Virus ကင်းရှင်းကြောင်း

Virus ကင်းရှင်းကြောင်း
virus ကင်းနယ်မြေ

Wednesday, September 23, 2009

မျက်ရည်များနဲ.ငြိမ်သက်ခြင်း

ပိစိကွေးလေးဆော့ဖို.၀ယ်ထားတဲ့ အသစ်စက်စက် see saw လေးပါ...

ဒါ ၀ယ်ပြီး ၃လလောက်တုန်းကပါ..သူကျနော့်ကို တခါပဲကိုက်ဖူးပါတယ်..အဲဒါကတော့ ကျနော်သူ.ကို ကလိထိုးလို.ပါ...

ချစ်စရာကောင်းလွန်းတဲ့ ပိစိကွေးလေးပါ..ရေချိုးပေးရင် မချိုးချင်ပါဘူး..

အိပ်ပျော်နေတဲ့အတိုင်းပါပဲ..


ဝယ်တုန်းကသေးသေးလေးနဲ.ချစ်စရာကောင်းလို. ပိစိကွေးလို. နာမည်ပေးထားတာပါ...

သူ.လက်ဖ၀ါးလေးက ကလေးငယ်ရဲ.လက်ဖ၀ါးလို နူးညံ့ပျော့ပြောင်းနေတုန်းပဲ..


ဒီနေ. ကျနော့စိတ်မကောင်းကြီးစွာ ငိုမိတဲ့နေ.ပါပဲ...သေခြင်းတရားဆိုတဲ့ အရာက ကျနော်ချစ်တဲ့သူတွေကို ကျနော်နဲ.ဝေးသွားအောင် လုပ်ပစ်လို.ပါပဲ..ညနေ ၄နာရီနဲ.၄၅ မိနစ်မှာ ကျနော့်ရဲ.ကြွက်ဖြူလေး သေဆုံးနေတာကို တွေ.လိုက်ရတဲ့အချိန်မှာ ကျနော့်နှလုံးသားဟာ ၀မ်းနည်းမှုတွေနဲ.ဆို.နင့် သွားပါတယ်..ကျနော်အလုပ်သွားတုန်းက သူကအကောင်းအတိုင်းပါပဲ အလုပ်ကပြန်လာတော့သေဆုံးနေတာကိုတွေ.ရတာပါ..
အခုတော့ ကျနော်သူ.ကို မြေမြုပ်သင်္ဂြုလ် ပြီးပါပြီ..

မွေးစကလေး ရင်ဝယ်ထွေးလို.
ကျနော်ပြုစုခဲ့တယ်လေ...
အချိန်တွေကြာ ရင်မှာဆတိုး
သူကတော့ ကလေးဆိုး...
ရေချိုးရင် ရုန်းကန်ခဲ့တဲ့မင်း
သေခြင်းကို ရုန်းကန်ရင်း
ငါ့ ..ရင်ခွင်ကို
ပြန်ဝင်လာခဲ့ပါ အတင်း...

ကျနော်ချစ်သောပိစိကွေး အားရည်စူး၍ အမှတ်တရ

အခုလိုအချိန်ပေးပြီး ဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်နော်...

2 comments:

မဆုမွန် said...

သံဃောဇဉ်က သိပ်ဖြတ်ရခက်တယ် နားလည်ခံစားပေးသွားပါတယ်ရှင်

thawzin said...

လျာရှည်လိုက်ပါအုံးမယ်ဗျာ သတ္တ၀ါလေးတွေဟာ သူတို့ပတ်ဝန်းကျင်မှာပဲ နေချင်ထိုင်ချင်ကြတာပဲလေ။ သူတို့ကို မိမိက ချစ်လို့ သပ်သပ်ရပ်ရပ်ထားပြီး လူချမ်းသာနီးပါနေရပေမယ့် အမှိုက်ပုံဘေးဟာ သူတို့အတွက် နေထိုင်ရာပါဗျာ။ သူတို့သာ စကားပြောတတ်ရင် နေချင်းလားမေးကြည့် မနေချင်ကြပါဘူး တနည်းအားဖြင့်ပြောရရင် သူတို့ကို လှောင်ပိတ်ထားခြင်းအချုပ်ချထားခြင်းတမျိုးပါပဲဗျာ ... စောစောသေသွားတော့လဲ အကုသိုလ်နည်းသွားတယ်လို့ မှတ်ယူလိုက်ပေါ့ နောင်ကြီးရေ...။ ကြောင်လေးတွေကို အိမ်မှာမွေးတာ ပြဿနာမရှိဘူး ခွေးတွေမွေးတာပြဿနာမရှိပါဘူး။ လှောင်မှုသဘော ချုပ်မှုသဘောတွေနဲ့ မွေးမြူတာ ကုသိုလ်မရတဲ့အပြင် အကုသိုလ်ရမယ် မွေးမြူခြင်းတွေပါဗျာ။ စေတနာနဲ့ပါ