Virus ကင်းရှင်းကြောင်း

Virus ကင်းရှင်းကြောင်း
virus ကင်းနယ်မြေ

Thursday, September 3, 2009

ကြီးမားဆုံးမေတ္တာ..၂

"အို..ကျေးဇူးတင်လိုက်တာ "
သူနာပြုကပြင်သစ်ဘာသာစကားဖြင့် ပြောပြီး
" မင်းနာမည် ဘယ်လိုခေါ်လဲ " ဟုဆက်မေးလိုက်ရာ " ဟန် " ဟု အဖြေထွက်လာပါသည် ။
သစ်သားစင်ပေါ်သို. ဟန်ကိုအမြန်တင်ပြီး သူဧ။်လက်မောင်းကို အရက်ပြန်ဆွတ်ကာ သွေးကြောအတွင်းသို.အပ်တချောင်း ထိုးသွင်းလိုက်ပါသည် ။ သွေးထုတ်ယူနေစဉ်တချိန်လုံး ဟန်သည် ကိုယ်ကိုတောင့်ကာ ငြိမ်သက်နေခဲ့ပါသည် ။အတန်ကြာသောအခါ ရှိုက်သံတခုထွက်ပေါ်လာပြီး ဟန် သည် လွတ်နေသော အခြားလက်တဖက်ဖြင့် မျက်နှာကိုအုပ်ထားလိုက်ပါသည် ။
" နာနေသလား ဟန်" ဟုဆရာဝန်ကမေးရာ မနာကြောင်း ဟန် က ခေါင်းရမ်းပြသည် ။သို.သော်မိနစ်အနည်းငယ် အတွင်းရှိုက်သံပေါ်ထွက်လာပြန်ရာ ဟန်က ငိုနေသည်ကိုဖုံးကွယ်ရန်ကြိုးစားခဲ့ပါသည် ။ ဆရာဝန်က" နာသလား "ဟုမေးပြန်ရာ ဟန်က ခေါင်းရမ်းပြလိုက်ပါသည် ။သို.သော် တခါတရံ ထွက်ပေါ်လာသော ရှိုက်သံများကြောင့် ဟန်တယောက် မျက်လုံးစုံမှိတ်ကာရှိုက်သံမထွက်စေရန် ပါးစပ်ကိုလက်သီးနဲ.ပိတ်ဆို.ထားလိုက်ပါသည် ။
ဆေးကုသနေသူများသည် တခုခုမှားနေပြီဖြစ်ကြောင်းသိလိုက်ရသည့်အချိန်တွင် အကူအညီပေးရန် ဗီယက်နမ်သူနာပြုဆရာမ တယောက်ရောက်လာပါသည် ။ကလေးငယ်ဧ။် သောကမျက်ရည်များကို မြင်လိုက်သောအခါ ဗီယက်နမ်စကားဖြင့်မေးမြန်းလေသည် ။အချိန်အနည်းငယ်အကြာ ကလေးမှာ အငိုတိတ်သွားပြီး သူဧ။်မျက်နှာတွင် ကျေနပ်ဝမ်းမြောက်မှုများပြည့်ဝနေလေသည်။ဗီယက်နမ်သူနာပြုမလေးသည် အမေရိကန်များအား ကောင်လေးက "သူသေတော့မယ်လို.ထင်နေတာ..ဟိုကလေးမလေးမသေအောင် သူ.ရဲ.သွေးတွေကိုအကုန်ပေးလိုက်ရလိမ့်မယ်လို. ထင်နေရှာတာ .."
ရေတပ်သူနာပြုက "ဒါဖြင့် ဘာကြောင့်သွေးလှုဖို.ဆန္ဒရှိရတာလဲ.."
ဗီယက်နမ်သူနာပြုက ကလေးအား ထိုမေးခွန်းကို ဘာသာပြန်ပေးလိုက်ရာ "သူ ( ကလေးမ ) ကကျတော့်သူငယ်ချင်းလေ" ဟုပြန်လည်ဖြေကြားလာပါတယ်..
မိမိဧ။်မိတ်ဆွေသူငယ်ချင်းများအတွက် အသက်အသေခံချင်းထက် အခြားကြီးမားသောချစ်ခြင်းမေတ္တာမရှိတော့ပေ ။


အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

2 comments:

Pwint Myue Zin said...

Wow! what a touching post. "A friend in need is a friend indeed!".

Anonymous said...

မှတ်သားစရာကောင်းတဲ့ ပို့စ်လေးပဲ.....