Virus ကင်းရှင်းကြောင်း

Virus ကင်းရှင်းကြောင်း
virus ကင်းနယ်မြေ

Friday, April 30, 2010

သူမနဲ. ကျနော်...

သူမသည် ကျနော့်ငယ်စဉ်အခါက အမြဲရိုက်တတ်ဆူတတ်ပါသည်. ကျနော်သိနေပါတယ် သူမ ကျနော့်ကို မုန်းတီးနေလို. ရိုက်ခံနေရတာပေါ့..ကျနော် သူမနဲ.ဝေးရာမှာ အမြဲနေတတ်သလို သူမနဲ.ဝေးဖို.ကိုလည်း အမြဲဆုတောင်းနေမိတတ်တယ်လေ.....
အင်း..ကျနော် သူမနဲ.ဝေးနေတာ ၆နှစ်နီးပါးရှိပြီ တခါမှသတိမရမိပါ..နေကောင်းလားလည်းမမေးခဲ့..
"ဟဲ့..အ၀တ်လျှော်တဲ့သူလာပြီ.ဧည့်သည်လေး လျှော်စရာရှိရင်ပေးလေ....မအေးပါလား မ၀ိုင်းရော"
"ဒေါ်ဝိုင်းမလာနိုင်လို. ကျမလာခဲ့တာပါ.. "
ဟင်..သူမနာမည်ပါလား သူမအိမ်တကာလှည့်ပြီး အ၀တ်လျှော်နေရတယ် ဆိုပါလား..သူမရဲ.တခြားအိမ်သားတွေကရော သူမဒီလိုလုပ်နေတာ ထိုင်စားနေရက်သလား..အင်း..ဘာပဲဖြစ်ဖြစ် သူမကို လိုက်ရှာမေးမြန်းပြီး ဒီအလုပ်တွေ မလုပ်ခိုင်းမှဖြစ်မယ်..ကျနော် သူမကိုရှာဖို. အ၀တ်အစားလဲပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ်..ဆိုးလွန်းလှတဲ့လမ်းကို လျှောက်ရင်းသူမကို ဘယ်လိုရှာရမှန်းမသိပါ..ဟော ..ဟိုအိမ်ဆိုင်လေးက အဒေါ်ကြီးကို မေးကြည့်ရမယ်...
"ကြီးမေ အ၀တ်လျှော်တဲ့ ဒေါ်ဝိုင်းနေတဲ့နေရာကိုသိရင်ပြောပြပေးပါလား..."
"မ၀ိုင်းလား သူကအလုပ်စုံလုပ်တော့ လူတိုင်းသိတယ်ကွဲ. ..ကလေးကတော့သိမှာမဟုတ်ဘူး..ကြီးမေအိမ်ကကောင်မလေးတယောက်ကိုလမ်းပြခိုင်းလိုက်မယ်နော်..."
"ဟုတ်ကဲ့..ကျေးဇူးပဲ ကြီးမေ.".
ဘုရား..ဘုရား..အလုပ်စုံဆိုပါလား..သူမ မကောင်းတာတွေများလုပ်နေရော့လား...သူမဆီသွားရာလမ်းက ဆိုးရွားလွန်းပါတယ်ရွှံဗွက်တွေ ထူထပ်လို. ..သူမကိုဒီလိုနေရာမျိုးမှာတွေ.ရလိမ့်မယ်လို. ကျနော်အိပ်မက်တောင်မမက်ဖူးပါဘူး.."ကိုဖိုးထူးဒေါ်ဝိုင်းတယောက် ဘယ်မှာလဲတော့တွေ.မိလား.". "အေးဟ ဟိုတနေ.ကတော့နေမကောင်းဘူးလို.ပြောတယ် ရှေ.က ရေပုံးတွေထောင်ထားတဲ.အခန်းပဲ...".
အခန်း ...ဒါဟာအခန်းတဲ့လား အ၀မှာ စီတန်းနေတဲ့ရေပုံးတွေက သူမတအိမ်ဝင်တအိမ်ထွက် ရေလိုက်ပို.နေတယ်ဆိုတာ သက်သေခံနေသလိုပါပဲ...
ကျနော်လည်းအ၀ပိတ်နေတဲ့ ရေပုံးတပုံးကိုရေတွေသွန်ပြီးဖယ်လိုက်တဲ့အခါ သူမဟာ နွမ်းရိစွာ ကြမ်းပြင်ပေါ်မှာလဲလျောင်းနေတာတွေ.လိုက်ရပါတယ်..သူမအသားအရည် မှာနေလောင်ခံရဖန်များတော့ အဖြူရောင်ဆိုတာလုံးဝမရှိရှာတော့ပါဘူး...အခင်း..ခေါင်းအုံး..စောင်ဗလာနဲ့. ထိုကြမ်းပြင်ပေါ် သူမနေ.စဉ်အိပ်စက်နေရှာတာပါ..ကျနော်ဘယ်နည်းနဲ.မှသူမကို ဒီမှာဆက်ကြည့်မနေနိုင်တော့ပါဘူး...ကျနော်သူမကို ခေါ်လိုက်ရာ".........." သူမမျက်ဝန်းအစုံဖြည်းညှင်းစွာပွင့်လာပြီး အရည်လေးများလဲ့နေတဲ့ သူမမျက်ဝန်းမှာ ကြင်နာမှုတွေ ပြည်.၀နေသလို ၀မ်းသာမှုတွေ လည်းရှိနေရှာတယ်လေ....
သူမခြေရင်းမှာတော့ ကျနော်ရှိစဉ်က၀တ်ခဲ့တဲ့ ပန်းရောင်မိုးကာလေးပါ..သူမကို မိုးကာလေးခြုံပေးရင်း ဘာဆက်လုပ်ရမဲဆိုတာ စဉ်းစားနေမိပါတယ်.. ကျနော်ဘယ်တုန်းကမှ မရခဲ့ဘူးတဲ့ အကြင်နာတွေ သူမမှာအခုရှိနေပြီလေ...လူ၂ယောက်ကျောခြင်းကပ်ပြီးပဲအိပ်လို.ရမယ့် သူမနေရာလေးကို ကျနော်ကြည့်နေမိပါတယ်..အိုးခွက် ပုဂံ မီးဖိုတခုမှမတွေ.ပါ ..ဖရုံစေ့များနဲ. ကျနော်စုဆောင်းထားတဲ့ မဂ္ဂဇင်းများသာတွေ.ပြီး.. သူမ ဖရုံစေ့စား ရေသောက်ဗိုက်မှောက်နေသလားလို.တောင် တွေးမိပါတယ်..ကျနော် အတွေ.ထဲကလန်.နိုးချိန်မျာတော့ ကျနော့်ကို လူတွေဝိုင်းကြည့်နေတာတွေ.လိုက်ရပါတယ်..ကျနော့်ကို လမ်းပြပေးတဲ့ကောင်မလေးရဲ.မျက်နှာမှာ ၀မ်းနည်းခြင်းနဲ. သနားမှုတွေပြည့်နှက်နေပါတယ်..
"ဒေါ်ဝိုင်းက မနက်ကလေးတင်ဆုံးသွားလို. မြေမြုပ်လိုက်ပြီတဲ့..".
ဟင်..ကျနော့်လက်အောက်ကမိုးကာလေးဟာ ကြမ်းပြင်ပေါ်မှာ ပြားပြားဝပ်နေပါတယ်..မိုးကာအောက်က ကျနော်လက်တင်ထားတဲ့သူမခန္ဓာကိုယ်လေးကရော ဘယ်ရောက်သွားလဲ.......သေချာတာကတော့ သူမကျနော့ကို မျှော်နေခဲ့တာပါပဲ..သူမသေဆုံးခြင်းဟာ ကျနော့်နှလုံးသားကိုဒါးအစင်းပေါင်းများစွာနဲ.ထိုးစိုက်လိုက်သလို နာကျင်လှပါတယ်.. "ကဲ အားလုံးပဲကျနော့်ကို ကူညီပေးကြပါဦး..ဒေါ်ဝိုင်းရဲ.အလောင်းကို ပြန်ဖော်ပြီး ကောင်းကောင်းမွန်မွန်သင်္ဂြိုလ်ချင်ပါတယ်"... ဟုတ်တယ်လေ အခြေမဲ့အနေမဲ့တယောက်လို ဖျာလိပ်ပတ်ပြီး သင်္ဂြိုလ်ခံလိုက်ရတဲ့သူမကို ကျနော်လက်ပိုက်ကြည့်မနေနိုင်ပါ...ကောင်းမွန်အောင်လုပ်ပေးရမပေါ့..ပြီးရင်တော့ ကျနော် သူမရဲ.တခြားအိမ်သားတွေကို တွေ.ရပါလိမ့်မယ်..ဘာကြောင့်သူမဒီလိုဘ၀မျိုးရောက်သွားခဲ့တယ်ဆိုတာ ကျနော်သိမှာဖြစ်မှာပါ..
ကျနော့်အတွေးပုံရိပ်ထဲမှာတော့သူမသည်တခါတရံကျနော့အားစောင်နှင့်ပတ်ပြီးကလေးတယောက်လိုချီပိုးတတ်ပါတယ်..ညညကျနော်အိပ်နေရင် တိတ်တိတ်လေးမွှေးမွေးပေးတတ်ပါသေးတယ်..ကျနော်အစာအိမ်အောင့်တုန်းက လမ်းမလျှောက်နိုင်လို. ကျောပိုးပြီးဆေးခန်းကိုလိုက်ပို.ခဲ့ပါတယ် ကျနော်နိုင်ငံခြားသွားကာနီးပိုက်ဆံလိုတော့ သူမဆွဲကြိုးကိုရောင်းပေးခဲ့ဖူးတယ်..ကျနော်ခုမှဒါတွေဘာကြောင့်တွေးနေမိတယ်မသိပါ..ကျနော်သူမရဲ.ခရီးကို အကောင်းဆုံးဖြစ်စေချင်သပေါ့..
သူမဆိုတာ တခါက ဂျူးလိယက်လိုချောမောလှပခဲ့တဲ့ ကျနော့်အမေပါ..ယောကျာ်းရဲ.စွန်.ပစ်မှု .သားတယောက်ရဲ. လစ်လျူရှုမှုတွေကို ရင်စီးခံခဲ့ရတဲ့ အမေပါပဲဗျာ..
စောမင်းပျို (April.30.2010 )

အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

6 comments:

မဗေဒါ said...

ဟလို
သူမ ဆိုတဲ့ အမေအကြောင်းကို ခံစားသွားတယ်..။

အမေတွေရဲ့ သိမ်မွေ့ နူးညံ့တဲ့ မေတ္တာတွေက ပုံစံမျိုးစုံနဲ့ ကမာတည်သ၍ ရှိနေမှာပါပဲ..။

မဗေဒါ

SHWE ZIN U said...

သြ ရေးတတ်ပါပေတယ် သနားစရာလေးပါဘဲ..

အင်းဒါမျိုးတွေ လောကမှာ တကယ်ရှိနိုင်ပါတယ်..

ခင်တဲ့
ရွှေစင်

blackcoffee said...

လောကမှာ အရေးကြီးတာတွေအများကြီးပါ။အဲဒီထဲမှာမှ အမေဆိုတာက အရေးကြီးဆုံးပါပဲ။

sindecafe.com

ahphyulay said...

စာ ပြီး နာ တဲ့  စိတ်နဲ့  ပဲ ဖတ်ခဲ့ မိပါတယ် လို့ ။
တကယ် ရှိနိုင်ပါတယ် ဆို တာထက် တကယ့် 
အဖြစ် အပျက် တစ်ခု ကို ပဲ ရေးခဲ့  သလား မသိ။

မိုးခါး said...

ဟင်းးး
ဖတ်ရတာ စိတ်မကောင်းစရာပဲ
အချိန်မနှောင်းခင် မိဘကျေးဇူးဆပ်နိုင်ဖို့ သတိပေးထားသလိုပါပဲ

rose of sharon said...

အိုး... ဖတ်ပြီးစိတ်မကောင်းလိုက်တာ... ကာယကံဘယ်လောက်ခံစားနေရမလဲ တွေးရင်း ...