Virus ကင်းရှင်းကြောင်း

Virus ကင်းရှင်းကြောင်း
virus ကင်းနယ်မြေ

Monday, September 7, 2009

ဆုံးရှုံးမှုပေါ်အနိုင်ယူခြင်း ၁

ဟင်နရီဖောဆက်ရဲ.ပုံပါ...


ဒီဘာသာပြန်ဝတ္ထုတိုလေးကို မျက်စိအလင်းမရသောသူများအတွက် ခွန်အားဖြစ်စေရန် မျှဝေပေးခြင်းဖြစ်ပါတယ်..

ဟင်နရီဖောဆက်ဆိုသည့် လူငယ်တဦးရဲ.ရင်နင့်စရာ ဖြစ်ရပ်မှန်အကြောင်းက ..

တနေ.တွင် ဟင်နရီကို ဖခင်က တောလိုက်ထွက်ရာခေါ်သွားပါတယ် ။ သားအဖနှစ်ဦး အမဲလိုက်ခြင်းဖြင့် အချိန်များစွာကို ကုန်လွန်စေခဲ့သည် ။ သို.သော်မထင်မှတ်ပဲ ဖခင်ရဲ.အမှားကြောင့် သားငယ်ဧ။် မျက်စိနှစ်လုံးကို သေနတ်ထိမှန်သွားသဖြင့် မျက်ကန်းဘ၀ကို ရောက်စေခဲ့ပါတယ် ။ ထိုစဉ်က ဟင်နရီမှာ အသက်၂၀ နှစ်သာ ရှိသေးသည် ။

ထိခိုက်ဒဏ်ရာမရရှိမီက သားမှာအညွန်.တလူလူနှင့် ကြီးမားသောမျှော်လင့်ချက်များ ပြည့်ဝနေသောလူတော်တဦး ဖြစ်ပါသည် ။ ထိုထိခိုက်ဒဏ်ရာရခြင်းအတွက် လူငယ်လေးဧ။် ခါးသီးနာကျင်သော စိတ်ဓါတ်ကျဆင်းမှုများအတွက် မည်သူကမှလူငယ်လေးအား အပြစ်ပြောဆိုမည်မဟုတ်ပါ ။ ထိုအတိုင်းပင် လူငယ်လေးသည် ပထမတွင်ထင်မှတ်ခဲ့သည် ။ သို.သော်အလွန်ဆိုးရွားသော ဘ၀အခြေအနေကို ရင်ဆိုင်အောင်မြင်သွားစေပြီး တည်ငြိမ်မှုရရှိလာရန် ကူညီဖန်တီးလာသော အကြောင်းတခုပေါ်လာဧ။် ။ ထိုအကြောင်းသည်ကား လူငယ်သည်မိမိဖခင်ကို အလွန်ချစ်မြတ်နိုးပြီး ၊ မိမိဖခင်သည် မိမိအပေါ် ပြုမိခဲ့ခြင်းအတွက် သောကဖုံးလွှမ်းပြီး ရှုးမတတ်ခံစားနေရကြောင်းကို နားလည်သဘောပေါက်ခြင်းပင် ဖြစ်သည် ။

...ဆက်ရန်

အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

No comments: