ကောင်းကင်ဘုံ နဲ. ငရဲအကြောင်းကို လူငယ်တယောက်က ဘုရားသခင်ကို မေးမြန်းခဲ့ပါတယ် ။ ဘုရားသခင်က ထိုလူငယ်ကို " လာခဲ့..ငါ မင်းကို ငရဲကို ပြမယ် "
အခန်းထဲမှာ လူတစုက ဟင်းအိုးကြီး ပတ်ပတ်လည်မှာ ထိုင်နေကြတယ်..သူတို.ဟာ အရမ်းကို ဆာလောင်မွတ်သိပ်ပြီး အစာကိုအငမ်းမရ စားချင်နေကြလေရဲ. ။ အိုးထဲက အစာတွေကို ခပ်စားနိုင်ဖို. ဇွန်းတချောင်းစီလည်း ကိုင်ထားဆဲ ဒါပေမယ့် ဇွန်းရဲ.လက်ကိုင်တွေဟာ အရမ်းကိုရှည်လွန်းပြီး ဘယ်လောက်ရှည်သလဲဆိုရင် သူတို.ရဲ.လက်တွေထက်တောင် ရှည်သတဲ့..ဒါကြောင့် အဲဒိဇွန်းနဲ. အိုးထဲကဟင်းကိုခပ်ပြီး ပါးစပ်ထဲကိုထည့်လို.မ၇ဖြစ်နေတာကြောင့် အတော်ကြီးကို စိတ်ဒုက္ခရောက်နေသတဲ့ ။
" ကဲ..လာခဲ့ ငါအခု မင်းကို ကောင်းကင်ဘုံကိုပြမယ် "ဘုရားသခင်ပြောပြီးခဏအကြာ သူတို.၂ယောက် နောက်အခန်းတခုထဲကို ၀င်ခဲ့ပါတယ်..အိုးအကြီးကြီးထဲမှာ ဟင်းတွေရယ် . ထိုင်နေတဲ့လူတစုရယ် . ဇွန်းအရှည်ကြီးတွေရယ် အားလုံးက ပထမအခန်းနဲ.ထပ်တူပါပဲ ဒါပေမယ့် ထူးခြားမှု တခုကတော့ ဒီအခန်းထဲကလူတွေအားလုံးက ကောင်းကောင်းဗိုက်ဝပြီး အားပြည့်ပျော်ရွှင်နေကြလေရဲ. ။
" ကျနော်တော့ နားမလည်နိုင်တော့ဘူး..အရာအားလုံးအတူတူဖြစ်နေပါလျှက်ဘာကြောင့် သူတို.ကပျော်နေပြီး တခြားအခန်းမှာ ကြတော့ ဘာလို.စိတ်ပျက်ဝမ်းနည်းနေကြတာလဲ.."လို.လူငယ်ကမေးလိုက်သတဲ့ ။
ဘုရားသခင်ကပြုံးပြီးပြန်ဖြေလိုက်တာကတော့ " သြော်..ဒါက လွယ်ပါတယ်ကွယ် ဒီမှာက သူတို.တယောက်နဲ.တယောက်ခွံကျွေးတဲ့နည်းကို လေ့လာမိသွားလို.ပါကွယ် "
အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...
4 comments:
ဒီဟာလေးကို အရင်ကလဲဖတ်ခဲ့ဖူးပါတယ်ဗျာ။ လူတွေ အချင်းချင်းရိုင်းပင်းကူညီလိုတဲ့ စိတ်လေးတွေ၊ အချင်းချင်း မှီခိုပြီး နေရတဲ့ အကျိုးကျေးဇူးတွေ၊ အတ္တဆိုတဲ့ ငါ့အတွက် ငါဖို့ဆိုတဲ့ အစွဲတွေ ကင်းပြီး၊ ပရဟိစိတ်လေးမွေးပေးဖို့ သရုပ်ဖော်နေသလိုပါပဲ။ သူအကျိုးဆောင်ရင် ကိုယ့်အကျိုးလဲ အောင်မြင်တယ်ဆိုတဲ့ စကားလဲ အရမ်းလိုက်ဖတ်တဲ့ ပုံပြင်လေးတစ်ခုလို့ ဆိုချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဘလော့လေးကိုလဲ အားနာပါးနာလေး လာလည်ပါအုံးလို့ ဖိတ်ကြားပါရစေ အကိုရေ၊ ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ
စိတ်ထားက အဓိကပါဘဲနော်...
Team Work ကို ဖေါ်ကျူးထားတယ်လို့ မြင်မိတယ်...ဟုတ်..။
ညီညွတ်မျှတတဲ့ လူ့အဖွဲ့အစည်း မှာနေခွင့်ရရင် လည်း ဒါဟာ ကောင်းကင်ဘုံလို့ တင်စားရမှာ ပါပဲ။
ဘာသာပြန်လေး ကောင်းတယ်
Post a Comment