Virus ကင်းရှင်းကြောင်း

Virus ကင်းရှင်းကြောင်း
virus ကင်းနယ်မြေ

Sunday, April 11, 2010

အလွမ်းတိမ်

ရယ်သံတွေ ဖုံးလွှမ်းနေတဲ့ ငါ့အိမ်လေးက ခုတော့တိတ်ဆိတ်ခြောက်ကပ်နေပြီလေ...
ငါရဲ. ပျော်ရွှင်မှုတွေနဲ. အိပ်စက်ခြင်းတွေကို သေတ္တာထဲသော့ခတ် သယ်ဆောင်သွားလေတော့ ငါက သံပတ်ပျက်သွားတဲ့ အရုပ်တရုပ်နဲ.တူတူပါပဲ...
တမိနစ်ဟာ ငါ့အတွက်တနှစ်လောက်ကြာတဲ့အတွက် ၃ရက်ဆိုတာကို ငါဘယ်လိုကျော်ဖြတ်ရမလဲကွယ်..အကြောင်းအမျိုးမျိုးကြောင့် ငါတို.တွေခွဲခွာနေရမယ်ဆိုရင်တော့ တောထဲသွားနေကြရအောင်လားကွာ...
လွမ်းနေတယ်..ဟုတ်တယ် ငါမင်းကိုလွမ်းနေတယ်..
အလွမ်းတိမ်တွေကြား မြုပ်နေလိုက်တာ ဒီနေ.တနင်္ဂနွေဆိုတာတောင် မေ့သွားပြီ အချစ်ရယ်...

အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

2 comments:

SHWE ZIN U said...

တခါတလေ စိတ်တွေ ဟိုရောက်ဒီရောက် ဆိုရင် တကယ်ဘဲ ရက်တွေတောင် မေ့သွားတတ်ကြပါတယ်နော်

မိုးခါး said...

တနင်္ဂနွေကိုတော့ မမေ့ဘူးသိလား
ရုံးပိတ်ရက်မို့လို့ :P