရာလမ်းက ဆိုးရွားလွန်းပါတယ်ရွှံဗွက်တွေ ထူထပ်လို. ..သူမကိုဒီလိုနေရာမျိုးမှာတွေ.ရလိမ့်မယ်လို. ကျနော်အိပ်မက်တောင်မမက်ဖူးပါဘူး.."ကိုဖိုးထူးဒေါ်ဝိုင်းတယောက် ဘယ်မှာလဲတော့တွေ.မိလား.". "အေးဟ ဟိုတနေ.ကတော့နေမကောင်းဘူးလို.ပြောတယ် ရှေ.က ရေပုံးတွေထောင်ထားတဲ.အခန်းပဲ...".
အခန်း ...ဒါဟာအခန်းတဲ့လား အ၀မှာ စီတန်းနေတဲ့ရေပုံးတွေက သူမတအိမ်ဝင်တအိမ်ထွက် ရေလိုက်ပို.နေတယ်ဆိုတာ သက်သေခံနေသလိုပါပဲ...
ကျနော်လည်းအ၀ပိတ်နေတဲ့ ရေပုံးတပုံးကိုရေတွေသွန်ပြီးဖယ်လိုက်တဲ့အခါ သူမဟာ နွမ်းရိစွာ ကြမ်းပြင်ပေါ်မှာလဲလျောင်းနေတာတွေ.လိုက်ရပါတယ်..သူမအသားအရည် မှာနေလောင်ခံရဖန်များတော့ အဖြူရောင်ဆိုတာလုံးဝမရှိရှာတော့ပါဘူး...အခင်း..ခေါင်းအုံး..စောင်ဗလာနဲ့. ထိုကြမ်းပြင်ပေါ် သူမနေ.စဉ်အိပ်စက်နေရှာတာပါ..ကျနော်ဘယ်နည်းနဲ.မှသူမကို ဒီမှာဆက်ကြည့်မနေနိုင်တော့ပါဘူး...ကျနော်သူမကို ခေါ်လိုက်ရာ".........." သူမမျက်ဝန်းအစုံဖြည်းညှင်းစွာပွင့်လာပြီး အရည်လေးများလဲ့နေတဲ့ သူမမျက်ဝန်းမှာ ကြင်နာမှုတွေ ပြည်.၀နေသလို ၀မ်းသာမှုတွေ လည်းရှိနေရှာတယ်လေ....
သူမခြေရင်းမှာတော့ ကျနော်ရှိစဉ်က၀တ်ခဲ့တဲ့ ပန်းရောင်မိုးကာလေးပါ..သူမကို မိုးကာလေးခြုံပေးရင်း ဘာဆက်လုပ်ရမဲဆိုတာ စဉ်းစားနေမိပါတယ်.. ကျနော်ဘယ်တုန်းကမှ မရခဲ့ဘူးတဲ့ အကြင်နာတွေ သူမမှာအခုရှိနေပြီလေ...လူ၂ယောက်ကျောခြင်းကပ်ပြီးပဲအိပ်လို.ရမယ့် သူမနေရာလေးကို ကျနော်ကြည့်နေမိပါတယ်..အိုးခွက် ပုဂံ မီးဖိုတခုမှမတွေ.ပါ ..ဖရုံစေ့များနဲ. ကျနော်စုဆောင်းထားတဲ့ မဂ္ဂဇင်းများသာတွေ.ပြီး.. သူမ ဖရုံစေ့စား ရေသောက်ဗိုက်မှောက်နေသလားလို.တောင် တွေးမိပါတယ်..ကျနော် အတွေ.ထဲကလန်.နိုးချိန်မျာတော့ ကျနော့်ကို လူတွေဝိုင်းကြည့်နေတာတွေ.လိုက်ရပါတယ်..ကျနော့်ကို လမ်းပြပေးတဲ့ကောင်မလေးရဲ.မျက်နှာမှာ ၀မ်းနည်းခြင်းနဲ. သနားမှုတွေပြည့်နှက်နေပါတယ်..
"ဒေါ်ဝိုင်းက မနက်ကလေးတင်ဆုံးသွားလို. မြေမြုပ်လိုက်ပြီတဲ့..".
ဟင်..ကျနော့်လက်အောက်ကမိုးကာလေးဟာ ကြမ်းပြင်ပေါ်မှာ ပြားပြားဝပ်နေပါတယ်..မိုးကာအောက်က ကျနော်လက်တင်ထားတဲ့သူမခန္ဓာကိုယ်လေးကရော ဘယ်ရောက်သွားလဲ.......သေချာတာကတော့ သူမကျနော့ကို မျှော်နေခဲ့တာပါပဲ..သူမသေဆုံးခြင်းဟာ ကျနော့်နှလုံးသားကိုဒါးအစင်းပေါင်းများစွာနဲ.ထိုးစိုက်လိုက်သလို နာကျင်လှပါတယ်.. "ကဲ အားလုံးပဲကျနော့်ကို ကူညီပေးကြပါဦး..ဒေါ်ဝိုင်းရဲ.အလောင်းကို ပြန်ဖော်ပြီး ကောင်းကောင်းမွန်မွန်သင်္ဂြိုလ်ချင်ပါတယ်"... ဟုတ်တယ်လေ အခြေမဲ့အနေမဲ့တယောက်လို ဖျာလိပ်ပတ်ပြီး သင်္ဂြိုလ်ခံလိုက်ရတဲ့သူမကို ကျနော်လက်ပိုက်ကြည့်မနေနိုင်ပါ...ကောင်းမွန်အောင်လုပ်ပေးရမပေါ့..ပြီးရင်တော့ ကျနော် သူမရဲ.တခြားအိမ်သားတွေကို တွေ.ရပါလိမ့်မယ်..ဘာကြောင့်သူမဒီလိုဘ၀မျိုးရောက်သွားခဲ့တယ်ဆိုတာ ကျနော်သိမှာဖြစ်မှာပါ..
ကျနော့်အတွေးပုံရိပ်ထဲမှာတော့သူမသည်တခါတရံကျနော့အားစောင်နှင့်ပတ်ပြီးကလေးတယောက်လိုချီပိုးတတ်ပါတယ်..ညညကျနော်အိပ်နေရင် တိတ်တိတ်လေးမွှေးမွေးပေးတတ်ပါသေးတယ်..ကျနော်အစာအိမ်အောင့်တုန်းက လမ်းမလျှောက်နိုင်လို. ကျောပိုးပြီးဆေးခန်းကိုလိုက်ပို.ခဲ့ပါတယ် ကျနော်နိုင်ငံခြားသွားကာနီးပိုက်ဆံလိုတော့ သူမဆွဲကြိုးကိုရောင်းပေးခဲ့ဖူးတယ်..ကျနော်ခုမှဒါတွေဘာကြောင့်တွေးနေမိတယ်မသိပါ..ကျနော်သူမရဲ.ခရီးကို အကောင်းဆုံးဖြစ်စေချင်သပေါ့..
သူမဆိုတာ တခါက ဂျူးလိယက်လိုချောမောလှပခဲ့တဲ့ ကျနော့်အမေပါ..ယောကျာ်းရဲ.စွန်.ပစ်မှု .သားတယောက်ရဲ. လစ်လျူရှုမှုတွေကို ရင်စီးခံခဲ့ရတဲ့ အမေပါပဲဗျာ..
စောမင်းပျို (April.30.2010 )

အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Friday, February 5, 2010

ဘုရားပေးသောချစ်သူ


သာယာတဲ့တနင်္ဂနွေမနက် ဘုရားကျောင်းအပြီး ကျနော့်ရဲ.စက်ဘီးလေးကိုဆွဲအထွက် "ဒါဘယ်လဲ "
" သူငယ်ချင်းတွေဆီသွားမလို. အဖွားဆုတောင်းပေးမလို.လား."."ညည်းကလဲအေ .ဒီနေ.ညည်းအဒေါ်အိမ်မှာ မိသားစုဆုတောင်းပွဲရှိတယ် လိုက်ခဲ့နော်.".."ဟာ..အဖွားကလဲ မနက်ဖြန်ဆို စာမေးပွဲကစပြီ စာလည်းမကျက်ရသေးဘူး..လိုက်သေးဘူး..နောက်တခေါက်မှလိုက်မယ်."."လိုက်ခဲ့ပါအေ..ညည်းစားချင်တာ ကျွေးမယ်.".
"တကယ် lucky မှာမုန်.ဟင်းခါးကျွေးပြီးရင်ဆုတောင်းပေးရမယ်".."အေးပါအေ."."ဒါဆိုလိုက်မယ်.".
ကျနော်အဖွားလို.ခေါ်နေတဲ့ မိန်းမကြီးက ဖိတ်တဲ့အိမ်တိုင်းကိုလိုက်ပြီး ဘုရားရှစ်ခိုးပေးတဲ့ ကျနော့်ရဲ.ဘာသာတူမိတ်ဆွေပါ.."အန်တီ..အန်တီ.". "လာပြီ..လာပြီ..အဖွားလာပြီ ဘုရားရှစ်ခိုးဖို.လုပ်ကြ..လာ.လာ.နှင်းမှုန်လဲပါတာကို".."ကဲပါ..၀ိုင်းထိုင်ကြ ကျမ်းစာဖတ်ပြီးရင် မျက်စိမှိတ်ပြီး၅မိနစ်လောက်အာရုံခံကြမယ်.".."..........................".".ကဲ.ဘယ်သူဘာမြင်လဲပြောကြ..နှင်းမှုန်ဘာမြင်လဲ".."ဘာမှမြင်ဘူး.." ."................." "...................." "အဖွားရေမြင်ပြီ." "ဘာမြင်လဲ.."
"ပန်းခင်းကြီးတခင်းညပိုင်းလို မှုန်မှိုင်းနေတော့ အရောင်တွေဘာတွေမမြင်ရဘူး..ပန်းခင်းထဲမှာ လူတယောက်ရပ်နေတယ်..အဲဒိလူကပန်းတွေကို ကြည့်ပြီး ပန်းတပွင့်ကို ကောက်ယူလိုက်တယ်..အဲဒိလူလက်ထဲကို ပန်းလေးရောက်သွားတော့ ပန်းလေးကအရောင်တွေထွက်ပြီး ပိုကြီးလာတယ်..အဲဒိလူကလည်းပန်းလေးကို ကြင်ကြင်နာနာနဲ.စိုက်ကြည့်နေတယ်..ဒါပဲ."."ကဲ..အားလုံးနောက်ဖေးသွားကြ ဧည့်သည်လာတယ်.".."ဟုတ်သားပဲ နိုင်ငံခြားသားကလာလည်တာ မနက်ဖြန်ပြန်ကြတော့မှာလေ.."
ဧည့်သည်က တယောက်တည်းပါ..သူ.အသံက ကျနော့်နှလုံးသားကို လှုပ်နိုးပြီး သူ.မျက်နှာကို မြင်လိုက်တဲ့အချိန်မှာတော့ ဟင်!!!..ငါ့အိပ်မက်ထဲကလူပဲ.ဟုတ်ပါတယ် ကျနော်နှစ်ပေါင်းများစွာ မက်နေတဲ့ အိပ်မက်ထဲကလူပဲ..."ဒါ အန်တီတူမ ငွေနှင်းမှုန်" "ဟုတ်ကဲ့ကျနော် ဘုန်းမင်းခန်.ပါ."...ထိုစက္ကန်.ပိုင်းအတွင်း ကျနော်သူ.ကိုချစ်မိသွားပါတယ်.သို.သော် နာရီပိုင်းအတွင်းပင် သူ.ကိုစွန်.လွှတ်ရတော့မယ်..နောင်ဘယ်တော့မှ တွေ.နိုင်မည်မထင်..ကျနော့်မစွန်.လွှတ်နိုင်ပါ..ထို.အတူ သူ.မျက်လုံးထဲမှာလည်း ချစ်ရိပ်ချစ်ရောင်များမြင်တွေ.ရသောအခါ ..ကျနော်လည်းထိုသူအား ကျနော့်ကိုပေးပါလို. မျက်ရည်နဲ.မျက်ခွက် ဘုရားနားညည်းအောင် ဆုတောင်းမိပါတော့တယ်..ထိုဧည့်သည်ပြန်သွားပြီးနောက် တလပင်မပြည့် ကျနော့်အဒေါ်မှတဆင့် စာတစောင်ရောက်လာပါတယ်..သူသည်ကျနော့်အား ချစ်မိသွားသဖြင့် လက်ထပ်လိုကြောင်းပါ...ကျနော်အရမ်းပျော်သွားပါတယ်..သူနဲ.ကျနော် ၃လစာပေးစာယူ ပြီးနောက် ..သူဧ။်မိဘများကိုခေါ်ပြီး ရန်ကုန်ကိုဒုတိယံမိ ရောက်ရှိလာမှ ကျနော့်မိဘများလည်း ကျနော့်မှာရည်းစားရှိကြောင်း မင်္ဂလာဆောင်တော့မည်ဖြစ်ကြောင်း သူများပြောပြမှသိရတော့သည်..ကျနော်သူနဲ.ပတ်သက်ပြီး ဘာမှမသိပါ..ကျနော်သိတာကတော့ ကျနော်.ချစ်မေတ္တာမှန်လို. ဘုရားကပေးလိုက်တာပါပဲ..အဲဒိလိုပဲ ကျနော်နဲ.သူ.အချစ်၂ခုပေါင်းဆုံလိုက်တဲ့အချိန်မှာ ကျန်တာတွေက အလိုလိုမှေးမှိန်သွားခဲ့ပါတယ်..
Valentine's Day အတွက်အမှတ်တရ

အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Wednesday, January 20, 2010

အဖြေ

ကျနော့်ဆီကို လာလည်တဲ့သူငယ်ချင်းများထဲက တယောက်သောသူက ၀င်ကစွတ်လေးသေသွားပြီလားလို.မေးခဲ့ပါတယ်..ကျန်တဲ့သူငယ်ချင်းတွေလည်းသိချင်မှာပါ..ဟုတ်ကဲ့ သေသွားခဲ့ပါပြီ..၀င်ကစွတ်လေး၂ကောင်ရဲ.သေခြင်းက မတူပါဘူး . တကောင်ကအခွံကိုစွန်.ပြီး သေဆုံးခဲ့ပေမယ့် နောက်တကောင်ကတော့ သူသေဆုံးမယ့်နေရာကို သူကိုယ်တိုင်ရွှေးပြီး အခွံထဲကနေလုံးဝထွက်မလာပဲ အထဲမှာပဲ သေသွားရှာတာပါ..အပြင်ထွက်လာတဲ့အကောင်လေးကိုတော့ ကျနော် လွင့်ပြစ်လိုက်ပေမယ့် အခွံနဲ.အတူရှိနေတဲ့အကောင်သေလေးကိုတော့ သူကိုယ်တိုင်ရွေးချယ်ခဲ့တဲ့နေရာမှာပဲ ဒီတိုင်းထားထားပါတယ်..ကျနော် ဆုံးဖြတ်ချက်တခုချလိုက်ပါတယ်..ဘယ်တော့မှ ၀င်ကစွတ်လေးတွေရှိတဲ့ ခရုခွံလေးတွေကို မကောက်ဖို.ပေါ့....

အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Friday, January 1, 2010

နှစ်သစ်

သူငယ်ချင်းအားလုံး နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ.. ပုံကို click လုပ်ကြည့်ပါ..

အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Tuesday, December 29, 2009

အချစ်နဲ. ဒီဇင်ဘာ

ဒီဇင်ဘာရယ် အေးချမ်းလှတဲ့..ည .အ.ချိန်ခါ..
နေရာတကာမှာ နှင်းဖွေးဖွးတွေကျနေတာ
အမှောင်ကိုဖယ်ကာ လောကထဲကို အလင်းဆောင်လာ
ကယ်တင်ရှင်ဟာ မွေးဖွားခဲ့ပြီကွယ်...
ချစ်ဆွေရယ် ၀မ်းမြောက်စွာ တေးဆိုမယ် ..
(ဟာမိုနီ) တေးဆိုမယ်...
ဘုရားဂုဏ်တော် ချီးမွမ်းကာမြူးပျော်မယ်..
(ဟာမိုနီ)မြူးပျော်မယ်..
ချစ်ဆွေရယ်စိတ်ညစ်စရာဘေးကိုဖယ်
(ဟာမိုနီ)ဘေးကိုဖယ်..
ဘုရားရှင်တော်မွေးနေ.မှာကွယ်...ဘုရားရှင်တော်မွေးနေ.မှာကွယ်...
ဒီခရစ္စမတ်သီချင်းတွေဆိုပြီး ဘုရားရှင်ရဲ.မွေးနေ.ရောက်ပြီလို. သတင်းကောင်းတွေပါးခဲ့ကြတာသန်လျင် စိန်ဖရန်.စစ်ဇေးဗီးယား ဘုရားကျောင်းက လူငယ်အဖွဲ.တွေပါပဲ...စက်တင်ဘာလလောက်ကနေစပြီး သီချင်းတွေရှာကြ သီချင်းတွေတိုက်ကြနဲ. တကယ်ပျော်စရာကြီးပါ...ဖိတ်စာဖိတ်တဲ့သူတွေကလည်း အိမ်တွေကိုလိုက်ပြီးဖိတ်စာဝေနေပြီ..ဘယ်နေ.ည သီချင်းလာဆိုကြမယ်ပေါ့...
သီချင်းစဆိုတဲ့ညမှာတော့ တက်ကြွလိုက်ကြတာလူတွေအများကြီးပဲ..ညနက်လေ သီချင်းဆိုတဲ့သူနည်းလေပဲ အိပ်ချင်လို.နီးစပ်ရာ အမျိုးအိမ်မှာနေခဲ့တဲ့သူနဲ. ကားပေါ်မှာအိပ်နေခဲ့တဲ့သူနဲ. လူ၁၀ယောက်ပြည့်အောင်မနည်းနိုးနေရတယ်...သီချင်းဆိုဖို.အတက်ကြွဆုံးသူကတော့ ကျနော်ပါပဲ အသံကောင်းလွန်းလို. မဟုတ်ပါဘူး ဆိုချင်လွန်းလို.ပါ. ဂစ်တာတီးတာကတော့ကျနော့်သူငယ်ချင်းပါ...သီချင်းဆိုပြီးရင် အိမ်ရှင်တွေကမုန်းတွေကျွေး သကြားလုံးတွေ လိမ္မော်သီးတွေပေးနဲ. ကျနော် အရမ်းပျော်ခဲ့ပါတယ်...
အဲဒိလို ပျော်စရာရက်တွေကကျနော်နဲ. ကျနော့်သူငယ်ချင်းဂစ်တာသမားဆီကို ဘယ်တော့မှရောက်လာတော့မှာ မဟုတ်ပါဘူး..နှစ်သစ်ရဲ.ဒီဇင်ဘာအသစ်ကိုမရောက်ခင်မှာပဲ ကျနော့်သူငယ်ချင်း က ဆုံးသွားရှာတယ်...ကျနော်ကလည်း မြန်မာပြည်နဲ.ဝေးရာမှာ ကျနော်ခရစ္စမတ်သီချင်းသံတွေ မကြားရတော့ပါဘူး...တနင်္ဂနွေတိုင်း ဘုရားကျောင်းမှာ အသံဗြဲနဲ.ဆိုခဲ့ ဘုရားသီချင်းတွေတောင်မှ ခုဆို အသံထွက်ရုံလေးပဲ ဆိုရတော့တယ်..ကျနော်က နေရာဒေသအလိုက် သရုပ်ဆောင်နေပေမယ့် ကျနော့်စိတ်တွေကမွန်းကြပ်လှပါတယ်.. အချစ်နဲ.ဒီဇင်ဘာကို မလဲနိုင်သရွှေ. ပျော်စရာခရစ္စမတ်ဆိုတာလည်း ရှိနိုင်မယ် မထင်တော့ပါဘူး...




အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Wednesday, December 23, 2009

ပျော်ရွှင်စရာခရစ္စမတ်လေးဖြစ်ပါစေ

သူငယ်ချင်းတို.အတွက် ကျနော့်ရဲ. ခရစ္စမတ်လက်ဆောင်တွေနော်..ကြိုက်တဲ့သူ ကြိုက်တာသာ ယူသွားနော်...
ဒါက ကလေးတွေနဲ. ချော့ကလက်ကြိုက်တတ်သူတွေအတွက်နော်..အရုပ်လေးကဖြုတ်ပြီးသစ်ပင်မှာ ချိတ်လို.ရတယ်....

အားကစားလုပ်လိုသူတွေအတွက်ပါ..တင်းနစ်ရိုက်ရအောင် ယူသွားနော်..

ခါးနာ..ခါးညောင်းတတ်တဲ့သူတွေအတွက်နော်..အဲဒိပေါ်မှာကျောလေးဆန်.လိုက်ရုံပဲ..

ပန်းကန်လှလှလေးပါ...မီးဖိုချောင်အလှအပစိတ်ဝင်စားသူတွေအတွက်နော်..

ကားမောင်းရင်းဖုန်းပြောရင် အန္တရယ်များလို. ဖုန်းများများပြောတတ်တဲ့သူတွေ ယူသွားနော်..

တရုတ်စတိုင်ခရစ္စမတ်သစ်ပင်လေးပါ..ကောင်းတဲ့အဓိပ္ပာယ်ရှိတဲ့အရုပ်တွေစာတွေ အကုန်ပါတယ်..ကံကောင်းခြင်းသစ်ပင်လို.ပြောပါတယ်..

ဒါကဖြတ်ညှပ်ကပ်လုပ်ထားတဲ့ ပန်းချီကားလို.ပဲပြောရမယ်..အပြင်မှာတော်တော်လှပါတယ်.ပုံလေးကကြွပြီး အသက်ဝင်ပါတယ်..ပန်းချီကားကြိုက်တဲ့သူတွေအတွက်နော်..

ကျူရိုးနဲ.လုပ်ထားတဲ့ဦးထုပ်နဲ.ဘီးကုပ်ပါ..



ဘွန်ဇိုင်းချစ်သူတွေအတွက်နော်...


ချမ်းတာကြောက်တဲ့သူတွေအတွက်နော် လက်ရှည်လေးပါ..အဖြူရောင်လေးနဲ. အညိုလေးလဲရှိသေးတယ်..


လက်ဝတ်ရတနာများတဲ့သူတွေအတွက် ဒီဘူးက၂ဖက်လုံးသုံးလို.ရတယ်..

ဒါကတော့ကနုကမာနဲ.ခရစ်စတယ်ပေါင်းလုပ်ထားတဲ့ မှန်နဲ.နုတ်ခမ်းနီထည့်တဲ့ဘူးပါ..အလှကြိုက်သူတွေအတွက်နော်..
သူငယ်ချင်းတို.ခရစ္စမတ်မှာကောင်းချီးများစွာရပြီးနှစ်သစ်မှာ ပျော်ရွှင်ပါစေ.....
အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Thursday, November 26, 2009

Happy thanksgiving day

ကဲ ..ပျော်ပျော်ကြီး စားကြမယ်နော်....
လိုက်ဖက်မယ်ထင်လို. ၀ိုင်လေးပါစီစဉ်ထားတယ်...


ဒီတကောင်ကတော့ အိမ်သယ်သွားချင်လည်းရတယ်နော်...



ပြီးရင် ဒီလိုလေးလဲလုပ်ကြဦး..ဟား..ဟား..ဟား.ဟား..



Happy Thanksgiving day all my friends....

အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

စားကြမယ်ဟေ့ တာကီ



အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Friday, October 2, 2009

ဆုတောင်းမှားသူများ

၁၈၉၄၀န်းကျင်က အခုလိုနေ.ထူးနေ.မြတ်တွေမှာ ချစ်သူများဟာ ဘုရားကျောင်းကန်တွေကို သွားပြီးဆုတောင်းခဲ့ဘူးပါတယ်..အခုလည်း အဲဒိလိုပဲ ဆုတောင်းနေကြဦးမှာပါ...
ကြာခဲ့ပါပြီ.. မူးချောင်းလေးနံဘေး လယ်ကန်သင်းပေါ်မှာချစ်သူနှစ်ဦး တွေ.ဆုံနေကြရင်း.. "ကိုဖိုးသာရယ် ကျုပ်ကိုချစ်မှချစ်ရဲ.လားတော်. ". " မိအေးလေးကလည်း ဘယ်နှဲ.ပြောလိုက်တာလဲ ချစ်လွန်းလို. ကျုပ်အလုပ်ကြိုးစားလုပ်နေတာပေါ့..".. "အေးတော် ကျုပ်တို.မလဲ နွားတွေနဲ.ဖက်ရုန်းလာရတာ ငယ်ငယ်ကတည်းကပဲ ဘယ်တော့များကြွယ်ဝပါ့မလဲတော်ရယ်." ." ဟုတ်ပါ့မိအေးရယ် ကျုပ်မြို.ကိုသွားအလုပ်လုပ်ချင်သပါ့ ကျုပ်တို.ရွာသားတွေက စာကလဲကောင်းကောင်းမတတ်တော့ နွားနဲ.ပဲရုန်းတတ်တယ်မိအေးရယ်.".." ကျုပ်တို.ရွာဦးစေတီသွားပြီး ဆုတောင်းရအောင်လား." ." ဟုတ်ပါ့တော် ဒီနေ.သီတင်းကျွတ်လပြည့်နေ.ဆိုတော့ ကျုပ်တို.ဆုတောင်းပြည်.ချင်ပြည့်မှာတော့်.."
တိမ်တောက်ချိန်မှာ မိအေးက ကျုပ်အတွက်မင်းသမီးတပါးလိုပါပဲ. သနပ်ခါးပါးကွက်ကျားနဲ. လှချင်တိုင်းကို လှတာပါပဲ...ရွာဦးစေတီရဲ.ဆည်းလည်းသံက ကိုဖိုးသာရဲ. သောကအပူတွေကို ငြိမ်းအေးစေပါတယ်..အင်း..ဒါကြောင့်ဘုရားရိပ် တရားရိပ်ကအေးချမ်းတယ်လို.ပြောကြတာကို..." ကိုဖိုးသာ ဘာတွေစဉ်းစားနေတာတုန်းတော့ ကျုပ်တို.ဘုရားဝတ်ပြုပြီးပြန်ရအောင် မှောင်ရီစပျိုးလာပြီတော့်"..." သြော်..အေးပါကွာ...အေးပါ."..ကိုဖိုးသာဘုရားဝတ်ပြုအပြီး မိအေးကိုကြည့်ရာ မိအေးမှာဆုတောင်းဆဲပင် ..အင်း..မိန်းမတွေက ယောကျာ်းတွေထက် ဆုတောင်းစရာပိုများတယ်ထင်ပါ့.."ကိုရင်ဖိုးသာ သွားကြရအောင် တော်ဘာတွေဆုတောင်းခဲ့လည်း ".." ကျနော်ချစ်တဲ့မိအေးလေးနဲ. ဘယ်ဘ၀ရောက်ရောက် ပေါင်းသင်းရပါစေလို.ဆုတောင်းတာပေါ့.". " ကျုပ်လည်းလေ တော်နဲ.မခွဲနိုင်လို.ငှက်ဖြစ်ရင်တောင် တကိုင်းတည်းနားပါရစေလို. ဆုတောင်းတယ် ..ကျုပ်ကချမ်းသာဖို.တောင်ထပ်ဆုတောင်းလိုက်သေးတယ်..ကျုပ်နဲ.တော် ချမ်းချမ်းသာသာမြို.မှာနေရအောင်လို.ပါတော်.".." အဲဒါတွေကြောင့် မိအေးကို ဟောဒီက ကိုဖိုးသာကြီးကပိုပိုချစ်နေရတာပေါ့...ဟင်း..ဟင်း..ဟင်း..ဟင်း."." ဟိ...ဟိ."... " အား." ." ဟင် မိအေးဘာဖြစ်လို.လဲ." ." ခြေတောက်ကို ငုတ်ဆူးသွားလားမသိဘူး.နာလိုက်တာကိုရင်ရယ်." ." ပြစမ်း ကိုရင်ကြည့်ပေးမယ် ." .ကိုဖိုးသာဓာတ်လင်းမီးဖြင့် မိအေးခြေသလုံးလေးကို ကြည့်လိုက်ရာ သွေးစို.နေသောအပေါက်လေးကိုတွေ.လိုက်သည်..အကောင်ရှည်ကိုက်လိုက်ခြင်းပင်တည်း.." .မိအေးမလှုပ်နဲ.နော် အကောင်ရှည်ကိုက်သွားတာ "..ကိုဖိုးသာ ဘာလုပ်ရမည်မသိ ကန်သင်းရိုးဆိုတော့ လူနေအိမ်တွေနဲ.အတန်ဝေသေးသည်..မိအေးညည်းသံကြားလေ သူရင်တွေပူလေပင်..သူကြားဘူးနားဝရှိသည့်အတိုင်းမိအေးကို ပြုစုကြည့်သည် ဝေဒနာသည်ပို၍ဆိုးရွားလာသည်ပင်..သူမိအေးကို ထမ်းပြီးနီးရာရွာဦးကျောင်းဆီကိုဦးတည်လိုက်သည်..မောရကောင်းမှန်းသူမသိပါ..သူနှလုံးသားသည် အပြင်ကိုပေါက်ထွက်မတတ်ခုန်နေပါသည်..မောနေလို.လာ..ချစ်သူကိုပူပင်နေ၍လားသူမသိပါ...
" ဘုန်းဘုန်း ဘုရားတပည့်တော်တို.ကို ကယ်တော်မူပါ..ဘုန်းဘုန်းဘုရား..."
" ဟေ့..ဘယ်သူလဲဟ.".." ကျနော်ဖိုးသာပါဘုရား မိအေးကိုအကောင်ရှည် ကိုက်သွားလို.ပါ ဘုရား" .." ဟေ..အေးအေး ကျောင်းပေါ်တက်ခဲ့ ကပ္ပိယကြီး ဆရာဝန်လေးကိုအမြန်ခေါ်ချေစမ်းကွဲ." ။ " ဟုတ်ကဲ့ပါ ဘုရား..."
မကြာခင် ဆရာဝန်လေးရောက်လာ၍ စမ်းသပ်ရာ " လူနာကအသက်မရှိတော့ပါဘူး ဘုရား" .".ဟေ" .." ဗျာ."." ဟုတ်ပါတယ် မြွေကိုက်တုန်းက ဒီကနောင်ကြီးတခုခုများ လုပ်မိသလား.".."ဟုတ်ပါတယ် ဆရာလေးရယ် ကျုပ်ချစ်သူမိအေးကို သက်သာမလားဆိုပြီး ကိုက်တဲ့နေရာကို ဆေးလိပ်မီးနဲ.ထိုးလိုက်ခဲ့ပါတယ်ဗျာ."." မှားတာပေါ့ဗျာ.မြွေဆိပ်ဆိုတာ ပူတဲ့အမျိုးဗျ အဲဒါကိုဆေးလိပ်မီး အပူနဲ.ထိုးလိုက်တော့ မြွေဆိပ်က ပိုပြန်.သွားတာပေါ့ ..နောက်မှတ်ထားပေါ့ဗျာ."..
အဲဒိနေ.ကစပြီး ကိုဖိုးသာတယောက်ကို ဆရာဝန်လေးရဲ.ကျမ္မာရေးဟောပြောပွဲတွေမှာ အမြဲတမ်းတွေ.နိုင်ပါတယ်.......
သက္ကရာဇ် ၂၀၀၉
ဘုန်းသီဟ ဆိုသောကျနော် အပျော်သဘောနဲ.ရွှေဘိုဘက်ကရွာလေးတရွာကို ခရီးထွက်ခဲ့ပါတယ်..ရန်ကုန်မှာ လုပ်ငန်းတွေကို လက်ထောက်တွေနဲ.လွှဲပြီးထွက်လာခြင်းပေတည်း..ကျနော်အသက် ၃၀ ထိ ဒီတကြိမ်ပဲ စိတ်လွတ်လက်လွတ်ခရီးထွက်ဖူးတာပါ..ခရီးထွက်ရခြင်းကလဲ အိပ်မက်တခုကြောင့်ဆိုလဲမမှားပါဘူး..အိပ်မက်ထဲမှာ ကျနော်ကချောင်းလေး တခုဘေးက လမ်းလေးပေါ်မှာလမ်းလျှောက်နေတယ်လို. မက်နေတာ...သူငယ်ချင်းတွေကို ပြောပြတော့ သူတို.အကူအညီနဲ. ဒီနယ်ဘက်ကို ထွက်လာခြင်းပေတည်း....ရွာနားနီးလေ ကျနော်.ရင်တွေက လှပ်လှပ်လှပ်နဲ.ခုန်လေပဲ..ဘာကြောင့်လဲ ကျနော်မသိပါဘူး နေရာအသစ်ကြောင့်ဖြစ်နိုင်ပါတယ်...ရွာထဲကို ၀င်တယ်ဆိုရင်ပဲ ကျနော့်ကားနားကို ခလေး လူကြီး မရွေး
ဝိုင်းကြည့်နေကြရာ ကားနဲ.အနီးဆုံးလူအား " နောင်ကြီး ကျနော် ရွာဦးကျောင်းသွားချင်လို.ပါ..တဆိတ်လမ်းညွှန်ပေးပါခင်ဗျ." ." ဒီလမ်းတည့်တည့်သွား ညာဘက်ချိုးလိုက်ရင် ဆရာတော်ကျောင်းပါပဲ.".." ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်" ..ဆရာတော်ကြိမ်းစက်နေရာမှ ထလာရာ " ဒကာကြီးဘုန်းသီဟ ရောက်လာပကိုး ကျုပ်ကမနက်ကတည်းကရောက်မယ်ထင်နေတာ".." မှန်ပါ့ဘုရား လမ်းမှာနားနေလို.ပါဘုရား "..." အိမ်း..ကောင်းလေစွ ..ဘုန်းဘုန်းကျောင်းမှာတော့ကြိုက်သလိုနေနိုင်တယ် ဒကာ..စားစရာသောက်စရာတော့မပူနဲ. တအိမ်တက်ဆင်းလာပို.ကြလိမ့်မယ်ကွဲ. ကဲ..ဒကာလေးနားလိုက်ဦး.."
လယ်ကွင်းထဲကဖြတ်သန်းလာတဲ့လေရိုင်းတွေနဲ. ငှက်လေးတွေရဲ.တေးသီသံက ကျနော့်ကိုရန်ကုန်မပြန်အောင် ဆွဲဆောင်နေသလိုပါပဲ..ကျနော်ဒီရွာရောက်တာ တပတ်ကျော်သွားပြီ..ဘုန်းကြီးကျောင်းမှာနေပြီး ရွာမှကျွေးသောထမင်းကို စားနေခြင်းပင်တည်း...ရန်ကုန်လို ကြက်သား .၀က်သား .မစားရပေမယ့် ငပိရည်နဲ.လည်းမိန်လှပါတယ်..ကျွေးသူက စေတနာကောင်းလို.ဖြစ်မှာပေါ့...သြော်..မေ့နေလို. ကျနော်ဒီရွာရောက်တဲ့နေ.ကစပြီး အိပ်မက်မမက်တော့တာပါပဲ..ကျနော်နေရာမှန်ကိုရောက်လာလို.ဖြစ်မယ်..
" အို..အမေ့.."..ကျနော်အတွေးတွေထဲကနေလန်.နိုးသွားပါတယ်..အသံလာရာကို ကြည့်မိရာ မိန်းခလေးတယောက်ခြေခေါက်လဲနေခြင်းပါ." .ညီမလေး နာသွားလား အကိုထူပေးမယ်လေ.".
" ရပါတယ်." ."လာပါအားမနာပါနဲ. အကိုထူပေးပါမယ်..ဆရာတော်ဆီသွားမလို.လား."." ဟုတ်ကဲ"့ ..သူမလက်ဖ၀ါးလေးတွေက ကြမ်းလှသည် ..ကောက်စသမလေးမို.နေမှာပါလေ..ကျနော့ရင်တွေ ပရမ်းပတာကို ခုန်နေပါတယ်..သူမကလည်း ဆံပင်ရှည်များနဲ.မျက်နှာကို ဖုန်းကွယ်ထားရာ ကြည့်ခွင့်မသာခဲ့ပါ.." ဟဲ့..ဘာဖြစ်လာကြတာတုန်းကွဲ. " " ဆရာတော့်ကို လာဖူးရင်း ကျောင်းဝင်းထဲ ခြေခေါက်လဲလို.ပါဘုရား."..
" ဒကာလေးသြဘာရယ် ဖြစ်မှဖြစ်ရလေ...အိမ်ရောက်ရင် ဆေးလေးဘာလေးလိမ်းကွဲ." " ဟုတ်ကဲ့ပါဘုရား"
" ဧည့်သည်အတွက်ထမင်းချိုင့်ကိုတော့ ထားခဲ့ ကပ္ပိယကြီးကို ပို.ခိုင်းလိုက်မယ်.".." ဟုတ်ကဲ့ပါဘုရား.."..သူမပြန်သွားရာ ကျနော့်ရင်ထဲ ဟာတာတာနဲ.ကျန်ခဲ့ပါတယ်..".ဒကာလေးဘုန်းသီဟ " ."တင်ပါ့ဘုရား.."."စောစောနက ဒကာသြဘာက မိန်းခလေးမဟုတ်ဘူးကွဲ. အင်း ..အတိတ်ဘ၀က ကုသိုလ်ကံနည်းလို. ဒီဘ၀မှာယောကျာ်းလေးကိုယ်နဲ.မိန်းမစိတ်ဖြစ်နေရှာတာကွယ်..သူမှာ မိဘတွေမရှိရှာတော့ဘူး."." သြော်.ဒီလိုဆိုတော့လည်းသနားစရာပါပဲဘုန်းဘုန်းရဲ." ။ " အိမ်း..ဟုတ်လကွယ်."..နောက်ရက်များမတော့ ကျနော်ဘုန်းသီဟတယောက် သြဘာနားကိုရောက်ရောက်နေတတ်ပါတယ်..သြဘာကအသားညိုညိုနဲ. မိန်းခလေးလိုပဲ ချောလှပါတယ်..ရက်များကြာလာတာနဲ.အမျှ ကျနော်နဲ.သြဘာတို. သံယောဇဉ်တွေ တိုးလို.လာပါတယ်.".သြသြကိုယ်ရန်ကုန်ပြန်ရင် လိုက်ခဲ့ပါလား."." လိုက်တော့လိုက်ချင်သားပဲ ရွာမှာကကျုပ်ကိုအခြောက်မဆိုပြီး သိပ်နှိမ်ကြတာ..ဘဘုန်းကိုပြောကြည့်ပါလား..ဘဘုန်းကလိုက်ဆိုရင်လိုက်ခဲ့မှာပေါ့.".." ဟုတ်ပြီလေ ကိုယ်ပြောပေးမယ်..".
တနေ.နှင်းတွေဝေနေတဲ့တရက်မှာ အဖိုးတန်ကားတစီးကရွာကလေးကနေ ရန်ကုန်ကို ဦးတည်နေပါတယ်..ကားပေါ်ကလွင့်ကျန်ကျခဲ့တဲ့ အရာတွေကတော့ ဘုန်းသီဟနဲ.သြဘာတို.ရဲ.ပျော်ရွှင်ကြည်နူးတဲ့ ရယ်မောသံတွေပါပဲ...
....
စာရေးသူဧ။်အမြင်...
လူဆိုတာ လူပါပဲ..ယောကျာ်း ၊ မိန်းမ ဖြစ်စေ မိန်းမလျာ ၊ ယောက္ကလျာဖြစ်ဖြစ် အကုန်လုံးလူပါပဲ..ဦးဏှောက် နဲ. နှလုံးသားတခုစီ ပိုင်ဆိုင်သူတွေကြီးပါပဲ..အားလုံးတန်းတူပါပဲ ညစ်ညူးတဲ့မျက်လုံးတွေ နဲ.ကြည့်ရင်တော့ ညစ်ပတ်တာပဲ မြင်ရမှာပေါ့...ကြည်လင်တဲ့မျက်လုံးတွေနဲ. ကြည့်ကြည့်ပါ ..အရာရာကြည်လင်တောက်ပလာပါလိမ့်မယ်....
ဘယ်လိုပြင်ပြင် ..ပြင်ပေးလို.မရတဲ့ သူငယ်ချင်းဘိုဘို ( သန်လျှင် ) အတွက်ပါ...
အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Monday, September 28, 2009

အကြွေးများနဲ.အသက်ရှုခြင်း


ကျနော် မနေ.ညက ကိုကိုနဲ.အတူ လမ်းလျှောက်ထွက်ခဲ့တယ်..ည ၉နာရီဝန်းကျင်ဆိုတော့ လူသွားလူလာရှင်းတယ်လေ ..ကျနော်တို. ၂ယောက်ရှေ့က အဖွားအိုတယောက်ကတော့တုန်တုန်ရီရီနဲ. ခပ်သွက်သွက် လျှောက်လှမ်းနေပါတယ်..မီးပွိုင့်ရောက်တော့ သူမက ကျနော်တို.နဲ.ဆန်.ကျင်ဘက်

လမ်းကို ကူးဖို. ပြင်ရင်းကျန်ခဲ.လေရဲ...ကျနော်တို.လမ်းကူးပြီးလို. တဖက်ပလက်ဖောင်းအရောက်မှာ အနောက်လှည့်ကြည့်လိုက်ရာ မထင်မှတ်ပဲ အဖွားအိုက ကျနော်တို.ဘက်အခြမ်းကို လမ်းကူးလာရင်း သူမနောက်ကျသွားပါပြီ..မီးပွိုင့်စိမ်းသွားလေပြီ သူမနောက်ပြန်ဆုတ်လို.လည်း မရတော့ပါ..ရှေ့တို.ရန်လည်းမဖြစ်နိုင်တော့ပါ ...

" ကိုကို အဖွားကြီးကိုသွားကူညီပါအုံး..ဒီကိုခေါ်လာခဲ့..."

အဖွားအိုက လူကူမျဉ်းကြားကနေသွေဖယ်ပြီး ကားလမ်းမကနေဖြတ်ကူးနေပါတယ်..ကားတွေကလည်း မောင်းရမလိုလို ရပ်ရမလိုလိုနဲ.ဖြစ်ကုန်ပါတယ်..ကျနော်စိတ်မရှည်ပါ ကိုကိုဘာသွားလုပ်နေသလဲ မြန်မြန်ဆွဲပြီး ကားလမ်းကူးလိုက်ပါလား.. ကိုကိုကလမ်းလည်ကနေ ကားတွေကို လက်ပြတားထားပါတယ်..အဖွားအိုက ပလက်ဖောင်းပေါ်ရောက်သွားပါပြီ ဒါပေမယ့် ကျနော်တို.သူမကိုစိတ်မချပါ..သူမနောက်ကနေဖြည်းဖြည်းချင်း လိုက်ခဲ့ရာ နောက်မီးပွိုင်းတခုအရောက် သူမကလမ်းဖြတ်ကူးရာ ကိုကိုကတော့ကားတွေကို ကြည့်ထားပေးရတာပေါ့..သူမဘာလုပ်တယ်လို.ထင်သလဲ လမ်းတ၀က်ကနေလာရာလမ်းကို ပြန်လျှောက်လာတယ် လမ်းမပေါ်ကနေလျှောက်တာနော်...ကျနော်တို.တွေ စိတ်ပူသွားကြရင်း

" ဟိုမှာ မီးသတ်ကလူတွေရှိတယ် ကိုကိုသွားခေါ်လိုက်ဦးမယ်..အဖွားကြီးကို ကြည့်ထားနော်."..ကိုကိုကအပြေးတပိုင်းနဲ. မီးသတ်ဝန်းရှိရာကိုသွားနေတုန်း ကျနော်ကတော့ အဖွားကြီးရဲ.နောက်ကနေလိုက်နေရတုန်းပဲ...အဖွားအိုက လမ်းမပေါ်ကနေ ပလက်ဖောင်းပေါ်တက်ပြီး ခဏ ဖြုံးကနဲလဲကြသွားရာ ကျနော်အပြေးရောက်သွားရောက်သွားပြီး ဖေးမလိုက်ရာ

" ဟဲ့..ငါ့ကိုဖြေးဖြေးကိုင်ပါ......"...(နောက်ထပ်စကားတွေကိုကျနော်မမှတ်မိပါ )သူမအသံကခြင်္သေ့တကောင်အသံလိုဟိန်းထွက်လာပါတယ်..ကျနော်မထင်မှတ်ပါ သူမလိုအဖွားအိုတဦးထံကတုန်.ပြန်မှုက ပြင်းထန်လှပါတယ်..မီးသတ်သမားတွေလည်း အပြေးလေးရောက်လာရင်းသူမကို မေးကြမြန်းကြရာ သူမအကုန်မှတ်မိပါတယ်..ကျနော်သူမအနားကနေ မခွာနိုင်သေးပါ သူမနောက်တကြိမ်လဲမကျသွားစေဖို. သူမနောက်ကျောကို ကျနော်ဖေးမထားလို.ပါပဲ..သူမက မီးသတ်သမားတွေကိုလည်း အော်လိုက်ပါသေးတယ်...သူမထိုင်နိုင်တဲ့အချိန်မှာ ကျနော်တို.အိမ်ကိုပြန်လာခဲ့ရင်း

" ကိုကို ဘာလို.အဖွားကြီးကို ငါ့ဘက်ခေါ်မလာတာလဲ" ..." ငါလည်းခေါ်လာမလို.ပါ.သူကငါမေးတာလည်းမဖြေဘူး ငါကူညီမလို.ပါပြောတော့ ငါ့ကိုအော်တယ်ဟ" .." သြော်.".ကျနော်တွေးစရာရသွားပါပြီ..သူမအသက်က( ၈၀ )

ဝန်းကျင်ဆိုတော့ အိမ်မှာနေသင့်တဲ့အရွယ်ပါ..ဒီအချိန်ကြီးမှာ အပြင်ကိုဘာထွက်လုပ်သလဲ..မိသားစုကရောမသိဘူးလား..မြန်မာအဖိုး အဖွားတွေက ကံကောင်းကြပါတယ်..အသက်လေး၆၀ ကျော်လာရင် အိမ်မှာပဲ ဘာမှလုပ်စရာမလိုဘူး...နိုင်ငံခြားမှာတော့ ကိုယ့်အောက်စီဂျင်ဘူးကိုယ်သယ်ပြီး ပိုက်တန်းလန်းနဲ.ဈေးဝယ်နေတာ..အိုကြီးအိုမနဲ. အလုပ်လုပ်နေကြ သွားလာနေကြရတာ ထမင်းတလုတ်အတွက်လုပ်နေကြရာတာတွေ ကျနော်နေ.တိုင်းတွေ.ရတာ စိတ်မသက်သာပါဘူး...အကယ်၍ ကျနော်အသက်ကြီးလာပါက မြန်မာပြည်ပြန်ပြီးအေးအေးဆေးဆေး ရွာလေးတရွာမှာ နေဖို.ဆုံးဖြတ်ထားပါတယ်...ဘယ်လိုနည်းနဲ.မှနိုင်ငံရပ်ခြားမှာ အသက်မကြီးချင်ပါဘူး...နိုင်ငံခြားဆိုတာ ကျနော့်အတွက်တော့ မသေမချင်းအကြွေးဆပ်နေရတဲ့နေရာလို.ထင်ပါတယ်..အဲဒါကအမှန်တရားပါ...

အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Wednesday, September 23, 2009

မျက်ရည်များနဲ.ငြိမ်သက်ခြင်း

ပိစိကွေးလေးဆော့ဖို.၀ယ်ထားတဲ့ အသစ်စက်စက် see saw လေးပါ...

ဒါ ၀ယ်ပြီး ၃လလောက်တုန်းကပါ..သူကျနော့်ကို တခါပဲကိုက်ဖူးပါတယ်..အဲဒါကတော့ ကျနော်သူ.ကို ကလိထိုးလို.ပါ...

ချစ်စရာကောင်းလွန်းတဲ့ ပိစိကွေးလေးပါ..ရေချိုးပေးရင် မချိုးချင်ပါဘူး..

အိပ်ပျော်နေတဲ့အတိုင်းပါပဲ..


ဝယ်တုန်းကသေးသေးလေးနဲ.ချစ်စရာကောင်းလို. ပိစိကွေးလို. နာမည်ပေးထားတာပါ...

သူ.လက်ဖ၀ါးလေးက ကလေးငယ်ရဲ.လက်ဖ၀ါးလို နူးညံ့ပျော့ပြောင်းနေတုန်းပဲ..


ဒီနေ. ကျနော့စိတ်မကောင်းကြီးစွာ ငိုမိတဲ့နေ.ပါပဲ...သေခြင်းတရားဆိုတဲ့ အရာက ကျနော်ချစ်တဲ့သူတွေကို ကျနော်နဲ.ဝေးသွားအောင် လုပ်ပစ်လို.ပါပဲ..ညနေ ၄နာရီနဲ.၄၅ မိနစ်မှာ ကျနော့်ရဲ.ကြွက်ဖြူလေး သေဆုံးနေတာကို တွေ.လိုက်ရတဲ့အချိန်မှာ ကျနော့်နှလုံးသားဟာ ၀မ်းနည်းမှုတွေနဲ.ဆို.နင့် သွားပါတယ်..ကျနော်အလုပ်သွားတုန်းက သူကအကောင်းအတိုင်းပါပဲ အလုပ်ကပြန်လာတော့သေဆုံးနေတာကိုတွေ.ရတာပါ..
အခုတော့ ကျနော်သူ.ကို မြေမြုပ်သင်္ဂြုလ် ပြီးပါပြီ..

မွေးစကလေး ရင်ဝယ်ထွေးလို.
ကျနော်ပြုစုခဲ့တယ်လေ...
အချိန်တွေကြာ ရင်မှာဆတိုး
သူကတော့ ကလေးဆိုး...
ရေချိုးရင် ရုန်းကန်ခဲ့တဲ့မင်း
သေခြင်းကို ရုန်းကန်ရင်း
ငါ့ ..ရင်ခွင်ကို
ပြန်ဝင်လာခဲ့ပါ အတင်း...

ကျနော်ချစ်သောပိစိကွေး အားရည်စူး၍ အမှတ်တရ

အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Tuesday, September 15, 2009

ဝါသနာ

ဒါကျနော်မွေးထားတဲ့ငါး အနီရောင်လေးက အထီးလေး..ပျင်းနေမှာစိုးလို.အမလေးဝယ်ပေးလိုက်တာ ..ငါးမလေးက လိုက်ကိုက်လို.သိပ်မကြာဘူး ..အထီးလေးသေသွားရော..ကျနော်လေ ငါးမလေးကို အရမ်းစိတ်ဆိုးတာပဲ..ငါးမလေးကိုက်လို.တခြားငါးသေးသေးလေးတွေလည်း သေကုန်တယ်..သိပ်မကြာပါဘူး ငါးမလေးသေသွားတယ်..ကျနော်လုံးဝ စိတ်မကောင်းမဖြစ်ပါ... အနီရောင်ငါးလေးကို ကျနော်ချစ်ပါတယ်..

ငါးကန်ထဲကို လှေထည့်ပြီး အလှဆင်ကြည့်တာပါ...


ဒါငါးအနီလေးတကောင်တည်း အေးအေးဆေးဆေးနေနေတာပါ...

ဒါပထမဆုံးကျနော်စ၀ယ်တဲ့ငါးနဲ.ငါးကန်ပါ..



ငါးကြင်းလိုငါးလေးကျောကုံးမှာလိမ္မော်ရောင်အစင်းနဲ.၀ယ်တုန်းကတော့သေးသေးလေးပါ...ရိမ်းဘိုးငါးမန်း ၂ကောင်လည်းရှိပါတယ်...
နောက်နေ.တွေမှာ ဆက်ပြီးဖော်ပြပါဦးမယ်..

အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

Sunday, September 13, 2009

သူငယ်ချင်းများ

ကျနော့်ဘ၀မှာ သူငယ်ချင်းဆိုတာ အရေးကြီးပါတယ်..ကျနော့်ရဲ့အချိန်များစွာကို သူငယ်ချင်းပေါင်းများစွာက ပိုင်ဆိုင်ခဲ့ကြတယ်...ကျနော့်မှာအဖေလည်းမရှိ အမေနဲ.လည်းဘယ်တော့မှ မျက်နှာချင်းမဆိုင်တဲ့ကျနော် ( မျက်နှာချင်းဆိုင်တိုင်း ပြသနာတက်ပါတယ် ) ကို သူငယ်ချင်းတွေက ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြတယ်..အဲဒါကြောင့် ကျနော်ဒီနေ.ထိ အန္တရာယ်ကင်းကင်းနဲ. အေးချမ်းပျော်ရွှင်စွာနေထိုင်နိုင်ခဲ့တယ် ...ကျနော့်သူငယ်ချင်းတွေကို နာမည်တွေနဲ.ဖော်ပြချင်ပါတယ်..နာမည်မပါတဲ့သူငယ်ချင်းတွေတွေ.ရင် စိတ်မကောင်းဖြစ်သွားမှာစိုးလို. မဖော်ပြတော့ပါဘူး...
ကျနော် ၁၉၈၄ မြို.ဟောင်းကျောင်း သန်လျင် ၊ ၁၉၈၇ အ ထ က ( ၄ ) သန်လျင် ၊၁၉၈၈ ကျောင်းတွေပိတ်ပါတယ်..ကျောင်းတွေပြန်ဖွင့်တော့ ဗဟိုကျောင်း သန်လျင်၊ နောက် အလယ်တန်းကတော့ အ ထ က ( ၁ ) သန်လျင် ၊ ၇တန်းနှစ်မှာပဲ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်ညောင်ပင်သာရွာကို ကျောင်းသွားတက်ခဲ့ပါတယ် ။၁၉၉၅ မှာ အ ထ က ( ၃ )သန်လျင်ကို မှာတက်ရောက်ခဲ့ပါတယ်..အရှေ.ပိုင်းတက္ကသိုလ်ကို နောက်ဆုံး တက်ခဲ့ခြင်းပါ..အကယ်၍ ထိုကျောင်းပေါင်းများစွာထဲက သူငယ်ချင်းတယောက်ယောက်ကများ ဒီပို.စ်ကိုတွေ.ခဲ့ရင် ကျနော်ကို အရင်ကလိုပဲခင်ခင်မင်မင် ခေါ်ဆိုဆက်ဆံနိုင်ပါတယ်...
...
အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...