Virus ကင်းရှင်းကြောင်း

Virus ကင်းရှင်းကြောင်း
virus ကင်းနယ်မြေ

Tuesday, January 5, 2010

ဘ၀အစ သင်ခန်းစာများ

ကျနော့်အိမ်လေးက တခုခု ချို.ယွင်းနေတဲ့အတွက် အသစ်တင်ရင်သူငယ်ချင်းတို.ဆိုဒ်မှာ တက်မလာပါဘူး..Google မှာလဲဝက်သစ်ချအိမ်ကလေးလို.ရှာမှ အသစ်တင်ထားတာတွေ တွေ.ရပါလိမ့်မယ်.. အသစ်မျှော်နေတဲ့သူငယ်ချင်းတွေအတွက် ဘာသာပြန်တခုတင်ပေးလိုက်ပါတယ်..မှားယွင်းမှုတွေရှိရင်နားလည်ပေးပါ..

၁ ။ မင်းခန္ဓာကိုယ်တခုကို လက်ခံရလိမ့်မယ်..
အဲဒါကို မင်းနှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ မင်းဘ၀တခုလုံးအတွက် မင်းပိုင်ဆိုင်ရမယ့်အရာပဲ...

၂ ။ မင်းသင်ခန်းစာတွေ သင်ယူရလိမ့်မယ်...
ဘ၀ဆိုတဲ့ ကျောင်းကြီးမှာ အချိန်ပြည့်သင်ခန်းစာတွေသင်ဖို. မင်းစာရင်းသွင်းပြီးပြီ..မင်းရဲ.တာဝန်က အဲဒိကျောင်းကြီးမှာ နေ.တိုင်း သင်ခန်းစာတွေသင်နေဖို.ပဲ..သင်ခန်းစာတွေကို မင်းကြိုက်ချင်လည်းကြိုက်နိုင်တယ် အသုံးမကျတဲ့ မသက်ဆိုင်တဲ့ သင်ခန်းစာတွေလို.လဲ မင်းတွေးချင်တွေးနေနိုင်တာပဲ..

၃ ။ အဲဒိမှာအမှားဆိုတာမရှိဘူး..သင်ခန်းစာတခုတည်းပဲရှိတယ်...
စမ်းသပ်မှုတွေ ..ရှုံးနိမ့်ခြင်း နဲ. မင်းအဖန်တလဲလဲ လဲကျနေရင် အားမငယ်ပါနဲ. အဲဒါတွေကမင်းတိုးတက်ဖို.အတွက် သင်ခန်းစာတွေပါ ...

၎ ။ မသင်ရသေးတဲ့သင်ခန်းစာတွေက တဖန်ပြန်လာပါလိမ့်မယ်...
သင်ခန်းစာတွေက မင်းမသင်ယူမချင်း ပုံစံအမျိုးမျိုးနဲ. မင်းဆီကိုလာပါလိမ့်မယ်..မင်းသင်ယူပြီးသွားရင်တော့ နောက်သင်ခန်းစာကို မင်းသင်ဖို.အသင်ပဲပေါ့...

၅ ။ သင်ယူမှုတွေက ဘယ်တော့မှမဆုံးနိုင်ပါဘူး..
ဘ၀ရဲ.အစိတ်အပိုင်းအားလုံးက သင်ခန်းစာတွေပါပဲ..ဘ၀ကဆရာဆိုရင် မင်းကတပည့်ပါ ..မင်းအသက်ရှင်နေသရွှေ. သင်ယူနေရမှာပါပဲ...

၆ ။ လက်ရှိထက်ပိုကောင်းတာမရှိဘူးတဲ့..
မင်းလက်ရှိနေတဲ့တောင်တန်းတွေကနေ ကမ်းခြေရှိတဲ့နေရာကို ပိုသာမယ်လို.ထင်နေလိမ့်မယ်...မင်းကမ်းခြေကိုရောက်ရင် တောင်တန်းတွေနဲ.အတူတူပဲလို. သိလိမ့်မယ် အဲဒိအချိန်မှာ မင်းဟာ ကမ်းခြေထက်ပိုသာမယ်ထင်တဲ့နေရာကို ထပ်ရှာလိမ့်မယ်...

၇ ။ တခြားအရာတွေက မင်းအတွက်ကြေးမုံမျှသာ...
တစုံတယောက်ကို ချစ်သည်ဖြစ်စေ မုန်းသည်ဖြစ်စေ ..အဲဒါက မင်းကိုယ်မင်း ချစ်နေ မုန်းနေတာပဲ..မေတ္တာရောင်ပြန်ဟပ်တယ်ဆိုတာမျိုးပေါ့...

၈ ။ မင်းဘ၀မြင့်မားအောင် မင်းဘာလုပ်မှာလဲ..
ဘ၀ကမင်းလက်ထဲမှာပဲ အသုံးချတတ်ဖို.အရေးကြီးပါတယ်..ကျနော်တို.တွေက တိရိစ္ဆာန်လေးတွေထက် အားသာတဲ့အရာတွေ အများကြီးရှိပါတယ်..အပင်လေးတွေတောင် နေ .လေ .ရေ .မြေ ကိုအသုံးချပြီးကြီးထွားအောင် လုပ်ကြသေးတာပဲ..

၉ ။ မင်းလိုချင်တဲ့အဖြေက မင်းဆီမှာပဲရှိပါတယ်..
ဘ၀ကမေးလာတဲ့မေးခွန်းတွေ အားလုံးရဲ.အဖြေက မင်းဆီမှာပဲရှိတယ်..မင်းလုပ်ရမှာက ကြည့်ပါ.နားထောင်ပါ.ယုံကြည်ပါ...

၁၀ ။ ဒါတွေအားလုံးကို မင်းမေ့သွားလိမ့်မယ်..

အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

3 comments:

ahphyulay said...

နံရံ လေးဖက်ကြားထဲကနေ ရုတ်တရက် ကွင်းပြင်ကျယ်
ာကီးထဲကို တစ်ယောက်ထဲ ထွက်လာရချိန်မှာ သင်ယူ
ခဲ့ ဘူးတဲ့  သင်ခဏ်းစာ၊ပုံသေနည်းတွေလို မဟုတ်ပဲ မမျှော်လင့် 
မတွေ့ ခဲ့ ဘူးတဲ့  သင်ခဏ်းစာတွေလဲ တွေ့ ရတတ်ပါတယ်။
အဲ့ ဒီအချိန်မှာ ကိုယ်က အခြေခိုင်ခိုင်နဲ့  နေတတ် ရင်ဆိုင်
တတ်ဘို့ ပဲလိုပါတယ်လို့ ။

mama said...

ဘ၀တွေက များလိုက်တာ
မမ

မြစ်ကျိုးအင်း said...

နံပါတ် ၆ နဲ့ ၁၀ ကို သဘောကျတယ်